လားရှိုးမြို့နယ် ပြည်သူ (၆ ) ဦးကို TNLA မှဖမ်းဆီးခေါ်ဆောင်သွား

သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းကျက်ကျေးရွာအုပ်စု နားယေးကျေးရွာခံ သျှမ်းပြည်သူ ( ၆) ဦးကို တအောင်း(ပလောင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က နေအိမ်ထိလာရောက် ဖမ်းဆီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။

နာယေးကျေးရွာခံပြည်သူ ၆ ဦးကို ဇွန်လ (၁၃) ညနေ ၈ နာရီအချိန်တွင် လမ်းပြပေးရန်အတွက် ဟု ဆိုကာ နေအိမ်ထိလာရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီး ယနေ့ထိ ပြန်လည် လွှတ်မြောက်လာခြင်းမရှိသေးကြောင်း၊ ၎င်းတို့သည် မည်သည့် တပ်ဖွဲ့နှင့်မှ သက်ဆိုင်ထားခြင်းမရှိကြောင်း နားယေးကျေးရွာ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ သူတို့ ၆ ယောက်က ဘယ်တပ်ဖွဲ့နဲ့မှ မသက်ဆိုင်ဘူး။ သူတို့က သာမန်ပြည်သူတွေပဲ။ လာဖမ်းတုန်းက သူတို့ကို လာပြပေးဖို့ဆိုပြီးလာခေါ်သွားတာ။ အခုချိန်ထိ သူတို့ ၆ ယောက် ပြန်လာသေးတာမတွေ့ရသေးဘူး” ဟု ဖမ်းဆီးခံရသူများ နှင့် နီးစပ်သူတစ်ဦး က သျှမ်းသံတော်ဆင့်ကိုပြောသည်။

လက်ရှိအချိန်ထိ TNLA မှ ဖမ်းဆီးသွားသည့် အရပ်သား (၆)ဦးကို မည်သည့်နေရာခေါ်ဆောင်သွားသည်ကို မသိရှိရကြောင်း၊ မိသားစုဝင်များလည်း စိတ်ပူနေကြကြောင်းသိရသည်။

“ ဖမ်းသွားတဲ့လူတွေက (၅)ဦးကတော့ အသက် (၃၀)အောက်ပါ။ ကျန်တစ်ယောက်က အသက် (၅၅)ယောက်ပါ။ သူတို့ရဲ့ မိသားစုဝင်တွေက စိတ်ပူနေကြတယ်။ ဘယ်နေရာဆိုတာ သိရရင်တော့ စိတ်အေးတာပေါ့” နားယေး ပြည်သူ တစ်ဦးက ဆိုသည်။

ထို နားယေးကျေးရွာခံပြည်သူ ၆ ဦးဖမ်းဆီးခံရသည့် ကိစ္စနှင့်ပတ်သတ်ပြီး TNLA ပြောရေးဆိုခွင့်ရှိသူ မိုင်းအိုက်ကျော်ကို သျှမ်းသံတော်ဆင့်မှ ဖုန်းဆက်သွယ်ရာတွင် စက်ပိတ်ထားသည်။

အလားတူ နမ္မတူမြို့နယ် ရေအိုးကျေးရွာ အမျိုးသားတစ်ဦးကို မေလ ၃၀ရက်နေ့တွင် TNLA မှ ဖမ်းဆီးသွားပြီး လက်ရှိတွင် ကျန်းမားရေးအခြေနေ စိုးရိမ်နေရကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

လားရှိုးမြို့နယ် နမ့်ပေါင်ဒေသ ရေကြီး လယ်ယာများ ပျက်စီး၊ နေအိမ်ရေနစ်မြှုပ်

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် နမ့်ပေါင်ဒေသတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ချောင်းရေမြင့်တက်ကာ လယ်ကွက်များ၊ လမ်းများနှင့် နေအိမ်အချို့အတွင်း ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယမန်နေ့ (ဩဂုတ်လ ၃ ရက်) ညပိုင်းမှ ယနေ့ (ဩဂုတ်လ ၄ ရက်) နံနက်ပိုင်းအထိ နမ့်ပေါင်ဒေသတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက်...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...