Thursday, May 2, 2024

CATEGORY

လူ့အခွင့်အရေး

ဘီလူးချောင်း မိုးဗြဲရေကာတာအနီးကျေးလက် ရ အုပ်စု ယနေ့တိုင်လျှပ်စစ်မီးမရသေး

သျှမ်းပြည်နယ် ၊ တောင်ပိုင်း တောင်ကြီးခရိုင် ၊ ညောင်ရွှေမြို့နယ်၏တောင် ဘက် ၊ အင်းလေးကန်၏ အနောက်ဖက်ခြမ်းတွင်တည်ရှိသော လုံကန်ကျေး ရွာအပါအဝင် စံကားဒေသ (၇) အုပ်စုသည် လျှပ်စစ်မီးရရှိရေးနှင့် လမ်းပန်း ဆက်သွယ်ရေးအတွက် ခေတ်အဆက်ဆက် အစိုးရထံတောင်းဆိုလာသော် လည်း ယနေ့ထက် ထိမအောင်မြင်နိုင်သေးကြောင်း သိရသည်...

RCSS/SSA နှင့်ပတ်သက်သည့် ဟိုပုံးဒေသခံ ၈ ဦး ထောင်ဒဏ် ၁ နှစ်မှ ၁၀ နှစ်အထိချမှတ်ခံရ

တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး NCA စာချုပ်လက်မှတ်ရေးထိုးထားသည့် သျှမ်းပြည်တပ်မတော် RCSS/SSA အား ထောက်ပံ့ဆက်သွယ်မှုဖြင့်ဖမ်းဆီးခံရသည့်ရွာသားများအား ဟိုပုံးမြို့နယ်တရားရုံးက ထောင်ဒဏ် ၁ နှစ်မှ ၁၀ နှစ် ထိ ချမှတ်လိုက်သည်။ ဖေဖော်ဝါရီ ၂၆ ရက်နေ့က  တရားခံ ၈ ဦးကို သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် တရားရုံးက အမှ​ုပေါင်းများစွာ...

ကွန်ဟိန်း မြို့နယ် တောင်သူလယ်သမားအဖွဲ့ ဖွဲ့စည်း

တောင်သူလယ်သမားများ အခွင့်အရေးအတွက်ရည်ရွယ်ကာ ကွန်ဟိန်းမြို့နယ်တောင်သူလယ်သမားအဖွဲ့ ဖွဲ့စည်းခဲ့ကြောင်းသိရသည်။ ဖေဖော်ဝါရီလ ၁၇ နှင့် ၁၈ ရက်နေ့က သျှမ်းပြည်တောင်ပိုင်း ကွန်ဟိန်းမြို့ရှိ မိုင်းပန်ခန်းမတွင် တောင်သူလယ်သမားအခွင့် အရေးဆိုင်ရာတွေ့ဆုံဆွေး နွေးပွဲကျင်းပခဲ့ပြီး တောင်သူ ရာကျော်ခန့်ပါ၀င်သည့် " ကွန်ဟိန်း မြို့နယ် တောင်သူလယ်သမားအဖွဲ့ " ဖွဲ့စည်းနိုင်ခဲ့ ပါသည်။ ဒေသခံတောင်သူများနှင့် သက်ဆိုင်ရာဒေသတွင်း...

မြေဧက တိုးပေးမည်ဟုဆိုကာ မြေစာရင်းဝန်ထမ်းမှ ပုံစံ ၁၀၅ သိမ်းယူ၊ အိမ်ပိုင်ရှင်အမှုရှုံး၍ နေအိမ်ဖယ်ရှားခံရ

ညောင်ရွှေမြို့နယ်မြေစာရင်းဦးစီးဌာနမှတရားဝင်ထုတ်ပေးထားသောမြေစာရင်းပုံစံ (၁၀၅) အားအကြောင်းပြချက်မရှိ ပြန်လည်သိမ်းဆည်းလိုက်ခြင်း ကြောင့်အမှုရှံုးကာ ဒေသခံတဦး နေအိမ်ဖယ်ရှားဖျက်ဆီးခံရကြောင်းစုံစမ်းသိရှိရသည်။ ညောင်ရွှေမြို့နယ် ရွာသစ်ရွာ၊ ရွာသာကျေးရွာအုပ် ကွင်းအမှတ် (၁၉) ဦးပိုင်အမှတ်(၂၀၁) စုရှိ လယ် မြေဧက (၄.၂၉) ဧရိယာတွင် နေထိုင်သည့် ဒေါ်လှရင် မိသားစုသည် ၁၉၈၅ ခုနှစ်မှစ၍ မြေစာရင်းဦးစီးဌာနသို့ သီးနှံ...

၈ လကျော်ကြာအဖမ်းခံထားရသည့် ဟိုပုံးဒေသခံများအမှု အပြီးသတ်ချမှတ်တော့မည်

၂၀၁၇ ခုနှစ် ဂျုလိုင်လ လယ်ပိုင်းက အစိုးရတပ်မတော်မှ ဖမ်းဆီးထိန်းသိမ်းထားသည့် ဟိုပုံးမြို့နယ်အတွင်းက ကျေးလက်ရွာသား ၈ ဦးအား တရားရုံးတော်မှာ တပ်မတော်ဘက်မှ အမှု ၁၂ မှု ဖြင့် အမှုဖွင့် တရားစွဲဆိုထားသည်မှာ ပြီးဆုံးခါနီးပြီဖြစ်ကြောင်းသိရသည်။ အဆိုပါ တရားခံ ၈ ဦးကို လာမည့် ဖေဖော်ဝါရီ...

မီဒီယာလွတ်လပ်ခွင့်နှင့် ပတ်သက်၍ စစ်တမ်းကောက်

သတင်းမီဒီယာလွတ်လပ်ခွင့်အပေါ်သတင်းသမားများ၏ စိုးရိမ်ပူပန်မှုများ၊ လက်ရှိ စိန်ခေါ်မှုများ နှင့် ပြုပြင်ပြောင်းလဲလိုမှုများကို လွတ်လပ်စွာထုတ်ဖော်ပြောဆိုခြင်းအဖွဲ့ မြန်မာ Free Expression Myanmar က တောင်ကြီးမြို့ ရှိ နယ်ခံသတင်းသမားများနှင့် တွေ့ဆုံ၍ စစ်တမ်းကောက် ယူမှုများ ပြုလုပ်ခဲ့ပါသည် ။ " ဒီက ဂျာနယ်လစ် သတင်းသမားတွေရဲ့ ဒီမီဒီယာလွတ်လပ်ခွင့်...

လူခွန်ဟုဆိုကာ ဌာနေပြည်သူ့စစ်တပ်ဖွဲ့မှ လားရှိုး- ကျေးလက်လူထုထံပိုက်ဆံကောက်

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းကျက်အုပ်စုတွင် ဌာနေပြည်သူ့စစ်အဖွဲ့က အုပ်စုသား များထံ လူခွန်ဟုဆိုကာ ကျပ်ငွေသိန်း ၅၀ ပေးဆောင်ရန် ဆင့်ဆိုသည်ဟုသိရသည်။ လားရှိုးမြို့အရှေ့ဘက် မိုင် ၅၀ ကျော်အကွာ မိုင်းကျက်အုပ်စု ၁၃ ရွာအား မန်ပန်ဌာနေပြည်သူ့စစ်၏ ဒေသတွင်းအုပ်ချုပ်ရေးမှူးအဆင့်ရှိသူက မိုင်းကျက်ဒေသခံလူထုထံမှ အခွန်ငွေများ ဆင့်ဆိုကာ တပို့တွဲလဆန်း ၇...

သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် ပတ်သက်ဆက်နွယ်မှုဖြင့် ရ လ ကျော်ဖမ်းခံထားရသည့် ဟိုပုံးကျေးလက်ရွာသား ၉ ဦး အမှု ၁၃ မှု ရင်ဆိုင်နေရ

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးထားသည့် သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် ပတ်သက် ဆက်နွယ်သူများဟုစွပ်စွဲခံရကာ အဖမ်းခံရသည့် ရွာသား ၉ ဦးအား တပ်မတော်မှ အမှု ပေါင်း (၁၃) မှုဖြင့် တရားစွဲဆိုထားရသည်ဟု အမှုလိုက်ပေးနေသော တရားလွှတ်တော်ရှေ့နေ စဝ်မြဝတီက ပြောသည် ။ " ဥပဒေနဲ့အညီဆောင်ရွက်ရင်တော့လွတ်နိုင်တာပေါ့...

ဌာနေပြည်သူ့စစ်များအခွန်ကောက်ခံမှုစုပေါင်းဖြေရှင်းနိုင်ရန် လားရှိုးခရိုင်လွှတ်တော်အမတ်နှင့် လူထုတွေ့ဆုံဆွေးနွေး

သျှမ်းပြည်မြောက်ပိုင်း လားရှိုးခရိုင် ဌာနေပြည်သူ့စစ်လှုပ်ရှားရာဒေသအတွင်း ရင်ဆိုင်နေရသည့် အခက်အခဲများကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ်စိုင်းဝမ်းလျန်းခမ်းနှင့် တွေ့ဆုံစဉ် ဒေသခံလူထုက တင်ပြခဲ့ကြောင်းသိရသည်။ ဂျန္နဝါရီလ ၁၃ ရက်နေ့ မွန်းတည့် ချိန်မှ ညနေ ၃ နာရီအထိ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် စိုင်းဝမ်းလျန်းခမ်းနှင့်အဖွဲ့က လားရှိုးမြို့နယ် နားနန်းအုပ်စု ၊ မိန်းပိုင်အုပ်စုနှင့် တွန်းနေအုပ်စုမှဒေသခံများအား...

ရွှေတူးဖော်ရေးအတွက် ကုမ္မဏီနှင့်အစိုးရ လာရောက်တွေ့ဆုံညှိနှိုင်းမှု မိုင်းဖြတ်လူထုသဘောမတူ

သျှမ်းပြည်အရှေ့ပိုင်း မိုင်းဖြတ်မြို့နယ်အတွင်းရှိ ရွှေတူးဖော်ရေးစီမံကိန်းအတွက် အစိုးရအာဏာပိုင်များနှင့်အတူ Assess Resource Asia ကုမ္မဏီက ဒေသခံလူထုနှင့် တွေ့ဆုံညှိနှိုင်းခဲ့ကြောင်းသိရသည်။ လူထုဆန့်ကျင်ကန့်ကွက်နေသည့် ရွှေတူးဖော်မှုစီမံကိန်းအောင်မြင်ရေးအတွက် ဂျန္နဝါရီလ ရ ရက်နေ့က ကုမ္မဏီနှင့်အစိုးရအာဏာပိုင်များ လူထုနှင့်တတိယအကြိမ်တွေ့ဆုံညှိနှိုင်းခြင်းဖြစ်ကြောင်း မိုင်းဖြတ်မြို့နယ် ကျားဖြူပါတီ SNDP ဥက္ကဌ စိုင်းခမ်းဇန်က ပြောသည်။ ကုမ္မဏီက အုပ်ချုပ်ရေးပိုင်းအာဏာပိုင်တွေ၊ မြေတိုင်းဦးစီးဌာနနဲ့...

Latest news