Wednesday, December 11, 2024

အာဏာသိမ်းပြီး (၇) လကြာ မြန်မာကျပ်ငွေဈေးတန်ဖိုး ကျဆင်း၊ ကုန်ဈေးနှုန်းမြင့်တက်

Must read

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီး (၇) လအကြာတွင် သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် တရုတ်ငွေလှဲလှယ်မှုနှုန်း သည် ငွေကျပ် (၁) သိန်းကို တရုတ်ယွမ် (၃၅၀) သာရရှိကာ မြန်မာငွေဈေး ကျဆင်းလာခဲ့ကြောင်း သိရသည်။

ထိုသို့မြန်မာငွေကျဆင်းလာသည့် အပြင် ကုန်စည်စီးဆင်းမှုကို တရုတ်နိုင်ငံဘက်က လမ်းများကိုပိတ်ထားသောကြောင့် မြန်မာနိုင်ငံတွင်းရှိ ကုန်ဈေးနှုန်း တချို့က မြင့်တက်လာနေလျက်ရှိကြောင်း မူဆယ်မြို့ဒေသခံတဦးက ပြောသည်။

“ ကုန်ဈေးနှုန်းမြင့်တက်တာလည်း ဒီငွေဈေးတွေနဲ့ ပတ်သက်တယ်။ မြန်မာငွေတွေကျလာလို့ ကျနော်တို့ ပစ္စည်းတွေက ဈေးတက်လာတာ။ မြန်မာနိုင်ငံက ကုန်ပစ္စည်းထုတ်တာသိပ်မရှိဘူးလေ။ သူများနိုင်ငံက ယူတာများတယ်” ဟု မူဆယ်မြို့ ဒေသခံတဦးက ပြောသည်။

မူဆယ်မြို့တွင် ယခုကိုဗစ် -၁၉ ကြောင့်လည်း ပြည်သူများက စားဝတ်နေရေးအတွက် ပိုပြီးချွေတာ သုံးစွဲနေရကြောင်း သိရသည်။

“ အခုရက်ပိုင်တော့ ချွေတာနေရတယ်။ ချွေတာစားသောက်နေရတာ။ ပစ္စည်းဝယ်ပြီးဆိုရင်လည်း တကယ်လိုမှပဲ ဝယ်ဖြစ်တော့တယ်။ မလိုအပ်ရင်တော့ သိပ်မဝယ်တော့ဘူး။ ချွေတာစားသောက်နေရတာပေါ့။” ဟု အထက်ပါ မူဆယ်မြို့ ဒေသခံကပြောသည်။

မူဆယ်မြို့တွင် ယခင်က မြန်မာငွေ တစ်သိန်းကို တရုတ်ငွေ (၅၀၀) ယွမ် ထိ လှဲလှယ်နိုင်ပြီး အာဏာသိမ်းယူပြီးနောက် တစ်သိန်းကို တရုတ်ယွမ် (၃၀၀) အထိ ကျဆင်းလာခဲ့ကြောင်းသိရသည်။

အလားတူ ထိုင်- မြန်မာငွေလှဲလှယ်မှုနှုန်းတွင်လည်း ယခုတွင် မြန်မာငွေ (၁) သိန်းကို ထိုင်းဘတ် (၁၇၀၀)သာ ရရှိပြီး ၁ ဒေါ်လာကို (၁၆၅၀) ထိ ဈေး ရှိကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article