နိုင်ငံရေး လှုပ်ရှားမှုမရှိသည့် လူငယ်တစ်ဦး ကို စစ်ကောင်စီက အကြောင်းမဲ့ ဖမ်းဆီး

သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့တွင် နိုင်ငံရေးလှုပ်ရှားမှုနှင့် စစ်အာဏာရှင်လှုပ်ရှားမှုများတွင် ပါဝင်ခြင်း မရှိသည့် လူငယ် တစ်ဦးကို အာဏာသိမ်း စစ်ကောင်စီမှ ရိုက်နှက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းသိရသည်။

မြေပြင်တွင် နိုင်ငံရေး လှုပ်ရှားမှု မရှိရုံသာမက ဆိုရှယ်မီဒီယာအွန်လိုင်းပေါ်မှာလည်း နိုင်ငံရေးနှင့် ပက်သက် သော အကြောင်းအရာ တင်ခြင်းများလည်း မရှိသည့် တောင်ကြီးမြို့ ချမ်းသာရပ်ကွက် နယ်မြေ (၈) နေ မောင်ဇော်ဇော်ဝင်း အမည်ရှိ လူငယ်ကို ယမန်နေ့ (စက်တင်ဘာ ၇ )ရက် ည ၁၁ ကျော်အချိန်တွင် စစ်ကောင်စီတို့က အိမ်ခန်းထဲထိ ဝင်ရောက်ဖမ်းဆီးခေါ်ဆောင် သွားကြောင်း ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူ (မောင်ဇော်ဇော်ဝင်း)က သာမာန်ပြည်သူတစ်ဦးပါပဲ၊ သူ့မှာ နိုင်ငံရေးလှုပ်ရှားမှုလည်း မရှိပါဘူး၊ ပြီး တော့ ဆိုရှယ်မီဒီယာမှာလည်း ဘာမှမတင်တာ ၄ လ လောက်ရှိနေပြီတဲ့၊ စစ်ကောင်စီတွေက နေအိမ်ဝင်းတံ ခါးကို ဖျက်ပြီးဝင်တယ်၊ တချို့က အုတ်တံတိုင်းကို ကျော်ပြီးဝင်တယ် အင်အား ၂၀ ကျော်နဲ့ လာဖမ်းသွား တယ်” ဟု တောင်ကြီးမြို့နေ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မောင်ဇော်ဇော်ဝင်းသည် ချမ်းသာရပ်ကွက်တွင် မိဘများနှင့် အတူနေထိုင်သည့် ကုမ္ပဏီ ဝန်ထမ်းတစ်ဦး ဖြစ်ပြီး စစ်ကောင်စီတို့မှ နာမည်စာရင်းဖြင့် လာရောက်ရှာဖွေကာ အကြောင်းရင်းကို ပြောပြချင်း မရှိဘဲ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း နီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မောင်ဇော်ဇော်ဝင်းဆိုတာ ဘယ်တစ်ယောက်လဲဆိုပြီးတော့ အိမ်ထဲဝင်လာတာ၊ ပြီးတော့ မဆိုင်တဲ့သူတွေ အပြင်အကုန်ထွက်ဆိုပြီး သေနတ်ကြီးနဲ့ ချိန်ပြီးပြောတာ၊ ဘာကြောင့်ဖမ်းလဲဆိုတာကို အိမ်သားတစ်ဦး မေးတော့ စစ်သားတစ်ယောက်က ပါးရိုက်ပြီး ခြေထောက်နဲ့ ဆောင့်ကန်လိုက်သေးတယ်” ဟု အထက်ပါ ပုဂ္ဂိုလ် ပြောသည်။

လက်ရှိတွင် မောင်ဇော်ဇော်ဝင်းကို ဘာကြောင့် ဖမ်းခေါ်သွားသည်ကို မသိရှိရသည့်အပြင် မည်သည့်နေရာသို့ ဖမ်းဆီးထားကြောင်းလည်းမသိရကြောင်း၊ မိသားစုဝင်များ အလွန်စိုးရိမ်ပူပန်နေကြောင်းလည်း သိရသည်။

စစ်ကောင်စီတို့သည် နိုင်ငံတော် အာဏာကို သိမ်းယူပြီးနောက် အာဏာရှင် ပြုတ်ချရေး ဆန္ဒပြတောင်းဆိုသူ များ အပါအဝင် နိုင်ငံရေးနှင့်ပက်သက်ဆက်နွယ်မှုမရှိသည့် သျှမ်းပြည်အတွင်းမှလူငယ်လူရွယ်များစုစုပေါင်း ၅၀၀ နီးပါးတို့သည် အကြောင်းပြချက်မရှိဘဲ စစ်ကောင်စီတို့၏ မတရား ဖမ်းဆီးခေါ်ဆောင်မှုကို ခံထားရ ပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ယာဉ်နံပတ်ပွား ဆီထုတ်မှုကြောင့် QR အသစ် ပြန်လျှောက်ရမည်

0
သျှမ်းပြည်အတွင်း စက်သုံးဆီများကို တန်းစီဝယ်ရာတွင် ယာဉ်နံပတ်များကို ပွားပြီး ဝယ်ယူမှုများတွေ့ရှိနေသဖြင့် ယာဉ်ပိုင်ရှင်များ QR ကုတ်အသစ် ပြန်လည်လျှောက်ထားရမည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန က ယမန့်နေ့ (ဇူလိုင် ၃၀)ရက်တွင် ထုတ်ပြန်ခဲ့သည်။  ထို QR ကုတ် အသစ် ပြန်လည်လျှောက်ထားရာတွင် မော်တော်ယာဉ်မှတ်ပုံတင် သက်သေခံ လက်မှတ် အစစ်အမှန်ဖြစ်ကြောင်း သက်ဆိုင်ရာ (ကညန)၏ ထောက်ခံချက်...

သျှမ်းတောင်တွင် ဝက်နာကျ သေဆုံးမှုဖြစ်ပြီးနောက် ဝက်သားစျေးကျ

0
သျှမ်းပြည်တောင်ပိုင်းတွင် ဝက်နာရောဂါဖြစ်ပွားပြီး ဆက်တိုက်သေဆုံးမှုများလာပြီးနောက် ဝက်သားစျေးနှုန်း ကျဆင်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လမှစပြီး သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် ဝက်နာရောဂါ စတင်ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးမှု များရှိခဲ့ပြီးနောက် ဝက်သားဈေးနှုန်းများ ကျဆင်းလာပြီး ဝက်ဝယ်သူများလည်း နည်းပါးလာကြောင်း သိရသည်။ “ဝက်ကလည်း ရောင်းချင်နေပြီ ဝယ်သမားကလည်း မရှိဘူး၊ အရင်က သိန်း (၃၀)...

တောင်ကြီးတွင် ခွေးများကို ပစ်မှတ်ထား အစာအဆိပ်ခတ်ခံနေရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး အစာအဆိပ်ခတ် နေသည့် အုပ်စုများရှိနေကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး ထမင်းကဲ့သို့သော အစားအစာများဖြင့် အဆိပ်ခတ်သည့် ဖြစ်စဉ်သည် နေ့စဉ်နှင့်အမျှ ဖြစ်လာကြောင်း၊ ထိုအဆိပ်ခတ်နေသည့် ပုံစံသည် တူညီမှုများရှိနေသဖြင့် ခွေးများကို ဉီးတည်ပြီး သတ်နေသည့်...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...