တာချီလိတ်မြို့ ဘုန်းကြီးကျောင်းတွင် စစ်ကောင်စီ အုပ်စု တပ်စွဲထား

သျှမ်းပြည် အရှေ့ပိုင်း မြန်မာ-ထိုင်း နယ်စပ် တာချီလိတ်မြို့တွင် ဗုံးပေါက်ကွဲမှုဆက်တိုက်ဖြစ်ပွားမှုကြောင့် စစ်ကောင်စီအုပ်စုသည့် မြို့ပေါ်ရှိ ဘုန်းကြီးကျောင်းများ၌ တပ်စွဲထားကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ ( ဇွန် ၁၃) ရက် ညနေပိုင်းတွင် တာချီလိတ်မြို့ပေါ်ရှိ ဝမ်မိုင်ဘုန်းကြီးကျောင်း၊ အာခါ ဗုဒ္ဓကျောင်း နှင့် ပါလျံ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားကြောင်း တာချီလိတ်ဒေသခံများက သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ မနေ့ညမှာ(ဇွန်လ၁၃ ရက်) မြို့ထဲရှိတဲ့ ဝမ်မိုင်ဘုန်းကြီးကျောင်းကို ကားနှစ်စီး နဲ့ စစ်သားတွေက လာပြီး တပ်စွဲထားတာ၊ အာခါဗုဒ္ဓကျောင်းထဲမှာနဲ့ ပါလျံဘုန်း ကြီးကျောင်းကိုလည်း စစ်တပ်ကလာပြီး တပ်စွဲထား လိုက်ပြီ၊ ခရိုင်ရဲတပ်ဖွဲ့မှာ ပစ်ခတ်မှုတွေ ဖြစ်ပြီးနောက် စစ်ကောင်စီကလူငယ်တွေကိုဖမ်းသွားတာ မနည်း တော့ဘူး” ဟု ၎င်းက ပြောသည်။

တာချီလိတ်မြို့ရှိ ခရိုင်ရဲတပ်ဖွဲ့ရုံး ပစ်ခတ်ခံရပြီး ရဲတပ်ကြပ်တစ်ဦး သေဆုံးရသည့် နောက်ပိုင်းတွင် မြို့တွင်း ၌ လုံခြုံရေး အင်အားအရင်ကထက်ပိုမိုတင်းကြပ်လာပြီး လမ်းလာများကိုလည် စစ်ဆေးမှုများပြုလုပ်နေကြောင်း လည်း တာချီလိတ်ဒေသခံ များက ပြောသည်။

ယနေ့ ဇွန်လ(၁၄)ရက်နေ့ထိ တာချီလိတ်လူငယ် (၉) ဦးထက် မနည်း စစ်ကောင်စီမှ ဖမ်းဆီးသွားကြောင်း သိရသည်။

“ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးက ပစ်ခတ်ဖောက်ခွဲတွေဖြစ်ပြီးနောက် သူတို့က လုံခြုံရေးကို အများကြီးချထားတယ်၊ စစ်ဆေးမှုတွေကလည်း အရင်ကထက် များလာတော့ သွားရေးလာရေးကလည်း ခက်ခဲလာတယ်၊ သူတို့က လူတွေမထင်ရင် မထင်သလို ဖမ်းဆီးတတ်တော့ အပြင်ထွက်ရမှာတောင် ခပ်လန့်လန့်ပဲ” ဟု လည်း ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် တာချီလိတ်မြို့မှာ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများ အပါအဝင် လမ်းမကြီးနှင့် အချို့သော လမ်းကြိုလမ်းကြား ရပ်ကွက်များ၌ စစ်ကောင်စီ အုပ်စု လမ်းပိတ်ကာ စစ်ဆေးမှု ပြုလုပ်နေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲမြို့ နေရပ်ပြန်ပြည်သူများ စစ်တပ် သတ်မှတ်ပေးသည့် ဘုန်ကြီးကျောင်းအတွင်း နေထိုင်ရ

0
သျှမ်းပြည် မိုးဗြဲမြို့သို့ နေရပ်ပြန်‌သည့် ဒေသခံများကို စစ်ကောင်စီ သတ်မှတ်ပေးထားသည့် ဘုန်ကြီးကျောင်းအတွင်းသာ နေထိုင်ခွင့်ပြုကြောင်း စုံစမ်းသိရသည်။ မိုးဗြဲမြို့ကို စစ်ကော်မရှင်တပ်က ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဇူလိုင်လအတွင်း ပြန်လည် ထိန်းချုပ်နိုင်ခဲ့သည်။ ထို့နောက် နေရပ်ပြန်သည့် ဒေသခံအချို့ကိုရပ်ကွက်အတွင်းတွင်နေထိုင်ခွင့်မပြုဘဲ စစ်ကော်မရှင် သတ်မှတ်ထားသည့် ဘုန်းကြီးကျောင်းအတွင်းသာ နေထိုင်စေပြီး အပြင်ထွက်သွားလာခွင့်ကိုလည်း ကန့်သတ်ထားကြောင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...