Tuesday, January 27, 2026

တာချီလိတ်မတရားသိမ်းယူထားသည့် နေရာ UWSA ပိုင် ကုမ္ပဏီ ထပ်မံမြေညှိ

သျှမ်းရှေ့ တာချီလိတ်မြို့နယ် ဟောင်လိတ်ကျေးရွာအုပ်စု ဝမ်ဟောင်ရွာအတွင်း ယနေ့ (စက်တင်ဘာ ၆)ရက် မနက်ပိုင်းတွင် မတရားသိမ်းယူခံရသည့် နေရာတွင် UWSA ပိုင် ဟုန်ပန်းကုမ္ပဏီက မြေညှိခြင်း ထပ်မံပြုလုပ်ကြောင်း သတင်းရရှိသည်။

တာချီလိတ်မတရားသိမ်းယူထားသည့် နေရာ UWSA ပိုင် ကုမ္ပဏီ ထပ်မံမြေညှိ

ထိုဒေသတွင် UWSA ပိုင် ဟုန်ပန်းကုမ္ပဏီက မြေတူးစက် (၂)စီး၊ လူအင်အား (၆၀)ဝန်းကျင်ဖြင့် လာရောက်ကာ မြေညှိနေတာဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
“ဒီနေ့ မနက် (၉)နာရီလောက်မှာ စပြီးတော့ မြေညှိတာ၊ လူအင်အားကလည်း (၆၀)ကျော်လောက်ရှိမယ်၊ မြေတူးစက် က (၂)လုံးနဲ့ မြေလာညှိတာ” ဟု ဝမ်ဟောင်ကျေးရွာ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် မေလတွင်လည်း ထိုကုမ္ပဏီမှ မြေညှိနေစဉ် ဒေသခံပြည်သူတို့ စုပေါင်းကန့်ကွက်ခဲ့ကြသည့်အတွက် လုပ်ငန်းရပ်နားခဲ့ရကြောင်း၊ သို့သော် ယနေ့တွင် အဆိုပါကုမ္ပဏီမှ လူအင်အားဖြည့်တင်းကာ မြေညှိခြင်း ပြန်လည်ပြုလုပ်နေတာဖြစ်ကြောင်း သိရသည်။

ထိုဒေသတွင် မတရားသိမ်းခံရသည့် မြေဧက (၁၀၀)ကျယ်ဝန်းပြီး လက်ရှိအချိန်ထိ ဒေသခံများမှ စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်နေသည့် မြေဧက (၈၀)ကျော် ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

“သူတို့တွေ မြေညှိနေတာက (၁၀)ဧက ဝန်းကျင်ရှိမယ်၊ ကျန်တဲ့မြေနေရာမှာ ဒေသခံတွေ လယ်ယာစိုက်ပျိုးရေးလုပ်နေကြတုန်းပဲ၊ မြေညှိတာတွေ ဆက်ပြီးလုပ်နေရင် လယ်ယာစိုက်ပျိုးရေး တွေကိုလည်း လုပ်နိုင်တော့မှာမဟုတ်ဘူး” ဟု ဝမ်ဟောင်ဒေသခံတစ်ဦးက ပြောသည်။

တာချီလိတ်မတရားသိမ်းယူထားသည့် နေရာ UWSA ပိုင် ကုမ္ပဏီ ထပ်မံမြေညှိ

ထိုဒေသတွင် လယ်ယာစိုက်ပျိုးရေးကို အဓိက လုပ်နေကြသည့်အတွက် လယ်ယာလုပ်ငန်း မလုပ်ရပါက ဒေသခံများ စားဝတ်နေရေးအခက်ခဲ ရှိလာနိုင်ကြောင်း၊ ထို့အပြင် လယ်ယာမြေ မတရားသိမ်းခံရသူ (၅၀)ဝန်းကျင်ရှိပြီး လက်ရှိအချိန်ထိ ပြန်မရသေးကြောင်း ဒေသခံများထံမှ သိရသည်။

တာချီလိတ်မြို့နယ် နမ့်ဟုတ်မြစ်ဝှမ်းဒေသတွင် “ဝ” သွေးစည်းညီညွတ်ရေးတပ်ဖွဲ့ (UWSA)ပိုင် ဟုန်ပန်းကုမ္ပဏီမှ ရော်ဘာသန့်စင်စက်ရုံနှင့် မန်းဂနိစ်သန့်စင်စက်ရုံတည်ဆောက်ရန် ရှိနေကြောင်း သိရသည်။

“အဲဒီ စက်ရုံတွေ လာဆောက်ရင် လေထုညစ်ညမ်းမှုတွေကြောင့် နှစ်ဖက်နယ်စပ်က ဒေသခံတွေရဲ့ ကျန်းမာရေးတွေကို ဆိုးဆိုးရွားရွားထိခိုက်စေနိုင်တယ်၊ အဲ့တာအပြင် လယ်ယာမြေတွေကိုလည်း ပြန်ရနိုင်တော့မှာ မဟုတ်ဘူး”ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်(SHRF) မှ ပြောရေးဆိုခွင့်ရှိသူ စိုင်းဟော်ရှဲန် က ပြောသည်။

အဆိုပါ စက်ရုံတည်ဆောက်မည့် မြေနေရာ ဧက (၁၀၀)သည် (၁၉၉၈−၁၉၉၉)ခုနှစ်ကတည်းက စက်မှုဇုန်တည်ဆောက်ရန်ဟုဆိုကာ မြန်မာစစ်တပ်က မတရားသိမ်းယူထားသည့် ဧက (၆၀၀)ထဲတွင် တစ်စိတ်တစ်ပိုင်းပါဝင်နေတာဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်တွင် ပြန်ပေးဆွဲမှု၊ ဓားပြတိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေ

0
ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ပေါ်တွင် ပြန်ပေးဆွဲမှု၊ ဓားပြတိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေသဖြင့် လုံခြုံရေးအတွက် စိုးရိမ်နေရကြောင်း မြို့ခံများက ပြောသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ဇန်နဝါရီလ ၂၄ ရက် နံနက် ၉ နာရီကျော် အချိန်တွင် ဆန်ဆိုင်း (က) ရပ်ကွက်နေ အသက် (၅၀) အရွယ်ခန့် အမျိုးသမီးတစ်ဦးသည်...

လားရှိုးမြို့နယ် UWSA မှ စစ်သင်တန်းတက်ရန် အတင်းအကြပ်ခေါ်ဆောင်ခြင်းကြောင့် အဆိပ်သောက်သေဆုံးသူရှိ

0
သျှမ်းပြည် လားရှိုးမြို့နယ် မိုင်းကျက်ကျေးရွာအုပ်စုတွင် ‘ဝ’တပ်ဖွဲ့ UWSA မှ ဒေသခံများကို စစ်သင်တန်း တက်ရောက်ရန် အတင်းအကြပ် ခေါ်ဆောင်နေခြင်းကြောင့် အဆိပ်သောက် သေဆုံးသူ ရှိနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်တွင် လားရှိုးမြို့နယ်ရှိ မန်ကတ်(မန်မတ်)၊ နမ္မ၊ နမ့်ပေါင်နှင့် မိုင်းကျက် ကျေးရွာအုပ်စုများမှ ရွာသူကြီးများကို...

သျှမ်းအရှေ့ ကျိုင်းတုံ၊ တာချီလိတ်နှင့် မိုင်းဆတ်တွင် လက်နက်ကိုင်လုံခြုံရေးကြား စိုးရိမ်စိတ်ဖြင့် မဲပေးရ

0
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံ၊ တာချီလိတ်နှင့် မိုင်းဆတ်မြို့နယ်ရှိ မဲရုံများတွင် လက်နက်ကိုင်လုံခြုံရေးကြား စိုးရိမ်စိတ်ဖြင့် ပြည်သူများ မဲပေးခဲ့ရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်)တွင် စတင်ကျင်းပနေသည့် စစ်ကော်မရှင် ရွေးကောက်ပွဲ ပထမပိုင်းတွင် သျှမ်းပြည်အရှေ့ပိုင်းမှ ကျိုင်းတုံ၊ တာချီလိတ်နှင့် မိုင်းဆတ် (၃) မြို့နယ်တွင် ပြုလုပ်နေသည်။ မိုင်းဆတ်မြို့နယ်အတွင်း...

ဟိုပန် UWSA မှ လောင်းကစားအကြွေးကြောင့် လူသတ်မှုကျူးလွန်သူတစ်ဦးကို သေဒဏ်ချ

0
သျှမ်းပြည် ဟိုပန်မြို့နယ်ရှိ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA) တရားစီရင်ရေး ကော်မတီမှ လောင်းကစားအကြွေးကြောင့် လူသတ်မှုကျူးလွန်ခဲ့သူ အမျိုးသားတစ်ဦးကို သေဒဏ် ချမှတ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၇ ရက်) နံနက်ပိုင်းတွင် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ထားသည့် ဟိုပန်မြို့တွင် တရားစီရင်ရေး အခမ်းအနားဟု ခေါင်းစဉ်တပ်ပြီး လောင်းကစားအကြွေးကြောင့်...

မိုးဆက်တိုက်ရွာသွန်းသည့်အတွက် တာချီလိတ်မြို့တွင် ရေကြီး လျှပ်စစ်မီးပြတ် အင်တာနက်မမှန်

0
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မယ်ဆိုင်ချောင်းရေ မြင့် တက်လာပြီး မြို့ပေါ်ရပ်ကွက်အချို့တွင် ရေဝင်နေသည့်အပြင် လျှပ်စစ်မီးနှင့် အင်တာနက်လည်း မှန်မှန်မရ ကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။