Sunday, May 5, 2024

CATEGORY

လူ့အခွင့်အရေး

မြေဧက တိုးပေးမည်ဟုဆိုကာ မြေစာရင်းဝန်ထမ်းမှ ပုံစံ ၁၀၅ သိမ်းယူ၊ အိမ်ပိုင်ရှင်အမှုရှုံး၍ နေအိမ်ဖယ်ရှားခံရ

ညောင်ရွှေမြို့နယ်မြေစာရင်းဦးစီးဌာနမှတရားဝင်ထုတ်ပေးထားသောမြေစာရင်းပုံစံ (၁၀၅) အားအကြောင်းပြချက်မရှိ ပြန်လည်သိမ်းဆည်းလိုက်ခြင်း ကြောင့်အမှုရှံုးကာ ဒေသခံတဦး နေအိမ်ဖယ်ရှားဖျက်ဆီးခံရကြောင်းစုံစမ်းသိရှိရသည်။ ညောင်ရွှေမြို့နယ် ရွာသစ်ရွာ၊ ရွာသာကျေးရွာအုပ် ကွင်းအမှတ် (၁၉) ဦးပိုင်အမှတ်(၂၀၁) စုရှိ လယ် မြေဧက (၄.၂၉) ဧရိယာတွင် နေထိုင်သည့် ဒေါ်လှရင် မိသားစုသည် ၁၉၈၅ ခုနှစ်မှစ၍ မြေစာရင်းဦးစီးဌာနသို့ သီးနှံ...

၈ လကျော်ကြာအဖမ်းခံထားရသည့် ဟိုပုံးဒေသခံများအမှု အပြီးသတ်ချမှတ်တော့မည်

၂၀၁၇ ခုနှစ် ဂျုလိုင်လ လယ်ပိုင်းက အစိုးရတပ်မတော်မှ ဖမ်းဆီးထိန်းသိမ်းထားသည့် ဟိုပုံးမြို့နယ်အတွင်းက ကျေးလက်ရွာသား ၈ ဦးအား တရားရုံးတော်မှာ တပ်မတော်ဘက်မှ အမှု ၁၂ မှု ဖြင့် အမှုဖွင့် တရားစွဲဆိုထားသည်မှာ ပြီးဆုံးခါနီးပြီဖြစ်ကြောင်းသိရသည်။ အဆိုပါ တရားခံ ၈ ဦးကို လာမည့် ဖေဖော်ဝါရီ...

မီဒီယာလွတ်လပ်ခွင့်နှင့် ပတ်သက်၍ စစ်တမ်းကောက်

သတင်းမီဒီယာလွတ်လပ်ခွင့်အပေါ်သတင်းသမားများ၏ စိုးရိမ်ပူပန်မှုများ၊ လက်ရှိ စိန်ခေါ်မှုများ နှင့် ပြုပြင်ပြောင်းလဲလိုမှုများကို လွတ်လပ်စွာထုတ်ဖော်ပြောဆိုခြင်းအဖွဲ့ မြန်မာ Free Expression Myanmar က တောင်ကြီးမြို့ ရှိ နယ်ခံသတင်းသမားများနှင့် တွေ့ဆုံ၍ စစ်တမ်းကောက် ယူမှုများ ပြုလုပ်ခဲ့ပါသည် ။ " ဒီက ဂျာနယ်လစ် သတင်းသမားတွေရဲ့ ဒီမီဒီယာလွတ်လပ်ခွင့်...

လူခွန်ဟုဆိုကာ ဌာနေပြည်သူ့စစ်တပ်ဖွဲ့မှ လားရှိုး- ကျေးလက်လူထုထံပိုက်ဆံကောက်

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းကျက်အုပ်စုတွင် ဌာနေပြည်သူ့စစ်အဖွဲ့က အုပ်စုသား များထံ လူခွန်ဟုဆိုကာ ကျပ်ငွေသိန်း ၅၀ ပေးဆောင်ရန် ဆင့်ဆိုသည်ဟုသိရသည်။ လားရှိုးမြို့အရှေ့ဘက် မိုင် ၅၀ ကျော်အကွာ မိုင်းကျက်အုပ်စု ၁၃ ရွာအား မန်ပန်ဌာနေပြည်သူ့စစ်၏ ဒေသတွင်းအုပ်ချုပ်ရေးမှူးအဆင့်ရှိသူက မိုင်းကျက်ဒေသခံလူထုထံမှ အခွန်ငွေများ ဆင့်ဆိုကာ တပို့တွဲလဆန်း ၇...

သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် ပတ်သက်ဆက်နွယ်မှုဖြင့် ရ လ ကျော်ဖမ်းခံထားရသည့် ဟိုပုံးကျေးလက်ရွာသား ၉ ဦး အမှု ၁၃ မှု ရင်ဆိုင်နေရ

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးထားသည့် သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် ပတ်သက် ဆက်နွယ်သူများဟုစွပ်စွဲခံရကာ အဖမ်းခံရသည့် ရွာသား ၉ ဦးအား တပ်မတော်မှ အမှု ပေါင်း (၁၃) မှုဖြင့် တရားစွဲဆိုထားရသည်ဟု အမှုလိုက်ပေးနေသော တရားလွှတ်တော်ရှေ့နေ စဝ်မြဝတီက ပြောသည် ။ " ဥပဒေနဲ့အညီဆောင်ရွက်ရင်တော့လွတ်နိုင်တာပေါ့...

ဌာနေပြည်သူ့စစ်များအခွန်ကောက်ခံမှုစုပေါင်းဖြေရှင်းနိုင်ရန် လားရှိုးခရိုင်လွှတ်တော်အမတ်နှင့် လူထုတွေ့ဆုံဆွေးနွေး

သျှမ်းပြည်မြောက်ပိုင်း လားရှိုးခရိုင် ဌာနေပြည်သူ့စစ်လှုပ်ရှားရာဒေသအတွင်း ရင်ဆိုင်နေရသည့် အခက်အခဲများကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ်စိုင်းဝမ်းလျန်းခမ်းနှင့် တွေ့ဆုံစဉ် ဒေသခံလူထုက တင်ပြခဲ့ကြောင်းသိရသည်။ ဂျန္နဝါရီလ ၁၃ ရက်နေ့ မွန်းတည့် ချိန်မှ ညနေ ၃ နာရီအထိ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် စိုင်းဝမ်းလျန်းခမ်းနှင့်အဖွဲ့က လားရှိုးမြို့နယ် နားနန်းအုပ်စု ၊ မိန်းပိုင်အုပ်စုနှင့် တွန်းနေအုပ်စုမှဒေသခံများအား...

ရွှေတူးဖော်ရေးအတွက် ကုမ္မဏီနှင့်အစိုးရ လာရောက်တွေ့ဆုံညှိနှိုင်းမှု မိုင်းဖြတ်လူထုသဘောမတူ

သျှမ်းပြည်အရှေ့ပိုင်း မိုင်းဖြတ်မြို့နယ်အတွင်းရှိ ရွှေတူးဖော်ရေးစီမံကိန်းအတွက် အစိုးရအာဏာပိုင်များနှင့်အတူ Assess Resource Asia ကုမ္မဏီက ဒေသခံလူထုနှင့် တွေ့ဆုံညှိနှိုင်းခဲ့ကြောင်းသိရသည်။ လူထုဆန့်ကျင်ကန့်ကွက်နေသည့် ရွှေတူးဖော်မှုစီမံကိန်းအောင်မြင်ရေးအတွက် ဂျန္နဝါရီလ ရ ရက်နေ့က ကုမ္မဏီနှင့်အစိုးရအာဏာပိုင်များ လူထုနှင့်တတိယအကြိမ်တွေ့ဆုံညှိနှိုင်းခြင်းဖြစ်ကြောင်း မိုင်းဖြတ်မြို့နယ် ကျားဖြူပါတီ SNDP ဥက္ကဌ စိုင်းခမ်းဇန်က ပြောသည်။ ကုမ္မဏီက အုပ်ချုပ်ရေးပိုင်းအာဏာပိုင်တွေ၊ မြေတိုင်းဦးစီးဌာနနဲ့...

လားရှိုးမြို့နယ် မိုင်းကျက်အုပ်စုအုပ်ချုပ်ရေးမှူးရွေးချယ်ပွဲ ပြည်သူ့စစ်တပ်ဖွဲ့မှ တားမြစ်

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်အတွင်းရှိ မိုင်းကျက်အုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ်ရန်အတွက် ရွာသားများ ရွေးကောက်ပွဲကျင်းပနေစဉ် ဒေသတွင်း ဌာနေပြည်သူ့စစ်တပ်ဖွဲ့မှဝင်ရောက်တားမြစ်ခြင်း ခံခဲ့ရကြောင်းသိရသည်။ ဂျန္နဝါရီလ ၆ ရက်နေ့က မိုင်းကျက်အုပ်စုတွင်ကျင်းပသော အုပ်စုအုပ်ချုပ်ရေးမှူးအသစ် ရွေးကောက်ပွဲသို့ ဒေသတွင်းလက်နက်ကိုင်ပြည်သူ့စစ်တပ်ဖွဲ့ရောက်ရှိကာ တားမြစ်ခဲ့ခြင်းဖြစ်ကြောင်း မိုင်းကျက်ဒေသခံ တဦးကသျှမ်းသံတော်ဆင့်အားပြောပြသည်။ “ကျနော်တို့ အုပ်စုဥက္ကဌ ရွေးကောက်ပွဲကိုလာတားတာ မန်ပန်ဌာနေပြည်သူ့စစ်တပ်ဖွဲ့ကဖြစ်ပါတယ်။ ဒေသအတွင်းအုပ်ချုပ်ရေးမှူး အဆင့်ရှိ စိုင်းထွန်း...

အများပိုင် တောင်သူလယ်သမားများ၏ ထုတ်ကုန်လမ်းအား လမ်းတံတားဌာနမှ ခြံစည်းရိုးခတ် လမ်းပိတ် ဒေသခံများအခက်တွေ့

သျှမ်းပြည်တောင်ပိုင်း ရွှေညောင်မြို့ ၊ အောင်သပြေ ရပ်ကွက် ၊ စဉ့်ဟယ် (၂) တွင် ဒေသခံပြည်သူများနှင့်တောင်သူ လယ်သမားများ ၏ စိုက်ပျိုးသီးနှံထုတ်ကုန်များသယ်ယူ ပို့ဆောင်ရေး တွင်အသုံး ပြု နေသောအများပိုင်လမ်းအား ဆောက်လုပ်ရေးဝန်ကြီးဌာန လက်အောက် ရှိလမ်းတံတားအထူး(၁၂)မှ ဌာနဆိုင်ရာ လုံခြုံရေး အတွက် ခြံစည်းရိုး...

တိုင်းရင်းသားဒေသအမျိုးသမီးများ အခွင့်အရေးချိုးဖောက်မှုခံနေရဆဲ တအာင်းအမျိုးသမီးအဖွဲ့ပြော

ဒီမိုကရေစီစနစ်သို့ပြောင်းလဲပြီဟုဆိုသော်လည်း တိုင်းရင်းသားဒေသများတွင် ဒေသခံအမျုုိးသမီးများအခွင့်အရေး ချိုးဖောက် ခံနေရသည့်ဘဝ မှာ ပြောင်းလဲမှုမရှိသေးကြောင်း တအာင်းအမျိုးသမီး မှတ်တမ်းနှင့်သုတေသနဌာနကပြောဆိုလိုက်ပါသည်။ လက်နက်ကိုင်တပ်ဖွဲ့များ၊အထူးသဖြင့် တပ်မတော်စစ်ကြောင်းလှုပ်ရှားရာဒေသတို့တွင် အမျိုးသမီးများဘဝ လုံခြုံမှုမရှိသေး ကြောင်းနှင့် အခွင့်အရေးချိုးဖောက်ခံရမှုများရှိနေသေးကြောင်း တအာင်းအမျိုးသမီး မှတ်တမ်းနှင့်သုတေသနဌာနတာဝန်ခံ လွေးပိုးကမေးခြိူဝ်းက သျှမ်းသံတော်ဆင့်အားပြောပြသည်။ “မြို့နဲ့နီးတဲ့နေရာ သွားရလာရလွယ်ကူတဲ့နေရာဆိုရင် တိုးတက်ပြောင်းလဲမှုက နဲနဲပါးပါးတွေ့ရတယ်ဆို ပေမယ့် မြို့နဲ့ အလှမ်းဝေးတဲ့ကျေးလက်တောရွာတွေဆိုရင်...

Latest news