သျှမ်းမြောက် ကလေး(၂)ဦး မိုင်းနင်းမိ၊ ဆေးကုသစရိတ် ခက်ခဲနေ

သျှမ်းပြည် မြောက်ပိုင်း နမ့်ဆန်မြို့နယ် မာမော့်ကျေးရွာ အတွင် ယမန်နေ့ (ဇွန် ၁၃)ရက် မနက် ၉ နာရီတွင် လက်ဖက်သွားခူးရာမှ အမျိုးသမီးငယ် တစ်ဦး သည် မြေမြုပ်မိုင်းနင်းမိသဖြင့် ဆေးကုရန် ခက်ခဲနေကြောင်း စုံစမ်းသိရသည်။

သျှမ်းမြောက်အတွင်း တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်း ၊ တိုင်းရင်းသားလက်နက်ကိုင် နှင့် အာဏာသိမ်း စစ်ကောင်စီ တို့ တိုက်ပွဲ မကြာခဏဖြစ်ပွားသည့်နေရာဖြစ်ရာ ယခုနောက်ပိုင်း မြေမြုပ်မိုင်းများကို ပိုပြီး အသုံးပြုလာကြောင်း ဒေသခံများ ပြောပြချက် အရသိရသည်။

“ မနေ့က သူတို့ လက်ဖက်သွားခူးရင်းနဲ့ မိုင်းနင်းမိတာ။ ဘယ်ဘက်ပေါင် မှာ ဒဏ်ရာရှိထားတယ်။ လက်ဖက်ဈေးက မရှိတော့သူတို့ မိသားစုတွေက ဆေးကုသဖို့က ခက်ခဲနေတယ်။ အခုက နမ့်တွေ့ကျေးရွာမှာ ဆေးကုသနေတယ်” ဟု နမ့်ဆန်မြို့ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

သျှမ်းမြောက် ပြည်သူများအနေဖြင့် လက်ဖက်ခူးသွားရာတွင် မလုံခြုံတော့သည့် ဘဝရောက်နေရကြောင်းလည်း နမ့်ဆန်ဒေသခံ က ပြောသည်။

“ လက်ဖက်သွားခူးတာတောင် မလုံခြုံတော့ဘူး။ ခုက ဘယ်နေရာမှ မြေမြုပ်မိုင်းတွေရှိနေသေးမလဲဆိုတာ မသိဘူး။ စိုးရိမ်ရတယ်။ တစ်နေရာသွားရင်လည်း စိတ်လွတ်လွတ်လပ်လပ်နဲ့သွားလို့မရတော့ဘူး” ဟု နမ့်ဆန်မြို့ ဒေသခံတစ်ဦးကပြောသည်။

ထိုနည်းတူ သီပေါမြို့နယ် ပန်းခါကျေးရွာတွင်လည်း မေလ (၃၀) ရက် တွင် အသက် (၁၀)နှစ် အရွယ်ရှိ ယောင်္ကျားလေး တစ်ဦးသည် နွားကျောင်းသားသွားရာ မိုင်းနင်းမိပြီး ညာဖက်ခြေတစ်ချောင်း ကျိုးသွားကြောင်း၊ လက်ရှိမှာ ကျေးသီးမြို့တွင် ဆေးကုသခံနေကြောင်း၊ ဆေးကုသစရိတ်နှင့် စားဝတ်နေရေးခက်ခဲ့နေသည်ဟု ကျေးသီးမြို့နယ် ဝမ်းစိမ်းကျေးရွာ ဒေသခံ တစ်ဦး က ပြောသည်။

“ သူတို့က ကျေးသီးဘက်မှ ဆေးလာကုသနေရတယ်။ ရောက်လာတဲ့နေ့က ခိုလမ်စစ်ဆေးရုံးမှာသွားကုပြီး ကျေးသီးဆေးရုံးမှာ ၂ ရက်ခြားတစ်ခါ သွားပြရတယ်။ စားဝတ်နေရေး နဲ့ ဆေးဖို့၊ အသွားအလား စရိတ်အတွက် အခက်ခဲရှိတာပေါ့” ဟု ကျေးသီမြို့ ဝမ်းစိမ်းကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။

ထိုဒေသတွင် တိုင်းရင်းသားလက်နက်ကိုင်းအချင်းချင်းတိုက်ပွဲများပြင်းထန်းမှုကြောင့် ပြည်သူများသည် လယ်ယာသွားရာ တွင် စိုးရိမ်းမှုများစွာ ရှိနေရကြောင်း သိရသည်။

သျှမ်းပြည်မြောက်ပိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင်း များတိုက်ပွဲဖြစ်ပွားလျက်ရှိနေသောနေရာများဖြစ်ကြောင်း၊ နမ့်ဆန်မြို့နယ်တွင် တိုင်းရင်းသားလက်နက်ကိုင်များနှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

သျှမ်းမြောက်ဒေသ KIA ဒုဗိုလ်ချုပ်ကြီးဂွမ်မော်ရောက်စဉ် MNDAA စစ်အင်အားဖြည့်

0
သျှမ်းပြည်မြောက်ပိုင်းသို့ ရောက်ရှိလာသည့် ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော် ဦးဆောင်သော အဖွဲ့သည် ဒေသခံ ပြည်သူလူထုအပြင် ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့များမှ ခေါင်းဆောင်များကိုလည်း တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။ ဧပြီလ ပထမပတ်အတွင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာနှင့် နမ့်ခမ်းမြို့သို့ ရောက်ရှိလာသည့် ကချင်လွတ်လပ်ရေးကောင်စီ KIC ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော် ဦးဆောင်သော အဖွဲ့သည် ကချင်လွတ်လပ်ရေးတပ်...

ပင်းတယ ရောက် စစ်ရှောင်အချို့ ပြန်စရာ အိမ်မရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့သို့ လာရောက် စစ်ဘေးရှောင်နေသော သျှမ်းမြောက် စစ်ရှောင်အချို့ သည် ပြန်စရာအိမ်မရှိတော့သဖြင့် ယနေ့ထိတိုင် နေရပ်မပြန်နိုင်သေးကြောင်း သတင်းရရှိသည်? စစ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တောင်းပိုင် ဖယ်ခုံ၊ မိုးဗြဲ၊ပင်လောင်းမြို့နယ်နှင့် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ သီပေါ၊ လားရှိုးတို့တွင် စစ်ကော်မရှင်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့သည်။ ထို့အပြင် စစ်ကော်မရှင်တပ်သည့် အရပ်သားနေအိမ်ကိုဉီးတည်ပြီး...

သျှမ်းမြောက်စစ်ရေးပဋိပက္ခကြား PR စနစ်ဖြင့် လွှတ်တော်ကိုယ်စားလှယ် ခွဲတမ်းရရှိရေး နိုင်ငံရေးပါတီများ မျှော်လင့်

0
သျှမ်းပြည်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် စစ်ရေးပဋိပက္ခများကြောင့် မြို့နယ်အများစုတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိသော်လည်း အချိုးကျကိုယ်စားပြု PR စနစ်ဖြင့် လွှတ်တော်ကိုယ်စားလှယ် ခွဲတမ်းရရှိရေး နိုင်ငံရေးပါတီများ မျှော်လင့်နေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင် ကျင်းပနေသည့် ၂၀၂၅-၂၀၂၆ ရွေးကောက်ပွဲတွင် ရောနှောထားသော ကိုယ်စားလှယ်အချိုးကျစနစ် (MMP) ကျင့်သုံး၍ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်/တိုင်း...

ကျောက်မဲစစ်ရှောင်နှစ်ဦး စပါးပြန်ယူစဉ် မိုင်းနင်းမိ၊ မိန်းကလေး ပွဲချင်းပြီးသေဆုံး တစ်ဦးဒဏ်ရာရ

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် တောင်ယာတဲထဲ စပါးပြန်ယူသည့် စစ်ဘေးရှောင်နှစ်ဦး မြေမြှုပ်မိုင်း နင်းမိပြီး မိန်းကလေးတစ်ဦး ပွဲချင်းပြီ သေဆုံးကာ အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာလ ၂၅ ရက် နေ့လယ် ၁ နာရီကျော်တွင် ကျောက်မဲ-မိုင်းငေါ့ လမ်းမကြီးဘေးရှိ နမ့်မန်းရွာတွင် တောင်ယာတဲထဲ စပါးပြန်ယူသည့် စစ်ဘေးရှောင်...