စစ်ကျွန်ဘဝအောက် သျှမ်းဆရာမလေးရဲ့ အိမ်မက်ကို ဖျက်ဆီးတဲ့ ရုပ်ရှင်ကောက်ကြောင်း

“ႁူင်းႁဵၼ်းဢွၼ်ႇ ႁူင်းႁဵၼ်းဢွၼ်ႇ မီးလင်လဵဝ် မီးႁိမ်းပႃႇမႆ့ၶဵဝ်” မြန်မာလို ကတော့ “တောအုပ်ထဲက စာသင်ကျောင်းလေး” ဆိုတဲ့ သျှမ်းကဗျာ ကို တောင်ကြားမှာရှိတဲ့ ဇရပ်ဟောင်းကလေးထဲက ကလေးတွေ ရွတ်ဆိုနေတဲ့ အသံကိုကြားရပါတယ်။

The Teacher &The School ဇာတ်ဝင်ခန်း

အဲ့ဒီ ကဗျာ ရွတ်ဆိုသံကို ကြားလိုက်တာ နဲ့ သျှမ်းကလေးတွေ သျှမ်းစာသင်နေတယ်ဆိုတဲ့ စွဲဆောင်မှု တစ်ချက် ဝင်လာပြီး ရုပ်ရှင်ကို ကြည့်ဖို့အတွက် စိတ်အားထက်သန်ခဲ့ပါတယ်။

အဲ့ဒီ ဗီဒီယိုဟာ ၁၉၉၀ ခုနှစ်လောက်က စပြီး သျှမ်းပြည်တွင်း စစ်တပ်က ပြည်သူ လူထုတွေအပေါ် ရက်စက် ကြမ်းကြုတ်မှုကို ရိုက်ကူးထားတာကို တွေ့ရပါတယ်။

ရုပ်ရှင်ထဲက ကွက်ကွက်ကွင်းကွင်း မှတ်မိတဲ့အချက်ကတော့ လင်မယား နှစ်ဦး ရွာလမ်းအတွင်း နွားလှည်း မောင်းလာစဥ် စစ်တပ် က ဟန့်တားပြီး စစ်ဆေးမေးမြန်းကာ မိန်းကလေးကို သေနတ်နဲ့ ပစ်သတ်လိုက်ခြင်း၊ စျေးအတွင်း သေနတ်ပစ်ဖောက် ရမ်းကားခြင်း၊ ရွာသူကြီးကို ဖမ်းဆီး ခေါ်ဆောင်သွားတာတွေကို ရိုက်ကူးပုံဖော်ထားတာကို တွေ့ရပါတယ်။

The Teacher &The School ဇာတ်ဝင်ခန်း

“သျှမ်းအလံကို အလေးပြုပြီး ကြည့်ရတဲ့ ပထမဆုံး သျှမ်းရုပ်ရှင်ကို ရိုက်ကူး ပုံဖော်ထားသူက ကျနော် ဖြစ်လိမ့်မယ်လို့ တခါမှ အိမ်မက်တောင် မမက်ဖူးခဲ့ပါဘူးဗျ” လို့ သျှမ်းရုပ်ရှင် ဖန်တီးရှင်က သူ့ရဲ့ လူမှုကွန်ရက် စာမျက်မှာ ရေးသားထားတာ တွေ့ရပါတယ်။

The Teacher & The School နာမည်ရှိတဲ့ ရုပ်ရှင် ဇာတ်လမ်းတွဲ ဖြစ်ဖို့အတွက် ကျောင်းသားတွေက ကိုယ်တိုင် ဖန်တီးရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။

အဲ့ဒီ ရုပ်ရှင်ကို ရိုက်ကူးတာကတော့ သျှမ်းလူငယ်ဒါရိုက်တာ စိုင်းထျန်ခေးက ဦးဆောင်ပြီးရိုက်ကူးခဲ့ပါတယ်။

“ကျနော်တို့ အချိန် (၄) လလောက် ယူပြီး စာတွေ့ လက်တွေ့ သင်ကြားပြီးတော့ နောက်ဆုံးတော့ ဒီဗီဒီယို ကို ရိုက်ကူးရတာဖြစ်တယ်။ သင်တန်းသူ/ သား တွေကလည်း ဖြစ်ရပ်မှန်ကို အခြေခံပြီးတော့ ပြန်ပြီး ပုံဖော် ရိုက်ကူးထားတာပါ” လို့ ရုပ်ရှင်ဒါရိုက်တာလည်းဖြစ် သင်တန်းဆရာလည်း ဖြစ်တဲ့ စိုင်းထျန်ခေး က ပြောပါတယ်။

The Teacher &The School ဇာတ်ဝင်ခန်း

အဲ့ဒီ ရုပ်ရှင်ဟာ သျှမ်းဘာသာ နဲ့ ရိုက်ကူးထားပြီး အင်္ဂလိပ်ဘာသာ စာတန်းထိုးထားပြီး ရုပ်ရှင်ကြာချိန် ကတော့ မိနစ် (၃၀) လောက်သာရှိပြီး အဲ့ဒီ အချိန်တိုအတွင်းမှာ စစ်တပ်တွေရဲ့ ရက်စက်ကြမ်းကြုတ် တာတွေ ဖော်ပြထားပါတယ်။

ဒါဟာ သျှမ်းလူမျိုးတွေ ကြည့်ရှု့ဖို့အတွက်ပဲလားလို့ မေးခွန်းထုတ်စရာဖြစ်နေပါတယ်။ ဒီလို တခေတ်တခါ က သျှမ်းလူထုတွေဖြစ်ခဲ့တဲ့အရာကို တခြား တိုင်းရင်းသားတွေလည်း သိသင့်တယ်လို့ ရုပ်ရှင်ကြည့် ပရိသတ်အနေနဲ့ ပြောချင်ပါတယ်။

အဲ့ရုပ်ရှင်ဟာ ၁၉၉၀ လောက်က သျှမ်းလူမျိုးတွေအပေါ် စစ်တပ်က ရက်စက်ကြမ်းကြုတ်တဲ့ ဇာတ်ကားကို အခြေခံ ရိုက်ကူးထားတာကို တွေ့ရတယ်။ အဓိက ဇာတ်အိမ်ကတော့ အဲ့ဒီကာလမှာ စစ်တပ်က ဖြတ်လေးဖြတ် ပြုလုပ်ပြီး သျှမ်းစာသင်ခွင့် ပိတ်ပင်တာတွေကို အခြေခံ ရိုက်ကူးထားတာ တွေ့ရပါတယ်။

The Teacher &The School ဇာတ်ဝင်ခန်း

ရုပ်ရှင်ဟာ သျှမ်း ဆရာမ နဲ့ ဆရာဝန် တို့ရဲ့ အချစ်ဇာတ်လမ်း ပုံဖော်ရိုက်ခြင်း၊ စစ်တပ်က မြေမြှုပ်မိုင်း ထောင်ပြီး ရွာသားတွေ တောင်ယာ သွားရာမှာ မြေမြှုပ်မိုင်းနင်းမိပြီး အသက်ဆုံးရှုံးသွားရခြင်း၊ အမျိုးသမီး အပေါ် မုဒိမ်းကျင့် သတ်ဖြတ်ခြင်း စတာတွေကို ရသစုံလင်စွာ နဲ့ ပုံဖော်ရိုက်ကူးထားတာကို တွေ့ရပါတယ်။

“ဖြတ်လေးဖြတ် ကာလက ဖြစ်ပွားခဲ့တဲ့ သမိုင်းကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ ရိုက်ကူးချိန်ကတော့ (၁၀) ရက် နီးပါးလောက် အချိန်ယူပြီး ရိုက်ကူးရတယ်။ ရုပ်ရှင်ကြာချိန်ကတော့ မိနစ် (၃၀) လောက်ပဲရှိမယ်” လို့ စိုင်းထျန်ခေး က ပြောပါတယ်။

အဲ့ဒီ ရုပ်ရှင်ကို သျှမ်းပြည်တွင်းက လွတ်မြောက်နယ်မြေ တစ်နေရာမှာ သျှမ်းတိုင်းရင်းသားလူငယ် တွေက ရိုက်ကူးပုံဖော်ထားတာကို တွေ့ရပါတယ်။

အဲ့ဒီ ရုပ်ရှင် ဇာတ်ကားကို ဂျပန်နိုင်ငံ နဲ့ ထိုင်းနိုင်ငံ မှာ ရုံတင်ပြနိုင်ဖို့ အတွက်လည်း ကြိုးစားသွားမည် ဖြစ်ကြောင်း ရုပ်ရှင် ဒါရိုက်တာ စိုင်းထျန်ခေး က သျှမ်းသံတော်ဆင့် အင်တာဗျူးမှာ ပြောခဲ့ပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...