တောင်လေးလုံးထောင်ရောက် မတရားဖမ်းခံရသည့်အမျိုးသမီး ယနေ့ထိ အမိန့်မချမှတ်သေး

နွေဦးတော်လှန်ရေး ကာလအတွင်း စစ်ကောင်စီက မတရားဖမ်းဆီးထားသည့် တောင်လေးလုံးထောင်ရောက်နေသည့် အမျိုးသမီးသည် ရုံးချိန်း (၁၀) ကြိမ်ခန့်တက်ပြီးသော်လည်း အမိန့်ချမှတ်မှု မရှိသေးကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ ဖမ်းဆီးခံရသည့် အမျိုးသမီးသည် ဆန္̔ဒပြမှုမှာ ပါဝင်ခြင်း မရှိခြင်း၊ နိုင်ငံရေး လှုပ်ရှားသူ မဟုတ်ဘဲ မတ်လက လာရောက်ဖမ်းဆီးသွားပြီး ယနေ့ချိန်ထိ ရုံးချိန်း (၁၀) ကြိမ် နှင့် မိသားစု တွေ့ဆုံခွင့် (၂) ကြိမ်သာ ရှိသေးကြောင်း မိသားစု တစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူက ၅၀၅ နဲ့ အဖမ်းခံရတယ်။ ၅ လကျော်ပြီ။ ဒီလ ၂၇ ရက်နေ့ဆိုရင် ၆ လပြည့်ပြီ။ နေကောင်းတယ်လို့တော့ သိရတယ်။ ကိုယ်မှ မမြင်ရတာ။ ၂ ကြိမ်လောက်ပဲ တွေ့ဆုံခွင့်ရခဲ့တယ်။သွားရောက် တွေ့ဆုံခွင့်မရဘူး” ဟု မိသားစုဝင်တစ်ဦးကပြောသည်။

လက်ရှိမှာ ကိုဗစ်-၁၉ ကူးစက်မှုနှုန်းမြင့်တက်နေသည့် အကြောင်းပြချက်ဖြင့် အမှုကို ဆက်လက်စစ်ဆေးခြင်း မပြုတော့ကြောင်း၊ မိသားစုဝင်များနှင့်လည်း တွေ့ခွင့်မရကြောင်း သိရသည်။

“အမှုက ဆက်မစစ်တော့ဘူး။ ဒီတိုင်းပဲ ထားထားတယ်။ ကိုဗစ် ကို အကြောင်းပြပြီး မစစ်တော့တာထင်တယ်။ အမိန့်တော့ မချသေးဘူး” ဟု တောင်လေးလုံးမှာ ဖမ်းဆီးခံရသည့် မိသားစုဝင် တစ်ဦး က ဆိုသည်။

မြန်မာနိုင်ငံသည် ကိုဗစ်-၁၉ တတိယလှိုင်းဖြစ်ပေါ်ပြီးနောက် မတရားဖမ်းဆီးသည့် အပြစ်မဲ့ ပြည်သူများကို စစ်ကောင်စီက ထောင်ဝင်စာ ပိတ်ပင်ခြင်း ရုံးချိန်းများကို ရပ်နားထားခြင်းများ ပြုလုပ်ခဲ့သည်။

ကိုဗစ်-၁၉ တတိယလှိုင်း ထိန်းချုပ်နိုင်ရန်အတွက် စစ်ကောင်စီက အစိုးရရုံးများကို ဇူလိုင်လ မှစတင်ပြီး စက်တင်ဘာ (၁၀) ရက်နေ့ထိ အစိုးရ ရုံးပိတ်ရက်အဖြစ် စစ်ကောင်စီ က ထုတ်ပြန်ထားသည်။

“အစိုးရရုံးတွေ (စစ်ကောင်စီ) တရားဝင် ပြန်ဖွင့်တဲ့ရက်မှ ရုံးချိန်းတွေ ပုံမှန်ပြန်ပေါ်သွားမယ်။ ရုံးတွေ ပုံမှန်ပြန်ဖွင့်ရင်တော့ ကျမတို့ အမှုတွေ စစ်လို့ရမယ်။ အမှုတွေ မစစ်ရရင် သူတို့အတွက် ပိုကြာသွားမှာပေါ့။ အမှုရဲ့ တိုးတက်မှုတွေ ရပ်နေတာပေါ့။ ကိုဗစ်ကြောင့် ရပ်တာပေါ့နော်”ဟု သျှမ်းပြည်တွင်း အမှုလိုက် ရှေ့နေတစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

သျှမ်းပြည်တစ်ဝှမ်းသည် စစ်အာဏာရှင်မှ မတရားဖမ်းဆီးထားသည့် ပြည်သူများ စုစုပေါင်း (၅၀၀) နီးပါး ခန့်ရှိကြောင်း စုံစမ်းသိရှိရသည်။

ထိုအထဲတွင် ညောင်ရွှေမြို့နယ် အကျဉ်းထောင်မှာ အချုပ်သား (၃) ဦး ကိုဗစ်ကြောင့် ကွယ်လွန်ခဲ့ပြီး လက်ရှိ အကျဉ်းထောင် အတွင်းရှိ အချုပ်သား အချို့တို့လည်း ကိုဗစ်-၁၉ ကူးစက်ခံနေရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...