တောင်သူလင်မယား ၂ဦးကို လူသားဒိုင်းအဖြစ် စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွား

သျှမ်းပြည် နှင့် ကယားပြည်( ကရင်နီပြည်) စပ်ရှိ သျှမ်းတောင် ဖယ်ခုံမြို့နယ် ကုန်ဆုံကျေးရွာတွင် နေထိုင် သော ဒေသခံ တောင်သူလင်မယား (၂)ဦးကို စစ်ကောင်စီက လူသားဒိုင်းကာ အဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သတင်းသိရသည်။

ဖြစ်စဉ်မှာ ယနေ့( စက်တင်ဘာ ၄)ရက် မနက် ၈ နာရီခွဲဝန်းကျင်တွင် ဖယ်ခုံမြို့နယ်၊ ကုန်းဆုံကျေးရွာအုပ်စု၊ ရွှေပြည်အေးရွာရှိ ဒေသခံတောင်သူ ဦးမောင်ကျီးနှင့် ဇနီးဒေါ်ဝင်းကြည်ကို ၎င်းတို့၏ တောင်ယာစိုက်ခင်းအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လာရောက်ဖမ်းဆီးပြီး လူသားဒိုင်းလမ်းပြအဖြစ်ခေါ်ဆောင်သွားကြောင်း ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူတို့ ယာခင်းအနီးမှာလာဖမ်းသွားတာပါ၊ စစ်သားတွေက စစ်ကြောင်းထွက်လာချိန် ဦးမောင်ကြီးတို့ကို တွေ့တော့ ဖမ်းခေါ်သွား၊ လမ်းကြောင်းလည်း မကျွမ်းတော့ ဒေသခံတွေကို သူတို့ အကြမ်းဖက် ဖမ်းဆီးပြီ လေ၊ ဒီလို လမ်းပြဖို့ခေါ်တာတွေက ခဏခဏ ဖြစ်တယ်၊ အခုဆို ရွာသွားတွေက ထွက်ပြေးကြကုန်ပြီ” ဟု အထက်ပါ ပုဂ္ဂိူလ်က ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့တို့သည် ကုန်ဆုံကျေးရွာတွင် စခန်းချ တပ်ဆွဲထားနေသည်မှာ နှစ်ပတ်ခန့် ရှိနေပြီး ယနေ့မှာတော့ ခေါင်အိကျေးရွာဖက်သို့ ဦးတည်ကာ စစ်ကြောင်းချီတက်သွားကြောင်းလည်း အဆိုပါ ဒေသခံ က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူတို့ ရွာထဲမှာ စခန်းချနေတာ နှစ်ပတ်လောက်ရှိပြီ၊ မနေ့က ဒီကုန်ဆုံတောင်ပေါ်ကနေ ဘုန်းကြီးကျောင်း ကို အကာအကွယ်ယူပြီးတော့ ရွာထဲနဲ့ PDF တွေကို ရမ်းသမ်းပစ်သေးတယ်၊ ကူပစ်တာပေါ့နော်၊ ပြီးတော့ တစ်ရာကျော်လောက်တော့ စစ်ကြောင်းထွက် သွားတယ်၊ ဒီနေ့လည်း တစ်ရာကျော်ကျော်ပဲ စစ်ကြောင်း ထွက်သွားတာ၊ ခေါင်အိကျေးရွာဖက်ကို စစ်ကူသွား တယ်၊ အဲ့ရွာမှာ PDF နဲ့တိုက်ပွဲ ဖြစ်နေတယ်လေ” ဟု ၎င်းက ပြောပါသည်။

စစ်ကောင်စီတို့သည် ပြီးခဲ့သည့် စက်တင်ဘာလ ၁ ရက်နေ့မှ ယနေ့ ယခုချိန်ထိ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့နှင့် KNDF တို့ကို ထိုးစစ်ဆင်တိုက်ခိုက်နေလျက်ရှိကြောင်းသိရသည်။

၎င်းတို့ထိုးစစ်ဆင်သည့် လမ်းကြောင်းတစ် လျှောက် ရှိ ကျေးရွာများကို ဝင်ရောက်ဖျက်စီးခြင်း အပြစ်မဲ့ ဒေသခံပြည်သူများကို ဖမ်းဆီးကာ လူသား ဒိုင်းလမ်းပြ များအဖြစ် အသုံးချနေခြင်းစသည့် စစ်ရာဇဝတ်မှုများ ကျူးလွန်လျှက်ရှိကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...