စစ်ကောင်စီ ဘုန်းကြီးကျောင်းနှင့် ရွာသားများကို အကွာအကွယ်ထားပြီး PDF ကို တိုက်ခိုက်

သျှမ်းပြည် နှင့် ကယားပြည်( ကရင်နီပြည်) စပ်ရှိ သျှမ်းတောင် ဖယ်ခုံမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားရာ အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့တို့သည် ဘုန်းကြီးကျောင်းနှင့် ရွာသားများကို အကာအကွယ်သဖွယ် ထားရှိ ပြီး PDF များကို တိုက်ခိုက်နေကြောင်း သတင်းသိရသည်။

ယမန်နေ့ စက်တင်ဘာလ ၂ ရက်နေ့ မနက် ၉ နာရီဝန်းကျင်အချိန်မှ စတင်ပြီး သျှမ်းပြည် နှင့် ကယားပြည်( ကရင်နီပြည်) စပ်ရှိ သျှမ်းတောင် ဖယ်ခုံမြို့နယ် ခေါင်အိကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီ တို့သည် ရွာနှင့် ဘုန်းကြီးကျောင်းများကို အကာအကွယ်ထားသဖွယ်ထားရှိပြီး PDF များနှင့် တိုက်ခိုက် ကြောင်း သိရသည်။

“ခေါင်းအိကျေးရွာအရှေ့ဖက်မှာ တိုက်ပွဲ စဖြစ်တယ်၊ ပြီးတော့ နေ့ခင်းပိုင်းရောက်တော့ သူတို့က ဆုတ်သွား ရတယ်၊ အဲ့ချိန်မှာ ကုန်းဆုံတော်ပေါ်ဘုရားဖက်နေ တစ်ဖွဲ့နေပြီးတော့ သူတို့အချင်းချင်း ပစ်ကူတယ်၊ အဲ့ဖက် မှာ ဘုန်းကြီးကျောင်းနဲ့ ရွာတွေရှိတယ်၊ ဆိုလိုတာက သူတို့က အဲ့အတွေကို အကာအကွယ်ယူတော့ PDF တွေဖက်ကို ဖိပြီးပစ်တာ” ဟု ဖယ်ခုံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် နီးစပ်သူ တစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

ယင်းကဲ့သို့ စစ်ကောင်စီဖက်မှ ရွာများ ဘုန်းကြီးကျောင်းများကို အကာအကွယ်ယူပြီး တိုက်ခိုက်နေသည့် အတွက် ဖယ်ခုံမြို့နယ် အတွင်း ခေါင်အိကျေးရွာနှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံ ရွာသားများ စစ်ဘေးတိမ်းရှောင်နေရကြောင်းနှင့် စစ်ပွဲပိုမိုပြင်းထန်လာပါက စစ်ရှောင်များအတွက် စားနပ်ရိက္ခာ အခက်အခဲ ရှိနိုင်ကြောင်း ကရင်နီပြည်မှ စစ်ဘေးရှောင်များကို ကူညီပေးနေသည့် အဖွဲ့မှ အသင်းသားတစ်ဦး က သျှမ်းသံတော်ဆင့်ကိုပြောသည်။

“မနေ့က (စက်တင်ဘာလ၂ ရက်) တိုက်ပွဲက ပြင်းထန်နေတော့ ည ၉ နာရီထိ ဒေသခံတွေက စစ်ဘေးကို တိမ်းရှောင်ထွက်ပြေးရတယ်၊ ပြီးတော့ သက်ကြီးရွယ်အိုနဲ့ ကလေးငယ်တွေ စုစုပေါင်းအယောက် ၆၀ ကျော်လောက် ထပ်တိုးလာတယ်၊ ခုစစ်ဘေးရှောင်စခန်းက ရိပ်က္ခာတွေက အများဆုံး ၃ ရက်စာလောက်ပဲ ရှိတော့မယ်၊ တိုက်ပွဲက ပိုပြင်းထန်လာရင်တော့ ဆေးဝါးပစ္စည်းတွေရာ စားနပ်ရိက္ခာတွေကိုရော အရေးကြီး လိုအပ်ပါတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

ယနေ့ စက်တင်ဘာလ ၃ ရက်နေ့ နံနက် ၁၁ နာရီဝန်းကျင်တွင်လည်း ခေါင်အိကျေးရွာ အနီးတိုက်ပွဲတွင် အထိနာခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့အတွက် ဖယ်ခုံမြို့ ကုန်ဆုံကျေးရွာ မှ ထိုင်တော်မူ ဘုရားဖက်သို့ ဦးတည်သွားနေသည့် စစ်ကောင်စီတပ်သားများလည်း အင်အား(၁၀၀) ကျော်ရှိနေသည့်အတွက် တိုက်ပွဲ ပိုမို ပြင်းထန်လာနိုင်သည့် အခြေအနေ ရှိကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...