ကျောက်မဲမြို့နယ် ကျေးရွာထဲ တပ်ပေါင်းစု နေထိုင် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် လွယ်ကုန် ကျေးရွာအုပ်စုထဲတွင် တပ်ပေါင်းစုဖြစ်သည့် TNLA နှင့် SSPP/SSA တို့ သွားရောက်နေထိုင်နေ သဖြင့် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စုံစမ်းသိရှိသည်။

ထိုတပ်သားများ သွားရောက်နေထိုင်နေသောကြောင့် ပြည်သူများ တချို့ ကြောက်လန့်ပြီး ကျောက်မဲမြို့ဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း သိရသည်။

“ သူတို့ရွာထဲနေနေတယ်။ ရွာထဲမှာတော့ လူတွေသိပ်မရှိတော့ဘူး။ လူကြီးပိုင်းတွေနဲ့ တစ်ချို့လူတွေပဲ ရွာထဲမှာ ကျန်နေတယ်။ အများစုကတော့ ကျောက်မဲဘက်ကို ထွက်ပြေးလာခဲ့ကြပြီ။ တိုက်ပွဲဖြစ်မှာလည်း ကြောက်တော့ ထွက်ပြေးသွားကြတာပါ” ဟု လွယ်ကုံကျေးရွာက ဒေသခံတဦးက ပြောသည်။

ထို တပ်ပေါင်းစုတပ်သားများသည် ပြည်သူများ၏ နေအိမ်ထဲတွင် သွားရောက်နေထိုင်မှုရှိကြောင်း၊ ထိုသို့နေထိုင်ရာတွင် လူမရှိသောနေအိမ်ထဲတွင် ပြည်သူများ၏ ဆန်၊ဆီ၊ဆားများကိုပါ ယူသုံးနေလျက်ရှိကြောင်းသိရသည်။

“ သူတို့ ပစ္စည်းတွေတော့ ယူသုံးတယ်။ အခုက ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေမှာ သွားနေကြတယ်။ လူမရှိတဲ့ အိမ်တွေမှာဆိုရင် သူတို့ဝင်နေတယ်။ အဲအိမ်ထဲကရှိတဲ့ အစားစားတွေလည်း သူတို့ယူသုံးတာရှိတယ်။” ဟု လွယ်ကုန်ဒေသခံတဦးကပြောသည်။

စက်တင်ဘာလကစပြီး လွယ်ကုန်းကျေးရွာဖက်တွင် တိုက်ပွဲဖြစ်ပွားမှု မရှိသော်လည်း စစ်ရေးတင်းမာ နေကြောင်း သိရသည်။

လက်ရှိတွင် တပ်သားများ ရွာတွင်းထဲတွင်လာရောက်နေထိုင်သောကြောင့် ပြည်သူများ လယ်ယာများ၊ စိုက်ပျိုးရေးလုပ်ငန်များကို မလုပ်ရသောကြောင့် နောက်နှစ်များအတွက်စိတ်ပူနေလျက်ရှိကြောင်းသိရသည်။

“ အခုချိန်ဆို လက်ဖက်သွားခူးနေရပြီ။ လက်ဖက်လည်း အခုဆို ခူးချိန်ကျော်သွားပြီး။ သွားမခူးရတော့ အလကားဖြစ်တာပေါ့။ ကျမတို့ဆို ဒီနှစ်ဘာစိုက်ပျိုးရေးမှ သိပ်မလုပ်ရဘူး။ နောက်နှစ်တွေအတွက် စားဝတ်နေရေးက စိတ်ပူနေရပြီ” ကျောက်မဲဖက်က စစ်ရှောင်လာသည့် အမျိုးသမီးက ပြောသည်။

ထိုကိစ္စနှင့်ပတ်သက်ပြီး TNLA ပြောခွင့်ရ မိုင်းအိုက်ကျော်နှင့် SSPP ပြောခွင့်ရ စိုင်းဖုန်းဟန်တို့ကို သျှမ်းသံတော်ကနေ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍မရပါ။

ကျောက်မဲမြို့နယ်တွင် တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်း (RCSS) နှင့် တပ်ပေါင်းစု (SSPP/ TNLA) တို့က တိုက်ပွဲကြောင့် ပြည်သူများ (၂၅၀၀) ကျော် စစ်ဘေးရှောင်နေရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...