Pekhon – PDF နှင့် စစ်ကောင်စီ တိုက်ပွဲဖြစ် အထိနာသည့် စစ်ကောင်စီ လွိုင်ကော်မြို့နယ်သို့ လက်နက်ကြီး ရမ်းသမ်းပစ်

သျှမ်းပြည် နှင့် ကယားပြည်( ကရင်နီပြည်) စပ်ရှိ သျှမ်းတောင် ဖယ်ခုံမြို့နယ် အတွင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (ဖယ်ခုံ) Pekhon – PDF နှင့် အာဏာသိမ်း စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။

ထိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့သည် အထိနာရခဲ့သည့်အတွက် ညအချိန်တွင် လွိုင်ကော်မြို့ အတွင်းသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (စက်တင်ဘာလ ၁ ရက်)နေ့လည် ၂နာရီခွဲ ဝန်းကျင်တွင် ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာဖက်သို့ ခြေလျင်စစ်ကြောင်း ချီတက်လာသော စစ်ကောင်စီ တပ်သား အင်အား ၁၀၀ ခန့်သည် ခေါင်အိကျေးရွာ၏ အရှေ့ဖက် တောင်ကြောပေါ် အရောက်တွင် Pekhon -PDF များနှင့် ထိတွေ့တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ကြောင်း ဖယ်ခုံမြို့ ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူတို့က (စစ်ကောင်စီတပ်ဖွဲ့) ခေါင်းအိကျေးရွာရဲ့ အရှေ့ဖက်ကနေ ချီတက်လာတယ်၊ ရွာမရောက်ခင် တစ်ဖာလုံခွဲခန့်မှာ PDF နဲ့ထိပ်တိုက်တွေ့မိပြီးတော့ တိုက်ပွဲဖြစ်ပွားခဲ့တာ၊ တိုက်ပွဲက တစ်နာရီလောက် ကြာတယ်၊ စကစ ဖက်က အထိနာတော့ သူတို့က ဆုတ်သွားတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

Pekhon – PDF နှင့် ထိတွေ့တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီဖက်မှ တပ်သား(၂)ဦး ကျဆုံးသည့် အပြင် ထိခိုက်ဒဏ်ရာရသူများလည်း များပြားသည့်အတွက် ၎င်းတို့ဖက်မှ လက်နက်ကြီး လက်နက်ငယ် များဖြင့် ခြောက်လန့် ပစ်ခတ်ပြီး တပ်ဆုတ်သွားကြောင်း အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

ဖယ်ခုံ PDF များနှင့် တိုက်ပွဲ ဖြစ်ပွားပြီး အထိနာခဲ့သည့် စစ်ကောင်စီ တပ်ဖွဲ့များသည် ညအချိန်တွင် လွိုင်ကော်မြို့အတွင်းသို့လည်းလက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင် ဒေသခံတစ်ဦးက သျှမ်းသံတာ်ဆင့်ကို ပြောသည်။

“မနေ့ညက ၁၀ နာရီဝန်းကျင်မှာ စပစ်တာပါ၊ သေနတ်သံတွေက ရပ်ကွက်တိုင်းရဲ့ ပတ်ပတ်လည်ကို လှည့်ပြီး ပစ်နေတယ်လို့ သတိထားမိတယ်၊ အချက်ပေါင်းများစွာပဲ၊ နာရီဝက်ကျော်ကျော်လောက်ရှိမယ်၊ ထိခိုက် ပျက်စီးမှုတော့ မသိရသေးဘူး” ဟု လွိုင်ကော်မြို့နေ ဒေသခံ ပြည်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ KNDF နှင့် စစ်ကောင်စီတပ်ဖွဲ့ တို့သည် လွိုင်လင်လေးကျေးရွာဖက်တွင်လည်း တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ကောင်စီက ၎င်းတို့တပ်သား အင်အားဖြည့်တင်းမှုများ အဆက်မပြတ် ပြု လုပ်နေသော်လည်း စစ်ကောင်စီဖက်မှ အကျအရှုံးများနေကြောင်း သတင်းသိရသည်။

ကယားပြည်နယ် အတွင်းတွင် ပြီးခဲ့သည့် မေလမှစတင်ကာ စစ်ကောင်စီနှင့် KNDF တို့ကြား တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီး ဇွန်လတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရယူခဲ့သော်လည်း ဩဂုတ်လဆန်းတွင် တကျော့ပြန်တိုက်ပွဲများ ပြန်လည်ပြင်းထန်လာခဲ့ခြင်း ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...