NUG မှ အရေးပေါ်ကြေညာ ပြီးနောက် သျှမ်းပြည် မြို့ကြီး တချို့ စစ်ဆေးမှုများတင်းကြပ်နေ

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယနေ့ (စက်တင်ဘာ ၇)ရက် စစ်အာဏာရှင် ချေမှုန်းရေး အတွက် အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာလိုက်လိုက်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ မှ သျှမ်းပြည်မြို့ကြီး တချို့တွင် စစ်ဆေးမှုများ တင်းကြပ်စွာ ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။

စစ်ကောင်စီ၏ စစ်သားနှင့် ရဲများသည် ယနေ့ (စက်တင်ဘာ ၇) ရက် မနက်ပိုင်းတွင် တောင်ကြီးမြို့ ပြည်သူများ၊ ဈေးရောင်း၊ဈေးဝယ်သူများ ယာဉ်များကို အတင်းအကြပ်တားပြီး စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း တောင်ကြီးမြို့ခံတစ်ဦးက ပြောသည်။

“ဒီနေ့ မနက်မှာ ဈေးဝယ်တဲ့သူတွေကလည်း များတော့ လမ်းသွားလမ်းလာတွေကလည်း များတယ်၊ NUG ကလည်း အရေးပေါ် အခြေအနေ ကြေညာချက် ထုတ်ပြန်ထားတယ်ဆိုတော့ ပစ္စည်းလုဝယ်ကြတာ၊ အဲ့မှာ ရဲ နဲ့ စစ်သားတွေက လာစစ်နေကြတယ်၊ ကားဆို မှန်ချခိုင်းရုံမဟုတ်ပဲ လူကိုပါ အောက်ဆင်းခိုင်းပြီးတော့စစ် တာ” ဟု တောင်ကြီးမြို့ခံ လူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

တောင်ကြီးမြို့ ယနေ့ မွန်းလွဲပိုင်း ၃နာရီခန့် ရွှေတောင်ရပ်ကွက်တွင် အပေါင်ဆိုင်အိမ်ထဲကို ဝင်ရောက် သောင်းကြမ်းကာ ဆိုင်ကယ်အပေါင်ဆိုင်မှ အခွန်မဆောင်ထားသည့် ဆိုင်ကယ် (၁၇)စီး စစ်ကောင်စီမှ သိမ်းဆည်းသွားခဲ့ကြောင်း တောင်ကြီး ဒေသခံများ သတင်းပေးပို့ချက် အရသိရသည်။

“အခွန်မဆောင်လို့ဆိုပြီးတော့ ဝန်းထဲကို အတင်းဝင်စီးတာ အဲ့အိမ်က ကောင်လေးတွေကိုတောင် ထိုးရိုက်သွားတာတွေရှိတယ်၊ စုစုပေါင်း ဆိုင်ကယ် ၁၇ စီးပါသွားတယ်တဲ့”ဟု ကိုယ်တိုင်ကြုံတွေ့ရသည့် သူတစ်ဦးက ပြောသည်။

ထို့အပြင် သျှမ်းပြည် အရှေ့ပိုင်းတာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက် နှင့် မယ်ခေါင်ရပ်ကွက် ကြား သွားလာသည့်လမ်းပေါ် အာဏာသိမ်းစစ်ကောင်စီသည် လက်နက်အပြည့်အစုံဖြင့် စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သတင်းရရှိသည်။

ယနေ့ စက်တင်ဘာလ(၇)နေ့တွင် အာဏာသိမ်းစစ်ကောင်စီတို့သည် မြို့အဝင်အထွက်များကို တင်းကြပ်စွာ ထားရှိသည့် အပြင် ၎င်းတို့၏ လေတပ်မှ လေကြောင်းစစ်ဆင်ရေးများကိုပါ စတင်လှုပ်ရှားလာပြီး လေတပ် စခန်းတည်ရှိရာ မြို့များတွင် မြို့တွင်းနှင့် အနီးအနားများအထိ ဝဲပျံမှုများ လုပ်ဆောင်နေသည် ဟုလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

မူကြမ်းကို ကျော်လွန်၍ – စစ်မှန်သောညီညွတ်ရေးကို သင်ယူရမည့် ဗမာခေါင်းဆောင်ပိုင်း

0
မကြာသေးမီက အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) နှင့် စစ်ကိုင်း၊ မကွေး အပါအဝင် တိုင်းဒေသကြီး အကောင်အထည် ဖော်ရေး ကောင်စီများက “ဘုံနိုင်ငံရေး သဘောတူညီချက်” (CPA) ကို ထုတ်ပြန်ကြေညာခဲ့ခြင်း သည်...

အာဏာသိမ်းလက်အောက်က ကျောင်းများ နည်းမျိုးစုံဖြင့် ငွေကြေးကောက်ခံနေ

0
စစ်အာဏာသိမ်း အစိုးရ၏ လက်အောက်တွင် ဖွင့်လှစ်ထားသည့် သျှမ်းပြည် တောင်ကြီးမြို့ရှိ ကျောင်းများတွင် ကျောင်းသားများထံ နည်းမျိုးစုံ ခေါင်းစဉ်တပ်ပြီး ငွေကြေးကောက်ခံမှုများရှိနေကြောင်း သတင်းရရှိသည်။ စစ်အာဏာသိမ်းပြီးနောက် မြန်မာတဝှမ်းတွင် ကုန်စျေးနှုန်းများ တရိပ်ရိပ်တက်လာပြီး အလုပ်လက်မဲ့များလာခြင်း၊ ဝင်ငွေနှင့်ထွက်ငွေ မကိုက်မှုများဖြစ်လာသည့်ကြား ကလေးငယ်များ၏ ပညာရေး စရိတ်လည်း ကြီးလာပြီး ကျောင်းတွင် လစဉ်ပေးဆောင်နေရသည့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...