CATEGORY

လူ့အခွင့်အရေး

နိုင်ငံရေး လှုပ်ရှားမှုမရှိသည့် လူငယ်တစ်ဦး ကို စစ်ကောင်စီက အကြောင်းမဲ့ ဖမ်းဆီး

သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့တွင် နိုင်ငံရေးလှုပ်ရှားမှုနှင့် စစ်အာဏာရှင်လှုပ်ရှားမှုများတွင် ပါဝင်ခြင်း မရှိသည့် လူငယ် တစ်ဦးကို အာဏာသိမ်း စစ်ကောင်စီမှ ရိုက်နှက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းသိရသည်။ မြေပြင်တွင် နိုင်ငံရေး လှုပ်ရှားမှု မရှိရုံသာမက ဆိုရှယ်မီဒီယာအွန်လိုင်းပေါ်မှာလည်း နိုင်ငံရေးနှင့် ပက်သက် သော အကြောင်းအရာ တင်ခြင်းများလည်း မရှိသည့်...

တောင်လေးလုံးထောင်ရောက် မတရားဖမ်းခံရသည့်အမျိုးသမီး ယနေ့ထိ အမိန့်မချမှတ်သေး

နွေဦးတော်လှန်ရေး ကာလအတွင်း စစ်ကောင်စီက မတရားဖမ်းဆီးထားသည့် တောင်လေးလုံးထောင်ရောက်နေသည့် အမျိုးသမီးသည် ရုံးချိန်း (၁၀) ကြိမ်ခန့်တက်ပြီးသော်လည်း အမိန့်ချမှတ်မှု မရှိသေးကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ ဖမ်းဆီးခံရသည့် အမျိုးသမီးသည် ဆန္̔ဒပြမှုမှာ ပါဝင်ခြင်း မရှိခြင်း၊ နိုင်ငံရေး လှုပ်ရှားသူ မဟုတ်ဘဲ မတ်လက လာရောက်ဖမ်းဆီးသွားပြီး ယနေ့ချိန်ထိ ရုံးချိန်း...

NUG မှ အရေးပေါ်ကြေညာ ပြီးနောက် သျှမ်းပြည် မြို့ကြီး တချို့ စစ်ဆေးမှုများတင်းကြပ်နေ

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယနေ့ (စက်တင်ဘာ ၇)ရက် စစ်အာဏာရှင် ချေမှုန်းရေး အတွက် အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာလိုက်လိုက်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ မှ သျှမ်းပြည်မြို့ကြီး တချို့တွင် စစ်ဆေးမှုများ တင်းကြပ်စွာ ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ စစ်ကောင်စီ၏ စစ်သားနှင့် ရဲများသည် ယနေ့ (စက်တင်ဘာ ၇) ရက်...

လွိုင်ကော်မြို့နယ် စစ်ကောင်စီမှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်နေ

ကရင်နီပြည် လွိုင်ကော်မြို့နယ်တွင် ယနေ့ စက်တင်ဘာလ ၉ ရက်နေ့ ၃ နာရီ ဝန်းကျင် အချိန်တွင် စစ်ကောင်စီမှ လက်နက်ကြီး လက်နက်များစွာတို့ဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း သတင်းသိရသည်။ ယနေ့ စက်တင်ဘာလ ၉ ရက်နေ့ မွန်းလွဲပိုင်း ၃ နာရီအချိန်တွင် လွိုင်ကော်မြို့နယ်ရှိ ဒေါပိုးစီကျေးရွာတွင် စစ်ကောင်စီတို့သည်...

ကျောက်မဲ မန်ခါစစ်ရှောင် (၁၁) ဦး ကိုဗစ် ပိုးတွေ့

သျှမ်းမြောက် ကျောက်မဲမြို့ မန်ခါဘုန်းကြီးကျောင်းစစ်ရှောင်စခန်းတွင် စက်တင်ဘာလ (၆)ရက် ယမန်နေ့က ကိုဗစ်ပိုး ကူးစက်ခံရသူ (၁၁)ဦး တွေ့ရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ထိုစစ်ရှောင်များသည် မန်ခါစစ်ရှောင်စခန်းသို့ သြဂုတ်လကုန်ပိုင်းတွင် ရောက်ရှိလာသူများဖြစ်ပြီး၊ စစ်ရှောင် တွင် (၂၆၀)ကျော်ရှိပြီး ကျန်ရှိသည့် စစ်ဘေးရှောင်များအား ယနေ့တွင် ကိုဗစ်စစ်ဆေးသွားမှာဖြစ်ကြောင်း သိရသည်။ “မနေ့က မန်ခါစစ်ရှောင်စခန်းကနေ (၁၁)ယောက်...

သျှမ်းပြည်တဝှမ်း ကိုဗစ်-၁၉ ကာလ တွင် ခိုး၊ လုယက်မှုများပြားလား

သျှမ်းပြည်တဝှမ်း ကိုဗစ် -၁၉ ကာလတွင် ဆိုင်ကယ်ခိုးယူလုယက်မှု ယခင်ထက်ပိုများပြား လာကြောင်း စုံစမ်းသိရှိရသည်။ ယမန့်နေ့ စက်တင်ဘာ ၅ ရက် သျှမ်းမြောက်လာရှိုးမြို့တွင်လည်း ဆိုင်ကယ်ခိုးယူလုယက်ခဲ့ပြီး ပြည်သူတဦး ဓားဖြင့် ခေါင်းကို ခုတ်ခံထားရကြောင်းသိရသည်။ “ ခုတလော ခိုးယူတာမဟုတ်တော့ဘူး။ ဓားနဲပါခုတ်ပြီး လုယူသွားတာ။ အရင်ထက်ပိုဆိုးတယ်။ မနေ့ကလည်း လူငယ်ပဲထင်တယ်။...

တာချီလိတ်မတရားသိမ်းယူထားသည့် နေရာ UWSA ပိုင် ကုမ္ပဏီ ထပ်မံမြေညှိ

သျှမ်းရှေ့ တာချီလိတ်မြို့နယ် ဟောင်လိတ်ကျေးရွာအုပ်စု ဝမ်ဟောင်ရွာအတွင်း ယနေ့ (စက်တင်ဘာ ၆)ရက် မနက်ပိုင်းတွင် မတရားသိမ်းယူခံရသည့် နေရာတွင် UWSA ပိုင် ဟုန်ပန်းကုမ္ပဏီက မြေညှိခြင်း ထပ်မံပြုလုပ်ကြောင်း သတင်းရရှိသည်။ ထိုဒေသတွင် UWSA ပိုင် ဟုန်ပန်းကုမ္ပဏီက မြေတူးစက် (၂)စီး၊ လူအင်အား (၆၀)ဝန်းကျင်ဖြင့် လာရောက်ကာ...

ကျောက်မဲမြို့နယ် ကျေးရွာထဲ တပ်ပေါင်းစု နေထိုင် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် လွယ်ကုန် ကျေးရွာအုပ်စုထဲတွင် တပ်ပေါင်းစုဖြစ်သည့် TNLA နှင့် SSPP/SSA တို့ သွားရောက်နေထိုင်နေ သဖြင့် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စုံစမ်းသိရှိသည်။ ထိုတပ်သားများ သွားရောက်နေထိုင်နေသောကြောင့် ပြည်သူများ တချို့ ကြောက်လန့်ပြီး ကျောက်မဲမြို့ဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း သိရသည်။ “ သူတို့ရွာထဲနေနေတယ်။ ရွာထဲမှာတော့ လူတွေသိပ်မရှိတော့ဘူး။...

အာဏာသိမ်းပြီး (၇) လကြာ မြန်မာကျပ်ငွေဈေးတန်ဖိုး ကျဆင်း၊ ကုန်ဈေးနှုန်းမြင့်တက်

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီး (၇) လအကြာတွင် သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် တရုတ်ငွေလှဲလှယ်မှုနှုန်း သည် ငွေကျပ် (၁) သိန်းကို တရုတ်ယွမ် (၃၅၀) သာရရှိကာ မြန်မာငွေဈေး ကျဆင်းလာခဲ့ကြောင်း သိရသည်။ ထိုသို့မြန်မာငွေကျဆင်းလာသည့် အပြင် ကုန်စည်စီးဆင်းမှုကို တရုတ်နိုင်ငံဘက်က လမ်းများကိုပိတ်ထားသောကြောင့် မြန်မာနိုင်ငံတွင်းရှိ ကုန်ဈေးနှုန်း တချို့က...

စစ်ကောင်စီ တပ်သားများ လဲချားမြို့နယ် အတွင်း ဝင်ရောက် ရှာဖွေမှုပြုလုပ်

သျှမ်းပြည်တောင်ပိုင်း လဲချားမြို့နယ် ဝမ်ယိမ်းကျေးရွာအတွင်း စစ်ကောင်စီ တပ်သားများက ကျေးရွာအတွင်း ဝင်ရောက် ရှာဖွေမှုများ ပြုလုပ်သဖြင့် ရွာသားများ စိုးရိမ်ကြကြောင်း စုံစမ်းသိရှိရသည်။ စက်တင်ဘာ (၄) ရက်နေ့က အင်အား (၇၀) ခန့်ရှိသည့် စစ်ကောင်စီတပ်သည် ၎င်းတို့ တပ်သား ထွက်ပြေးလာသည်ဟု ဆိုကာ ကျေးရွာအတွင်း ဝင်ရောက်ရှာဖွေမှု...

Latest news