CATEGORY

လူ့အခွင့်အရေး

ဘုရားထီးတင်ပွဲအတွက် PNO မှ တစ်အိမ်လျှင် ၅,၀၀၀ ကျပ် လိုက်ကောက်

သျှမ်းပြည် တောင်ကြီးခရိုင် ကျောက်တလုံးမြို့တွင် တည်ထားကိုးကွယ်ထားသည့် မဟာဝံသ ဗုဒ္ဓဂါယာ စေတီတော်မြတ်ကြီး ဘုရားထီးတင်ပွဲဟုဆိုပြီး ပအိုဝ်းပြည်သူ့စစ် (PNO/ PNA) သည် တစ်အိမ်လျှင် ၅,၀၀၀ ကျပ်ဖြင့် လိုက်လံကောက်နေကြောင်း သတင်းရရှိသည်။ ကျောက်တလုံးကြီးမြို့၏ မဟာဝံသဗုဒ္ဓဂါယာ စေတီတော်မြတ်ကြီး ကျောက်တလုံးမြို့၏ မြောက်ဘက်အရပ်ရှိ မဟာဝံသ ဗုဒ္ဓဂါယာ စေတီတော်မြတ်ကြီးကို ပြီးခဲ့သည့်...

လားရှိုး လောင်းကစားဝိုင်း ဗုံးပေါက်ကွဲ လူ ၂ ဦး သေဆုံးဦး၊ ၅ ဦး ထိခိုက်ဒဏ်ရာရ

သျှမ်းပြည် လားရှိုးခရိုင် လားရှိုးမြို့ လောင်းကစားဝိုင်းရုံတစ်ခုတွင် ဗုံးတစ်လုံးပေါက်ကွဲပြီး လူ ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိပြီး ၂ ဦး သေဆုံးကြောင်း သတင်းသိရှိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၂၁ ရက် ညနေ ၉ နာရီတွင် လားရှိုးမြို့ ရပ်ကွက် ၅ အတွင်းရှိ...

အမျိုးသမီးတွေ ကာယအိန္ဒြေပျက်အောင်စစ်ဆေးတဲ့ စကစ တပ်သားများ

ဆိုင်ကယ်ကို တဖြည်းဖြည်း မောင်းနှင်လာချိန်မှာ စစ်ယူနီဖောင်း ဝတ်ဆင်ထားပြီး လက်နက်ကိုင်အပြည့်နဲ့ ရပ်စောင့်နေတဲ့ တပ်သားတွေကို ရုတ်တရက်မြင်လိုက်တော့ လှည့်ပြန်ဖို့ သူမတို့ ၂ ဦး စဥ်းစားခဲ့မိပါတယ်။ ဒါပေမယ့် ရွေးချယ်စရာ တခြားဖြတ်လမ်းမရှိတဲ့အတွက် စစ်ကောင်စီတပ်စောင့်တဲ့ နေရာကိုသာ စိတ်အားတင်းပြီး တည့်တည့်ဆက်မောင်းခဲ့ပါတယ်။ အဲ့ဒီ စစ်ကောင်စီ စစ်ဆေးရေးရှိတဲ့ နေရာဟာ ရွာငံ...

သျှမ်းပြည်အတွင်း အစိုးရကျောင်းတွင် သျှမ်းစာသင်ကြားပေးသူမရှိ

သျှမ်းပြည် လားရှိုးခရိုင် ၊ ကျောက်မဲခရိုင် အစိုးရကျောင်းများထဲတွင် သျှမ်းစာပေများ သင်ကြားပေးသူ မရှိတော့ကြောင်း စုံစမ်းသိရှိရသည်။ ကိုဗစ် - ၁၉ နှင့် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းတွင် ဝန်ထမ်းများက အာဏာဖီဆန်ရေး CDM ပြုလုပ်လာသောကြောင့် လားရှိုးခရိုင်၊ ကျောက်မဲခရိုင်အတွင်းရှိ အစိုးရကျောင်းများတွင် သျှမ်းစာသင်ကြားမှု မရှိတော့ကြောင်း သိရသည်။ "...

နေရပ်ပြန် ကျောက်မဲ စစ်ရှောင်များ စားသောက်ရေးအတွက် ခက်ခဲနေ

သျှမ်းပြည် ကျောက်မဲခရိုင် ကျောက်မဲမြို့မှ နေရပ်ပြန်ရောက်ရှိသွားသည့် ချုံးအုပ်စုရှိ ချုံးသစ်ရွာ၊ ချုံးဟောင်းရွာ မှ စစ်ဘေးရှောင်များသည် စားသောက်ရေးအတွက် အကူအညီများ လိုအပ်နေကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းတွင် ကျောက်မဲမြို့မှ စစ်ရှောင်များ ဖြစ်ကြသည့် ချုံးသစ်ရွာခံမှ အိမ်ထောင်စု ၅ အိမ် ၊ ချုံးဟောင်းမှ အိမ်ထောင်စု...

နောင်တရား စစ်ကောင်စီဂိတ်မှ ကားသမားများ သယ်ဆောင်လာသည့် ဘီယာကို အဓမ္မသိမ်းယူ

သျှမ်းပြည် တောင်ကြီးခရိုင် ပင်လောင်း - အောင်ပန်းကြား စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် ပြည်သူသယ်ဆောင် လာသည့် ဘီယာများကို စစ်ကောင်စီက အဓမ္မသိမ်းယူကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် သီတင်းပတ်က ပင်လောင်း - အောင်ပန်းကြား နောင်တရား မြို့နယ်ခွဲ ပြည်ထောင်စု ကားလမ်းမ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီ...

တီကျစ် ကျောက်မီးသွေးတွင်းအနီး ယာဉ်မောင်းတစ်ဦး ပစ်သတ်ခံရပြီး လယ်သမားတစ်ဦးဒဏ်ရာရ

သျှမ်းပြည် တောင်ကြီးခရိုင် ပင်လောင်းမြို့နယ်တွင် တီကျစ် ကျောက်မီးသွေးအနီး စစ်ကောင်စီ နှင့် PNO တို့ ပစ်ခတ်မှုကြောင့် ယာဉ်မောင်းတစ်ဦး သေဆုံးသွားပြီး လယ်သမားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ရှမ်းလူ့အခွင့်ရေးမဏ္ဍိုင်မှ ယနေ့ (ဇန်နဝါရီ ၁၈) ရက် တွင် ထုတ်ပြန်ထားသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၇...

CDM နှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို စစ်ကောင်စီမှ ဆက်တိုက် ဖမ်းဆီးနေ

သျှမ်းပြည် လားရှိုးခရိုင်၊ ကျောက်မဲ ခရိုင် နှင့် မူဆယ်ခရိုင်တို့မှ CDM ပြုလုပ်သည့် ဝန်ထမ်းများ နှင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများကို စစ်ကောင်စီမှ ရက်ဆက်တိုက် လိုက်လံ ဖမ်းဆီးနေကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် (ဇန်နဝါရီ ၁၅) ရက်တွင် ကျောက်မဲခရိုင် သီပေါမြို့မှ CDM လုပ်သည့်...

စစ်ကောင်စီ စည်းမျဉ်းသစ်ကြောင့် နိုင်ငံတကာ အလှူရှင် ရရန်ခက်ခဲဟု လူမှုကူညီရေး အသင်းများပြော

သျှမ်းပြည် တောင်ကြီးခရိုင်အတွင်း လှုပ်ရှားနေသည့် လူမှုကူညီရေးအသင်းများကို စစ်ကောင်စီမှ ထုတ်ပြန်သည့် စည်းမျဉ်းစည်းကမ်း အသစ်များကြောင့် နိုင်ငံတကာ အလှူရှင် ရရှိရန် ခက်ခဲနေကြောင်း သတင်းရရှိသည်။ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တိုက်ပွဲကြောင့် တောင်ကြီးခရိုင်အတွင်း အိုးအိမ်စွန့်ပြီး ထွက်ပြေးတိမ်းရှောင်နေရသော ဒေသခံပြည်သူများသည် အရေးပေါ်...

မူဆယ် လူငယ်တစ်ဦးကို စစ်ကောင်စီမှ PDF ထောက်ပံ့ပေးနေသည်ဟု စွပ်စွဲကာ ထောင်ဒဏ် (၁၀) နှစ်ချ

သျှမ်းပြည် မူဆယ်ခရိုင် မူဆယ်မြို့တွင် နေထိုင်သည့် လူငယ်တစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ထောက်ပံ့သည်ဟုဆိုပြီး စစ်ကောင်စီမှ ယနေ့ (ဇန်နဝါရီ ၁၃ ) ရက်တွင် အလုပ် နှင့် ထောင်ဒဏ် (၁၀) နှစ်ချလိုက်ကြောင်း သတင်းရရှိသည်။ မူဆယ်မြို့တွင် နေထိုင်သည့် အသက် ၂၉ နှစ်အရွယ်ရှိ...

Latest news