လွိုင်ကော်မြို့နယ် စစ်ကောင်စီမှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်နေ

ကရင်နီပြည် လွိုင်ကော်မြို့နယ်တွင် ယနေ့ စက်တင်ဘာလ ၉ ရက်နေ့ ၃ နာရီ ဝန်းကျင် အချိန်တွင် စစ်ကောင်စီမှ လက်နက်ကြီး လက်နက်များစွာတို့ဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း သတင်းသိရသည်။

ယနေ့ စက်တင်ဘာလ ၉ ရက်နေ့ မွန်းလွဲပိုင်း ၃ နာရီအချိန်တွင် လွိုင်ကော်မြို့နယ်ရှိ ဒေါပိုးစီကျေးရွာတွင် စစ်ကောင်စီတို့သည် ဦးတည်ချက်မရှိပဲ လက်နက်ကြီး လက်နက်ငယ်တို့ဖြင့် ရမ်းသမ်းပစ်ခတ်နေသည့် ပစ်ခတ်သံများ ဆူညံစွာ ကြေားနေရကြောင်း ကရင်နီဌာနေမှ ဒေသခံ သတင်းအရင်းအမြစ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စစ်ကောင်စီတွေက ရွာထဲမှာ တပ်စွဲထားတာ တစ်ပတ်လောက်ရှိနေပြီဗျ၊ ဒေါပိုးစီးကျေးရွာမှာပေါ့၊ ပြီးတော့ ပြည်သူပိုင် ကြက်တွေ ဘဲတွေကိုလည်း သတ်ဖြတ်စားသောက်ကြသေးတယ်၊ ဒီနေ့တော့ ၃ နာရီဝန်းကျင် ကနေ စပြီး သေနတ်သံတွေ စကြားရတယ်၊ ဘယ်အဖွဲ့နဲ့ ပစ်နေမှန်းလည်း မသိဘူး၊ ရမ်းသမ်းပြီး ပစ်နေတာ” ဟု ကရင်နီဌာနေမှ ဒေသခံ သတင်းအရင်းအမြစ် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဒေါပိုးစီကျေးရွာသည် လွိုင်ကော်-ဒီးမော့ဆို ကားလမ်းပေါ်တွင် တည်ရှိပြီး လွိုင်ကော်မြို့နှင့် စံပြ ၆ မိုင်ကျေးရွာ အကြားတွင် တည်ရှိနေကြောင်းလည်း သိရသည်။
လက်ရှိတွင် ဖြစ်ပွားနေသည့် ပစ်ခတ်မှုများမတိုင်ခင် နာရီပိုင်းအလိုတွင် လွိုင်ကော်မြို့မှ ဒီမော့ဆို့ဖက်သို့ ဦးတည်သွားနေသည့် စစ်သား အင်အား ၁၀၀ ခန့်ကလည်း ၆ မိုင် စံပြကျေးရွာအနီးမှာ တွေ့မြင်ရကြောင်း လည်း မျက်မြင်တွေ့ရှိရသည့် ပြည်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိအချိန်တွင် ဒေါပိုးစီကျေးရွာအတွင်း အကြမ်းဖက်စစ်ကောင်စီ အင်အား ၂၀၀ ခန့် တပ်စွဲထားပြီး မည်သည့်အဖွဲ့နှင့် ပစ်ခတ်နေသည်ကို မသိရှိရသေးကြောင်းလည်း ကရင်နီသတင်းရင်းမြစ် PKPF က ဖော်ပြထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...