Thursday, January 29, 2026

Pekhon – PDF နှင့် စစ်ကောင်စီ တိုက်ပွဲဖြစ် အထိနာသည့် စစ်ကောင်စီ လွိုင်ကော်မြို့နယ်သို့ လက်နက်ကြီး ရမ်းသမ်းပစ်

သျှမ်းပြည် နှင့် ကယားပြည်( ကရင်နီပြည်) စပ်ရှိ သျှမ်းတောင် ဖယ်ခုံမြို့နယ် အတွင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (ဖယ်ခုံ) Pekhon – PDF နှင့် အာဏာသိမ်း စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။

ထိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့သည် အထိနာရခဲ့သည့်အတွက် ညအချိန်တွင် လွိုင်ကော်မြို့ အတွင်းသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (စက်တင်ဘာလ ၁ ရက်)နေ့လည် ၂နာရီခွဲ ဝန်းကျင်တွင် ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာဖက်သို့ ခြေလျင်စစ်ကြောင်း ချီတက်လာသော စစ်ကောင်စီ တပ်သား အင်အား ၁၀၀ ခန့်သည် ခေါင်အိကျေးရွာ၏ အရှေ့ဖက် တောင်ကြောပေါ် အရောက်တွင် Pekhon -PDF များနှင့် ထိတွေ့တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ကြောင်း ဖယ်ခုံမြို့ ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူတို့က (စစ်ကောင်စီတပ်ဖွဲ့) ခေါင်းအိကျေးရွာရဲ့ အရှေ့ဖက်ကနေ ချီတက်လာတယ်၊ ရွာမရောက်ခင် တစ်ဖာလုံခွဲခန့်မှာ PDF နဲ့ထိပ်တိုက်တွေ့မိပြီးတော့ တိုက်ပွဲဖြစ်ပွားခဲ့တာ၊ တိုက်ပွဲက တစ်နာရီလောက် ကြာတယ်၊ စကစ ဖက်က အထိနာတော့ သူတို့က ဆုတ်သွားတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

Pekhon – PDF နှင့် ထိတွေ့တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီဖက်မှ တပ်သား(၂)ဦး ကျဆုံးသည့် အပြင် ထိခိုက်ဒဏ်ရာရသူများလည်း များပြားသည့်အတွက် ၎င်းတို့ဖက်မှ လက်နက်ကြီး လက်နက်ငယ် များဖြင့် ခြောက်လန့် ပစ်ခတ်ပြီး တပ်ဆုတ်သွားကြောင်း အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

ဖယ်ခုံ PDF များနှင့် တိုက်ပွဲ ဖြစ်ပွားပြီး အထိနာခဲ့သည့် စစ်ကောင်စီ တပ်ဖွဲ့များသည် ညအချိန်တွင် လွိုင်ကော်မြို့အတွင်းသို့လည်းလက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင် ဒေသခံတစ်ဦးက သျှမ်းသံတာ်ဆင့်ကို ပြောသည်။

“မနေ့ညက ၁၀ နာရီဝန်းကျင်မှာ စပစ်တာပါ၊ သေနတ်သံတွေက ရပ်ကွက်တိုင်းရဲ့ ပတ်ပတ်လည်ကို လှည့်ပြီး ပစ်နေတယ်လို့ သတိထားမိတယ်၊ အချက်ပေါင်းများစွာပဲ၊ နာရီဝက်ကျော်ကျော်လောက်ရှိမယ်၊ ထိခိုက် ပျက်စီးမှုတော့ မသိရသေးဘူး” ဟု လွိုင်ကော်မြို့နေ ဒေသခံ ပြည်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ KNDF နှင့် စစ်ကောင်စီတပ်ဖွဲ့ တို့သည် လွိုင်လင်လေးကျေးရွာဖက်တွင်လည်း တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ကောင်စီက ၎င်းတို့တပ်သား အင်အားဖြည့်တင်းမှုများ အဆက်မပြတ် ပြု လုပ်နေသော်လည်း စစ်ကောင်စီဖက်မှ အကျအရှုံးများနေကြောင်း သတင်းသိရသည်။

ကယားပြည်နယ် အတွင်းတွင် ပြီးခဲ့သည့် မေလမှစတင်ကာ စစ်ကောင်စီနှင့် KNDF တို့ကြား တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီး ဇွန်လတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရယူခဲ့သော်လည်း ဩဂုတ်လဆန်းတွင် တကျော့ပြန်တိုက်ပွဲများ ပြန်လည်ပြင်းထန်လာခဲ့ခြင်း ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...