တောင်ကြီးမြို့ ဗုံးဖောက်ခွဲသူဟု စွပ်စွဲ ဖမ်းဆီးခံရသူ ပြန်လွှတ်လာ
SHAN -
သျှမ်းပြည် တောင်ကြီးမြို့အတွင်း ဗုံးဖောက်ခွဲမှုများတွင် ပါဝင်သူဟု စွပ်စွဲခံရပြီး တစ်လကျော် ဖမ်းဆီးထိန်းသိမ်းခြင်း ခံထားရသူ ပြန်လည် လွှတ်မြောက်လာကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ ၂၀ ရက် ည ၁၀ နာရီကျော်အချိန်တွင် အင်အား ၃၀ ခန့်ရှိသည့်စစ်ကောင်စီတပ်သား များက တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက်နေ ကိုသန့်ဇင်ထွန်းကို...
ကွတ်ခိုင်မြို့နယ် ကျွဲကျောင်းသား(၂)ဦး လက်နက်ကြီးထိမိ၊ တဦးပွဲချင်းပြီးသေဆုံ
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် တာမိုးညဲမြို့ နမ့်မောကျေးရွာအုပ်စု နမ့်ဆာကျေးရွာတွင် ကျွဲကျောင်းသား (၂) ဦး လက်နက်ကြီးထိမိကာ တဦးသေဆုံးပြီး၊ တဦး ဒဏ်ရာအပြင်ထန်းရရှိကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ဇူလိုင် ၂၇ မနက် ၁၀ နာရီခန့်တွင် အသက် (၂၀) အငိုနှင့် (၁၄) နှစ်အရွယ် အယိုင်တို့သည်...
ကျောက်မဲ ပုံဝိုးဒေသရောက် စစ်ရှောင် (၁၀၀)ကျော် အကူညီလိုအပ်နေ
SHAN -
သျှမ်းမြောက် ကျောက်မဲမြို့နယ် ပုံဝိုးဒေသတွင် စစ်ဘေးရှောင်ပြည်သူ (၁၀၀)ကျော်ရှိနေပြီး ဆေးဝါးနှင့် စားဝတ်နေရေးအတွက် အခက်ခဲဖြစ်နေကြောင်း သိရသည်။ သျှမ်းတပ် (၂)တပ်တိုက်ပွဲ မကြာခဏဖြစ်ပွားသည့်အတွက် ဒေခသံများ ထိခိုက်မှာကို စိုးရိမ်သဖြင့် စစ်ရှောင် (၁၀၀)ကျော်ထွက်ပြေးလာကြကြောင်း၊ ထိုစစ်ရှောင်များသည် တာလုံနဲ့ စလောင်းကျေးရွာတွင် နေထိုင်ကြသူများ ဖြစ်ကြောင်း သရသည်။ “သျှမ်းတပ် ၂ တပ်...
ကုန်ဈေးနှုန်းမြင့်သည့်အပေါ် အခက်အခဲများစွာရင်ဆိုင်နေရ
စစ်အာဏာသိမ်းပြီးနောက် ကိုဗစ် - ၁၉ တတိယလှိုင်းဖြစ်ပွားလာပြီး စားသောက်ကုန်ဈေးနှုန်းမြင့်တက်ခြင်း၊ ကျန်းမာရေး ကုသမှု ခက်ခဲခြင်းများ ရှိသည့်အတွက် ပြည်သူများစွာ အခက်ခဲ ရင်ဆိုင်ကြုံတွေ့နေရကြောင်းစုံ စမ်းသိရသည်။ မြန်မာနိုင်ငံသည် လက်ရှိ ကူးစက်မှုနှုန်းမြန်ဆန်ပြီး သေဆုံးမှုနှှုန်းများသည့် ကိုဗစ်-၁၉ တတိယလှိုင်း ကို ပြည်သူများ ကိုယ်ထူကိုယ်ထ နေအိမ်မှာ ကုသပြီး၊...
ကျောက်မဲ ဟူးစွန်ရွာတွင် လသားအရွယ်အပါဝင် စစ်ရှောင် (၈၀)ကျော်ရောက် အခက်ခဲရှိနေ
SHAN -
သျှမ်းမြောက် ကျောက်မဲမြို့နယ် ဟူးဆွန်ကျေးရွာတွင် လသားအရွယ်ကလေးငယ်အပါအဝင် စစ်ဘေးရှောင် ပြည်သူ (၈၀)ကျော် ရောက်ရှိနေပြီး အစားအသောက်နှင့် နေထိုင်ရန် အခက်ခဲဖြစ်နေကြောင်း သိရသည်။ “ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ရက်နေ့ ညနေပိုင်း ကတည်းက ကိန်ကိုင်ရွာမှာနေတဲ့ စစ်ရှောင်တွေ စပြီး ရောက်လာတာ၊ ဒီနေ့ထိဆိုရင် (၈၁) ယောက်ရှိတယ်၊...
CDM ကျန်းမာရေးဝန်ထမ်း များကို စစ်ကောင်စီ လိုက်လံရှာဖွေနေ
SHAN -
သျှမ်းပြည် တောင်ကြီးမြို့တွင် ပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှုကို နည်းမျိုးစုံ ပေးနေသည့် လုပ်ဆောင်ပေးနေသည့် CDM ကျန်းမာရေးဝန်ထမ်းများကို စစ်ကောင်စီ လိုက်လံရှာဖွေနေကြောင်း စုံစမ်းသိရသည်။ လက်ရှိ ကိုဗစ် -၁၉ တတိယလှိုင်းတွင် ပြည်သူအများအပြားကူးစက်ခံနေရပြီး၊ သေဆုံးမှုနှုန်းမြင့်တက်လာသည့် အလျောက် CDMကျန်းမာရေးဝန်ထမ်းများသည် မိမိသက်နိုင်သည့်ဘက်မှ ပြည်သူ့ကျန်းမာရေး ကို စောင့်ရှောက်မှုပြုလုပ်နေသော်လည်း...
သိန္နီမြို့နယ် SSPP မှ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးမည့် သတင်းမှား ထွက်ပေါ်
SHAN -
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် ကျေးရွာတချို့တွင် SSPP မှ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရမည့်ဟု သတင်းထွက်ပေါ်လာ သောကြောင့် ပြည်သူများကြောက်လန့်ပြီးထွက်ပြေးနေလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။ သိန္နီမြို့နယ်တွင် ကိုဗစ် -၁၉ ကာကွယ်ဆေးကို သျှမ်းပြည်တိုးတက်ရေးပါတီSSPP/SSA လာရောက်ထိုးပေးမည်ဟု သတင်းထွက်ပေါ်လာသောကြောင့် ပြည်သူများက ထွက်ပြေးတိမ်းရှောင်နေကြသည်။ “ တချို့တွေကကြောက်ပြီး မြို့ထဲလာနေတာရှိတယ်။ တချို့ လယ်ထဲသွားနေကြတယ်။...
တောင်ကြီးမြို့ အမှိုက်ပုံအနီး ဗုံးပေါက်ကွဲ အမျိုးသမီးတစ်ဦးထိခိုက်ဒဏ်ရာရ
SHAN -
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက် ဝါးပြားလမ်းဆုံ အနီးရှိ အမှိုက်ပုံ အနီးတွင် ယမန်နေ့(ဇူလိုင် ၂၆)ရက် ညနေ ၃နာရီဝန်းကျင်တွင် ဗုံးတစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားကာ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရသွားကြောင်း သတင်းသိရသည်။ ယမန်နေ့ ဇူလိုင်လ ၂၆ ရက်နေ့ ညနေ ၃ နာရီ...
တာချီလိတ် အရပ်ဝတ်နှင့်ရဲများ သေနတ်ပစ်ပြီး လူငယ်များကို လိုက်ဖမ်း
SHAN -
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ ရပ်ကွက်တွင်းများထိ အရပ်ဝတ် ရဲများသည် ယမန်နေ့ (ဇူလိုင် ၂၆)ရက် ည ၁၀နာရီတွင် သေနတ်ပစ်ဖောက်ပြီး လူငယ်များကို လိုက်လံဖမ်းဆီးနေကြောင်း သတင်းသိရသည်။ မြန်မာ - ထိုင်း နယ်စပ်ဒေသ တာချီလိတ်မြို့ ရန်အောင်မြေ ရပ်ကွက်အတွင်းတွင် အရပ်ဝတ်ရဲများနှင့် ယူနီဖောင်းဝတ်ဆင်ထားသော ရဲတစ်ယောက်တို့က သေနတ်များပစ်ဖောက်...
ကျေးသီးတိုက်ပွဲများငြိမ်သော်လည်း မိုင်းကိုင်ဘက်ရောက်စစ်ရှောင်များ နေရပ်မပြန်နိုင်သေး
SHAN -
သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်အတွင်း တိုက်ပွဲများငြိမ်သက်သွားသော်လည်း မိုင်းကိုင်မြို့နယ်နှင့်လဲချားမြို့နယ်ဘက်သို့ တိမ်းရှောင်ခိုလှုံလာသည့် စစ်ရှောင် (၆၀၀) နီးပါး နေရပ်သို့ မပြန်နိုင်သေးကြောင်း စုံစမ်းသိရှိရသည်။ ကျေးသီးမြို့နယ်အတွင်းရှိ တိုက်ပွဲများကြောင့် မိုင်းကိုင်မြို့နယ် မိုင်းခွန်ကျေးရွာအုပ်စု နှင့် ကျေးသီးမြို့နယ် တို့ဘက်မှ ဒေသခံရွာသားများ လဲချားမြို့နယ်အထိ ရောက်ရှိစစ်ရှောင်ခိုလှုံလာကြခြင်းဖြစ်ပါသည်။ “ဘာကြောင့် သူတို့မပြန်သေးလဲဆိုတာ ကျနော်တို့လည်း...





