တရုတ်နယ်စပ်မျဉ်း မုံးကိုးမြို့ပေါ် စစ်ဘေးရှောင်များ ထပ်တိုးလာ

သျှမ်းပြည် မြောက်ပိုင်း မူဆယ်ခရိုင် မုံးကိုးမြို့နယ် ဖောင်းဆိုင်းကျေးရွာနှင့် အနီးပတ်ဝန်းကျင်တွင် တိုက်ပွဲ များ နေ့စဉ် ဖြစ်ပွားမှုကြောင့် တရုတ်နယ်စပ်မျဉ်းပေါ် မြန်မာဘက်ခြမ်း မုံးကိုး မြို့ပေါ်သို့ စစ်ဘေးရှောင်များ ထပ်မံ တိုးလာကြောင်း သတင်း သိရသည်။

ပြီးခဲ့သည့် သြဂုတ်လ ၃ ရက်နေ့မှ စတင်ကာ နေ့စဉ်နေ့တိုင်း ဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် စစ်ဘေးရှောင် ဦးရေများလည်း နေ့တိုင်းတိုးပွားလာလျက်ရှိပြီး လက်ရှိစာရင်းအရ မြန်မာ – တရုတ်နယ်စပ်ဖက် စစ်ဘေး ရှောင်သူ ဦးရေ ၁၅၀၀ ခန့်ရှိကြောင်း သိရသည်။

“တိုက်ပွဲက နေ့တိုင်းဖြစ်နေတော့ စစ်ရှောင်တွေကလည်း နေ့တိုင်းတိုးလာတယ်၊ အခုတော့ စာရင်း တိတိကျကျ မသိရသေးဘူး၊ ဒါပေမဲ့ ၁၅၀၀ ဝန်းကျင်လောက်တော့ သေချာတယ်၊ ထွက်ပြေးလာတဲ့ အိမ်ထောင်စုက ၃၀၀ နီးပါးရှိတယ်လေ” ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသည့် အသင်းမှ အဖွဲ့ဝင် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အာဏာသိမ်း စစ်ကောင်စီ နှင့် ကိုးကန့် တပ်မတော် MNDAA တို့၏ မူဆယ်ခရိုင် ပန်ဆိုင်းမြို့နယ်အတွင်း ဖြစ်ပွားသည့် တိုက်ပွဲကြောင့် ဒေသခံပြည်သူများ စစ်ဘေးတိမ်းရှောင် ထွက်ပြေးနေကြရပြီး လက်ရှိအချိန်ထိ စစ်ရေးတင်းမာမှုများ ရှိနေသောကြောင့် ဒေသခံများက နေရပ်မပြန်နိုင်သေးကြောင်းလည်း သိရသည်။

ထို့အပြင် မူဆယ်ခရိုင် မုံးကိုးမြို့နယ်အတွင်းမှလည်း တိုက်ပွဲများဖြစ်ပွားနေသည့်အတွက် မုံးကိုးမြို့ပေါ်သို့ စစ်ဘေးရှောင် ရောက်လာသည့် ဒေသခံပြည်သူများ ၆၀၀ ခန့်နီးပါးခန့် ရှိနေကြောင်းလည်း သိရသည်။

“မနေ့ကလည်း တိုက်ပွဲဖြစ်တော့ မနေ့က လာတဲ့ စစ်ဘေးရှောင်လည်း ရှိတယ်၊ ဒီနေ့လည်း စစ်ဘေးရှောင် တွေ ထပ်ရောက်လာတယ်၊ ဒါပေမဲ့ စာရင်း အတိကျတော့ မသိရသေးဘူး၊ အခုတော့ ထေရဝါဒ ဗဟိုသာသ နာပြုကျောင်းနဲ့ ကချင်ဘာသာရေးကျောင်း (KBC) နဲ့ ခရိယာန်ကျောင်းတွေမှာ ၆၀၀ လောက်ရှိနေပြီလေ” ဟု မုံးကိုးမြို့မှ ဒေသခံ လူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိမုံးကိုးမြို့ပေါ်သို့ရောက်ရှိလာသော စစ်ဘေးရှောင် များအတွက် မုံးကိုးမြို့ပေါ်ရှိ ကချင်လူငယ် ယဉ်ကျေးမှုဖွဲ့နှင့် တခြားသော အဖွဲ့အစည်းများ၊ အလှူရှင်များစုပေါင်းပြီး ကူညီထောက်ပံ့ပေးမှုများ ပေးနေသော်လည်း အချိန်ကြာလာလျှင် ခက်ခဲနိုင်ကြောင်းလည်းသိရသည်။

မုံးကိုးမြို့နယ်အတွင်း ဖြစ်ပွားသည့် စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်မတော်တို့၏ သုံးရက်တာ (သြဂုတ် ၃၁ရက်မှစတင်ကာ စက်တင်ဘာ (၁)ရက် အထိ) အပြင်းအထန် တိုက်ခိုက်ခဲ့ရသည့် တိုက်ပွဲတွင် စစ်ကောင်စီ ဘက်မှ (၂၃)ဦး ကျဆုံးကာ ကိုးကန့်တပ်ဘက်မှ (၂)ဦး ကျဆုံးခဲ့ကြောင်း ကိုးကန့် သတင်းထုတ်ထားပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီမြို့နယ် မန်မိုင်ရွာအနီး ယမ်းများပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီး

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် ယနေ့ (စက်တင်ဘာ ၈)ရက် မနက်အစောပိုင်းတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၈ ရက်) နံနက် ၅ နာရီခွဲအချိန်ခန့်တွင် မန်မိုင်ရွာအနောက်ဘက် တောအတွင်းရှိ ခြံဝင်းတစ်ခုအတွင်း...

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...