CATEGORY

လူ့အခွင့်အရေး

မိုင်းကိုင်မြို့နယ် စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် အဆမတန် ပိုက်ဆံကောက်

သျှမ်းပြည် လွိုင်လင်ခရိုင် မိုင်းကိုင်မြို့နယ် တုံလောကျေးရွာအုပ်စုထဲတွင် စစ်ကောင်စီမှ ဖွင့်လှစ်ထားသည့် စစ်ဆေးရေးဂိတ် ဖြတ်သန်းသွားသည့် ကားသမားများထံ အဆမတန် ငွေကောက်ခံနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလမှစပြီး မိုင်းကိုင်မြို့နယ် တုံလောကျေးရွာထဲတွင် စစ်ကောင်စီက စစ်ဆေးရေးဂိတ်ကို ဖွင့်လာပြီး ကားတစ်စီးလျှင် ကျပ်ငွေ ၅ သောင်းမှ ကျပ်ငွေ တစ်သိန်းထိ...

စစ်ကျွန်ဘဝအောက် သျှမ်းဆရာမလေးရဲ့ အိမ်မက်ကို ဖျက်ဆီးတဲ့ ရုပ်ရှင်ကောက်ကြောင်း

“ႁူင်းႁဵၼ်းဢွၼ်ႇ ႁူင်းႁဵၼ်းဢွၼ်ႇ မီးလင်လဵဝ် မီးႁိမ်းပႃႇမႆ့ၶဵဝ်” မြန်မာလို ကတော့ “တောအုပ်ထဲက စာသင်ကျောင်းလေး” ဆိုတဲ့ သျှမ်းကဗျာ ကို တောင်ကြားမှာရှိတဲ့ ဇရပ်ဟောင်းကလေးထဲက ကလေးတွေ ရွတ်ဆိုနေတဲ့ အသံကိုကြားရပါတယ်။ အဲ့ဒီ ကဗျာ ရွတ်ဆိုသံကို ကြားလိုက်တာ နဲ့ သျှမ်းကလေးတွေ သျှမ်းစာသင်နေတယ်ဆိုတဲ့ စွဲဆောင်မှု တစ်ချက်...

အင်းလေး စစ်ဆေးရေးဂိတ်စောင့် စစ်ကောင်စီ တပ်သား အမျိုးသမီးများကို ကိုယ်ထိလက်ရောက် ပြုလုပ်

သျှမ်းပြည် တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ် အင်းလေးဒေသရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်များမှ တပ်သားများ သည် အမျိုးသမီးများကို ကိုယ်ထိလက်ရောက်စစ်ဆေးမှုများ ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ အင်းလေးဒေသ အနောက်ဘက်ခြမ်း ဘုရားနီကျေးရွာ နှင့် သန်းတောင်ကျေးရွာကြား စစ်ကောင်စီ နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့၏ ထိတွေ့တိုက်ပွဲအပြီး၌ စစ်ဆေးမှုများလည်း တင်းကြပ်လာပြီး...

အင်းလေးဒေသတွင် စစ်ကောင်စီ နှင့် PNO တို့ပူးပေါင်းပြီး ဒေသခံများထံ ဆက်ကြေးကောက်

သျှမ်းပြည် တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ် အင်းလေး အနောက်ဘက်ခြမ်းရှိ အင်းတိမ်ရွာ ဒေသခံများကို စစ်ကောင်စီတပ်ဖွဲ့ နှင့် ပအိုဝ်းပြည်သူ့စစ်တပ်ဖွဲ့ (PNO/PNA) တို့ ပူးပေါင်းပြီး ဆက်ကြေးကောက်ခံ ခဲ့ကြောင်း စုံစမ်း သိရှိရသည်။ အင်းလေးဒေသ အနောက်ဘက်ခြမ်းတွင် စစ်ကောင်စီတပ်ဖွဲ့ နှင့် သျှမ်းတောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့...

အေးသာယာ ကားလေးကွင်း ဆိုင်ခန်းဝယ်ယူထားသူများထံ ငှားရမ်းခ ထပ်မံကောက်ခံ

သျှမ်းပြည် တောင်ကြီးခရိုင် တောင်ကြီးမြို့နယ် အေးသာယာမြို့ ကားလေးကွင်းရှိ အခန်းဝယ်ယူထားသူများထံ ဆိုင်ခန်းဌားရမ်းခ ဆိုပြီး စည်ပင်က ထပ်မံ ပိုက်ဆံကောက်ခံနေကြောင်း သိရှိရသည်။ အေးသာယာ ကားလေးကွင်းရှိ ဆိုင်ခန်းတစ်ခန်းကို ကျပ်သိန်း ၆၅၀ ဖြင့် ရောင်းချခဲ့ပြီး ဖြစ်သော်လည်း ၂၀၂၂ ခုနှစ် (အောက်တိုဘာလ) မှ ၂၀၂၃...

ဖယ်ခုံမြို့နယ် အနောက်ဘက်ကမ်း စစ်ကောင်စီ နှင့် PDF တို့ တိုက်ပွဲဖြစ်ပွား

သျှမ်းပြည် တောင်ကြီးခရိုင် ဖယ်ခုံမြို့နယ် အနောက်ဘက်ကမ်းတွင် ယနေ့ (ဇန်နဝါရီ ၁၀) နံနက် ၈ နာရီဝန်းကျင်မှစပြီး စစ်ကောင်စီ နှင့် ဖယ်ခုံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Pekhon PDF) တို့ တိုက်ပွဲ ဖြစ်ပွားနေကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ တိုက်ပွဲသည် ဖယ်ခုံမြို့နယ် အနောက်ဘက်ကမ်းတွင် စစ်ကောင်စီက...

အင်းလေးဒေသတွင် PDF နှင့် ထောက်ပံ့သူ ၁၂ ဦးကို ဖမ်းဆီးရမိကြောင်း စစ်ကောင်စီ ထုတ်ပြန်

သျှမ်းပြည် တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ်ထဲတွင် ပြီးခဲ့သည့် ဇန်နဝါရီ (၃) ရက်နေ့က စစ်ကောင်စီ နှင့် အင်းလေး PDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယနေ့ (ဇန်နဝါရီ ၈) ရက်တွင် ထောက်ပံ့သူများ နှင့် PDF များကို ဖမ်းဆီးရမိကြောင်း ထုတ်ပြန်ခဲ့သည်။ အဆိုပါ ထုတ်ပြန်ချက်ထဲတွင်...

ဆီဆိုင်မြို့ အရပ်သား ၂ ဦးကို PDF ထောက်ပို့ဟု စွပ်စွဲပြီး စစ်ကောင်စီက ဖမ်းဆီးသွား

သျှမ်းပြည် တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ် ဆီဆိုင်မြို့တွင် နေထိုင်သည့် အရပ်သား၂ ဦးကို စစ်ကောင်စီ က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ကို ထောက်ပို့ပေးသည်ဟု စွပ်စွဲပြီး ဖမ်းဆီးခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် သီတင်းပတ်အတွင်း သျှမ်း- ကရင်နီ (ကယား)ပြည်နယ်စပ် ဆီဆိုင်မြို့နယ် ရေဖြူရွာမှာ နေထိုင်သည့် အမျိုးသားတစ်ဦးနှင့်...

အောင်ပန်းမြို့ သွေးလှူရှင်အသင်းခေါင်းဆောင် ထောင်ဒဏ်၁၀ နှစ်ချခံရ

သျှမ်းပြည် တောင်ကြီးခရိုင် အောင်ပန်းမြို့ သွေးလှူရှင်အသင်းခေါင်းဆောင် ကိုတရုတ်ကြီးကို စစ်ကောင်စီမှ ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်ကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ ကိုတရုတ်ကြီးကို PDF ထောက်ပံ့မှုဖြင့် အမှုစွဲပြီး စစ်ကောင်စီမှ ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်ပြီး ၎င်းနှင့်အတူဖမ်းခံရသည့် အဖွဲ့ဝင်များ ပြန်လွှတ်လာကြောင်း အောင်ပန်းမြို့ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “...

ပင်းတယမြို့နယ် စစ်ကောင်စီမှ အမျိုးသမီးများကို ကိုယ်ထိလက်ရောက်ကျူးလွန်နေ

သျှမ်းပြည် တောင်ကြီးခရိုင် ပင်းတယမြို့နယ်အတွင်းတွင် လုံခြုံရေးကို အကြောင်းပြပြီး စစ်ကောင်စီ တပ်သားများက အမျိုးသမီးငယ်များကို ကိုယ်ထိလက်ရောက် ကာယိန္ဒြေ ကျူးလွန်မှု ပြုလုပ်နေကြောင်း စုံစမ်း သိရှိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၂ ရက်တွင် သျှမ်းပြည် တောင်ကြီးခရိုင် ပင်းတယမြို့ နှင့် ရွာငံမြို့ကြားတွင် ရှိသည့် စစ်ကောင်စီ...

Latest news