TNLA မှ ဖမ်းဆီးထားသည့် ရေအိုးကျေးရွာသားတစ်ဦး ကျန်းမာရေးစိုးရိမ်နေရ

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် ချောင်းဆာကျေးရွာအုပ်စု ရေအိုးကျေးရွာတွင် တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA )မှ ဖမ်းဆီးသွားသည့် အသက် (၅၃)အရွယ်ရှိ အမျိုးသားတစ်ဦး ကျန်းမာရေး အခြေအနေ စိုးရိမ်နေရကြောင်း စုံစမ်းသိရှိရသည်။

ထိုအသက်(၅၃)နှစ်အရွယ်ရှိ ဦးထွန်းအုပ်ကို မေ (၃၀)ရက် တွင် RCSS/SSA ၏ သတင်းပေးသူဟု စွတ်စွဲကာ TNLA မှ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ဦးထွန်းအုပ်၏ သမီးဖြစ်သူက သျှမ်းသံတော်ဆင့် ကို ပြောသည်။

လက်ရှိဦးထွန်းအုပ်သည် ဖမ်းဆီးခံထားရသည့် ရက်ပေါင်း (၁၀)ရက်အတွင်း မြေကြီးပေါ်တွင် အိပ်စက်ရပြီး၊ ခန္ဓာကိုယ်ကို ကြိုးဖြင့် တုတ်နှောင်ခံထားရကြောင်း သိရသည်။

“ ကျန်းမာရေးခြေနေမကောင်းဘူး။ သူ(TNLA )တို့က အဖေ့ကို မြေကြီးပေါ်မှာအိပ်ခိုင်းတယ်။ ပြီးတော့ လည်ပင်းနဲ့ ရင်ဘတ်ကို ကြိုးတုတ်ထားတယ်။ အပြင်တွေလည်းပေးမသွားဘူး။ သူတို့ စစ်ဆေးဖို့ဆိုပြီးဖမ်းသွားတယ်” ဟု ၎င်း ၏ သမီးဖြစ်သူက သျှမ်းသံတော်ဆင့်ကိုပြောသည်။

တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် ရေအိုးကျေးရွာနေအိမ် တချို့ မီးလောင်ကျွမ်းခဲ့ရပြီး၊ ထိုထဲတွင် ဦးထွန်းအုပ်နေအိမ်အပါအဝင်ဖြစ်သည်။

ထို့ကြောင့် ဦးထွန်းအုပ်သည် မေ (၃၀)ရက် အိမ်သန့်ရှင်းရေး ပြန်လုပ်နေစဉ် TNLAမှ လာရောက်ဖမ်းဆီးသွားကြောင်း သိရသည်။

“ ကျမတို့အိမ်က မီးလောင်းဆုံးရှုံးသွားတယ်။ အိမ်သန့်ရှင်းရေးပြန်လုပ်ဖို့ဆိုပြီးရွာထဲပြန်သွားပြီး ဖမ်းခံရတာ။ ကျေးရွာဥက္ကဌ ဦးကြာယုံကို RCSS ကဖမ်းသွားတဲ့ ကိစ္စနဲ့ပတ်သတ်ပြီးတော့ ကျမရဲ့ အဖေကို လာဖမ်းသွားတယ် တကယ်တော့ ကျမအဖေက ဘာသတင်းထောက်မှလည်းမလုပ်ပေးရဘူး။” ဟု ၎င်းက ရှင်းပြသည်။
၎င်း၏ အဖေသည် မည်သည့်တပ်ဖွဲ့ကိုမှ သတင်းထောက်လုပ်ပေးခြင်းမရှိကြောင်း၊ ဦးထွန်းအုပ် ကျန်းမာရေးအခြေနေသည် အလွန်စိတ်ပူရသောကြောင့် အမြန်ဆုံးပြန်လွှတ်လာပေးရန်အတွက် သမီးဖြစ်သူက တောင်းဆိုလိုက်သည်။

TNLAမှ ဦးထွန်းအုပ်ကို ဖမ်းဆီးသွားသည့် ကိစ္စနှင့် ပတ်သက်ပြီး TNLA မှပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး မိုင်းအိုက်ကျော်ကို သျှမ်းသံတော်ဆင့် ဆက်သွယ်ခဲ့သော်လည်း ဖုန်းစက်ပိတ်ထားသည်။

နမ္မတူမြို့နယ် ပန်လုံ နှင့်ချောင်းဆာ ကျေးရွာအုပ်စုတွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် မြောက်ပိုင်းမဟာမိတ်တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားသည့်နေရာဖြစ်ပြီး၊ ထိုဒေသတွင် ပြည်သူများကို လက်နက်ကိုင် တပ်ဖွဲ့ကအပြန်အလှန် ဖမ်းဆီးမှု မကြာခဏ ပြုလုပ်နေသည့် ဒေသတစ်ခုလည်းဖြစ်သည်။
ရေအိုးကျေးရွာ ဥက္ကဌ ဦးကြာယုံ နှင့် ၎င်း ၏ သား ၂ဦးကို လွန်ခဲ့သည့် ၂လတွင် RCSS/SSA က ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ထိုနေရာတွင် တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း တိုက်ပွဲပြင်းထန်းမှုကြောင့် ပြည်သူများ ၂ လကျော် တိုက်ပွဲထွက်ပြေး တိမ်းရှောင်နေရပြီး နေအိမ် ၁၂၁ အိမ် မီးလောင်းဆုံးရှုံးခဲ့ရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...