သျှမ်းပြည်အတွင်း အစိုးရကျောင်းတွင် သျှမ်းစာသင်ကြားပေးသူမရှိ

သျှမ်းပြည် လားရှိုးခရိုင် ၊ ကျောက်မဲခရိုင် အစိုးရကျောင်းများထဲတွင် သျှမ်းစာပေများ သင်ကြားပေးသူ မရှိတော့ကြောင်း စုံစမ်းသိရှိရသည်။

အစိုးရကျောင်းမှာ တိုင်းရင်းသားစာပေသင်ကြားစဥ်

ကိုဗစ် – ၁၉ နှင့် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းတွင် ဝန်ထမ်းများက အာဏာဖီဆန်ရေး CDM ပြုလုပ်လာသောကြောင့် လားရှိုးခရိုင်၊ ကျောက်မဲခရိုင်အတွင်းရှိ အစိုးရကျောင်းများတွင် သျှမ်းစာသင်ကြားမှု မရှိတော့ကြောင်း သိရသည်။

” မြို့ထဲက အစိုးရကျောင်းတွေထဲမှာတော့ သင်ကြားတာတွေက အရမ်းနည်းလာပြီ။ ရွာတွေဘက်မှာ ပဲရှိတော့ တယ်။ ကိုဗစ် -၁၉ ကြောင့် နဲ့ နိုင်ငံရေး အခြေနေတွေကြောင့် အစိုးရကျောင်းတွေမှာတော့ သင်ကြားပေးတာတွေ တော့မရှိတော့ဘူး။ တစ်ချို့ကလည်း CDM တွေလုပ်ပြီးတော့ သင်တဲ့သူတွေလည်း မရှိတော့ဘူး” ဟု ကျောက်မဲမြို့ သျှမ်းစာပေ နှင့် ယဉ်ကျေးမှုက တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့အပြင် သျှမ်းစာသင်ကြားပေးသည့် ဆရာ/ဆရာမ များကလည်း လစာပုံမှန်မရရှိသည့် အတွက်ကြောင့် စားဝတ်နေရေးခက်ခဲ၍ သင်ကြားပေးသူတွေ နည်းပါးလာခဲ့ကြောင်း သိရသည်။

တစ်ဖက်တွင်လည်း အစိုးရကျောင်းများထဲတွင် ဖွင့်လှစ်ထားသည့် သျှမ်းစာသင်ကြားမှုသည် သျှမ်းစာကိုသာ အဓိက သင်ကြားပေးပြီး ရိုးရာဓလေ့ကို ထိန်းသိမ်းမှု မရှိသောကြောင့် သင်ကြားပေးမှုအတွက် အားနည်း လာကြောင်း မိုင်းရယ်မြို့နယ် သျှမ်းစာသင်ကြားပေးသည့် ဆရာတစ်ဦးက ပြောသည်။

” အစိုးရ ကျောင်းတွေမှာ သျှမ်းစာပဲ သင်ကြားပေးလို့ရတယ်။ ပြီးတော့ အဲ့နားက ရိုးရာဓလေ့ ထိမ်းသိန်းမှုကလည်း သင်ကြားပေးတာမျိုး မရှိဘူးလေ။ ပြီးတော့ ကျနော်တို့ မိုင်းရယ်မှာဆိုရင်လည်း သျှမ်းစာသင်ပေးတဲ့ သူတွေက ပုံမှန်လစာမရကြတော့ဘူး။ ပြီးတော့ CDM တွေ လုပ်သွားတဲ့သူတွေကလည်း များတယ်လေ။ အဲ့ကြောင့် သင်ပေးတဲ့သူတွေ နည်းလာတယ်” ဟု ၎င်းက ပြောသည်။

ယခင်က NLD အစိုးရလက်ထက်ထဲတွင် စာသင်ကျောင်းများထဲမှာ ညအချိန်တွင် သျှမ်းစာပေသင်ကြားပေး မှုရှိခဲ့ပြီး အာဏာသိမ်းပြီးနောက်ပိုင်း မရှိတော့ကြောင်း သိရသည်။

ထိုသို့ ကျောင်းသားများကို သျှမ်းစာသင်ကြားမှုများ နည်းပါးလာသည့်အတွက်ကြောင့် သျှမ်းလူငယ်တွေ သျှမ်းစာမတတ်တော့မည်ကို စိုးရိမ်နေကြောင်း လားရှိုးမြို့ သျှမ်းစာပေ နှင့် ယဉ်ကျေးမှု ဥက္ကဌက ပြောသည်။

” အရင်ကတော့ ကျောင်းတွေမှာ သျှမ်းစာတွေ သင်ပေးတာတော့ရှိတယ်လေ။ သျှမ်းစာတွေ သင်ပေးမှုနည်း လာတော့ ကျနော်တို့ လူငယ်တွေ ကိုယ့်ဘာသာ စာကိုမတက်မှာတော့ စိုးရိမ်တယ်။ ဒါမဲ့လည်း သျှမ်းကျောင်းတွေ နဲ့ ရွာတွေဘက်မှာတော့ သင်ပေးတာတော့ ရှိသေးတယ်။ သွားသင်စေချင်တယ်” ဟု ၎င်းက ပြောသည်။

လက်ရှိတွင်လည်း သျှမ်းစာကို ကျေးရွာများ နှင့် သျှမ်းစာပေ နှင့် ယဉ်ကျေးမှုကျောင်းများထဲတွင် သင်ကြားပေး နေလျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ – ၂၀၂၃ ခုနှစ် ပညာသင်နှစ်တွင်လည်း မိုင်းရယ်မြို့နယ် ဟိုယကျေးရွာရှိ အခြေခံ ပညာစာသင်ကျောင်းများမှ သျှမ်းစာသင်ဆရာ/ဆရာမများ အားလုံး လစာမရရှိကြောင်း သတင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...