လူငယ်များကြား Happy Pod မူးယစ်ဆေး ခေတ်စားလာ

သျှမ်းပြည်တွင် တားမြစ်ထားသည့် အီးစီးကရက်အပြင် “ Happy Pod” ဟုခေါ်သော မူးယစ်ဆေးပစ္စည်းများလည်း ရောင်းဝယ်သုံးစွဲမှုယခင်ကထက်ပိုများရှိလာကြောင်း စုံစမ်းသိရသည်။

မြန်မာနိုင်ငံတွင် အီးစီးကရက် နှင့် ဆက်စပ်ပစ္စည်းများကို တားမြစ်ကုန်စည်အဖြစ် သတ်မှတ်ထားပြီး၊ ရောင်းဝယ်သုံးစွဲလျှင် အရေးယူခံမည် ဖြစ်ကြောင်းကို စစ်ကော်မရှင် လက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက ၂၀၂၆ ခုနစ်ဖေဖော်ဝါရီ ၁၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။

သို့သော် အဆိုပါထုတ်ပြန်ချက် ထွက်ပေါ်လာပြီးနောက် သျှမ်းပြည်အတွင်း အီးစီးကရက်သုံးစွဲမှု လျော့နည်း သွားခြင်းမရှိသည့်အပြင် “Happy Water” နှင့်ဆင်တူ စိတ်ကြွဆေးပစ္စည်းတမျိုးဖြစ်သည့် “Happy Pod”များသည် လူငယ်များကြား တွင်ကျယ်စွာ အသုံးပြုလာကြောင်း အသက် ၂၀ ဝန်းကျင် အရွယ်ရှိ Happy Pod သုံးစွဲဖူးသည့် လူငယ်တစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“Happy pod က ရိုးရိုး‌သောက်နေကြ အီးစီးကရက်တွေနဲ့တော့မတူးဘူး။ ပြင်းလည်းပိုပြင်းတယ် ကွာတယ်။ Happy podက စွဲလည်း စွဲတယ်။ တခုကို ၂ သိန်းအထက်ကနေစပြီးရောင်းတာ။ ဈေးလည်း ကြီးတယ်။ ရိုးရိုး အီးစီးကရက်တွေကပုံမှန် ဆိုပေမယ့် ဒီ Happy podက သောက်လိုက်ရင် Happy Water ထက် နည်းနည်းဆိုးတယ်”ဟု ၎င်းလူငယ်ကဆိုသည်။

Happy Pod တွင် MDMA (Ecstasy)၊ မက်သာဖက်တမင်း၊ ဒိုင်ယာဇီပင်နှင့် ကက်တမင်းတို့ ပါဝင်ပြီး အရည်ပုံစံဖြစ်သောကြောင့် အီးစီးကရက်မှတဆင့် လွယ်ကူစွာ ရှူရှိူက်သုံးစွဲနိုင်သော စိတ်ကြွဆေး တစ်မျိုးဖြစ်သည်။

လက်ရှိ သျှမ်းပြည်တောင်ပိုင်း နှင့် သျှမ်းပြည် အရှေ့ပိုင်းရှိ ဘားများ၊ KTVများနှင့် ကလပ်များတွင် Happy Pod နှင့် Weed Podများကို လူငယ်များအကြား ပုံမှန်သုံးစွဲနေကြပြီး အချို့လူငယ်များသည် အဆိုပါ Happy Pod နှင့် Weed Pod တို့ကို စွဲလမ်းမှုရှိကြောင်း အသက်၂၀ ဝန်းကျင်ရှိ လူငယ်အမျိုးသမီးတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“တာချီလိတ်က KTV မှာအလုပ်လုပ်တဲ့ အသိတစ်ယောက် အဲ့ Happy Podသုံးပြီး စွဲနေတယ်။ မသောက်ရရင် မနေနိုင်သလိုဖြစ်တယ်လို့လည်း သူပြောပြတယ်။ တခြားအီးစီးကရက်တွေ ထပ်တော့ ပိုဖြတ်ရခက်မယ်နဲ့ တူတယ်။”ဟု ၎င်းကပြောသည်။

ထို့အပြင် Vape နှင့် Pod ကို တားမြစ်ထုတ်ကုန်အဖြစ်သတ်မှတ်ထားသော်လည်း လက်တွေ့တွင် အရေးယူခြင်းမရှိသည့်အပြင် အီးစီးကရက် နှင့် ဆက်စပ်သည့် ပစ္စည်းများကို အွန်လိုင်းမှတဆင့် ဆက်လက် ရောင်းဝယ်နေကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အသုံးပြုနေသော Vape၊ Pod နှင့် အီးစီးကရက်များသည် တရုတ်၊ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံများမှ ထုတ်လုပ်သည့် ပစ္စည်းများဖြစ်ပြီး၊ Happ Pod နှင့် Weed Pod များသည် တရုတ်နိုင်ငံမှ ထုတ်ကုန်များဖြစ်ကြောင်း သိရသည်။

စစ်အာဏာသိမ်းပြီးနောက် သျှမ်းပြည်အတွင်းရှိ KTVများ၊ ဘားများနှင့် ကလပ်များတွင် Happy water၊ Ketamine (K)နှင့် Ecstasy (E) စသည့် မူးယစ်ဆေးများ ယခင်ကထက် ပိုရေပန်းစားလာပြီး လွယ်ကူစွာ ဝယ်ယူသုံးစွဲလာကာ မကြာခဏ သေဆုံးမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းဆတ်မြို့တွင် ဆိုင်ကယ်သူခိုး သောင်းကျန်းနေ

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့တွင် ဆိုင်ကယ်သူခိုးများ သောင်းကျန်းနေပြီး သက်ဆိုင်ရာ အာဏာပိုင်များက အရေးယူ ဆောင်ရွက်ခြင်းမရှိကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၃၁ ရက်) နံနက် ၇ နာရီခွဲခန့်က မိုင်းဆတ်မြို့ မြို့မဈေးအဝင်လမ်းတွင် ရပ်ထားသည့် Wave 110 အမျိုးအစား ၂၀၂၆ ခုနှစ်ထုတ် ဆိုင်ကယ်နက်ပြာရောင်...

မူးယစ်သားကောင်ဘဝမှ လူငယ်ပြုစုပျိုးထောင်သူ ဘဝအဖြစ်ရောက်ရှိလာ

0
ကမ္ဘာ့အကြီးဆုံး စိတ်ကြွရူးသွပ်ဆေးပြား ထုတ်လုပ်ရာ နိုင်ငံ အဖြစ် မြန်မာနိုင်ငံရောက်ရှိနေကြောင်း  ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) က ၂၀၂၆ ခုနှစ် အစီရင်ခံစာတွင် ထုတ်ပြန်လိုက်သည်။ နိုင်ငံတွင်း ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိက္ခများကြောင့် သျှမ်းပြည်သည် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုဂိုဏ်းများ၏ ဗဟိုချက်ဖြစ်လာပြီး မူးယစ်ဆေးဝါး ထုတ်လုပ်မှုမှာ အွန်လိုင်းငွေလိမ်လည်မှု လုပ်ငန်းများနှင့်ပါ စနစ်တကျ...

မူဆယ် KTV များတွင် မူးယစ်ဆေးကြောင့် လူငယ်များ ဆက်တိုက်သေဆုံး၊ တရုတ်ဘက်ကပါ ဆေးကုသခွင့် ပိတ်ပင်

0
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ရှိ KTV များတွင် မူးယစ်ဆေးဝါး အလွန်အကျွံသုံးစွဲခြင်းကြောင့် လူငယ်များ သေဆုံးမှု ဆက်တိုက်ဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။ မူးယစ်ဆေး သောက်သုံးပြီး စိုးရိမ်ရသည့် အရေးပေါ်လူနာများကိုလည်း တရုတ်နိုင်ငံဘက်သို့ ဆေးကုသရန် သွားရောက်ခွင့် ပိတ်ပင်ခံနေရကြောင်း ဒေသတွင်း လူမှုကယ်ဆယ်ရေးအသင်းက ပြောသည်။ ယမန်နေ့ (ဇူလိုင် ၂၄ ရက်) နံနက်ပိုင်းက...

ချင်းမိုင်တွင် မြေအောက်ဘန်ကာတစ်ခုအတွင်းမှ စိတ်ကြွဆေး ၇ သန်းကျော်ထပ်မံဖမ်းမိ

0
ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်အတွင်း တရားမဝင် မူးယစ်ဆေးဝါးမှောင်ခိုကွန်ရက်တစ်ခုကို ဖမ်းဆီးရမိပြီး စိတ်ကြွဆေးပြား (ယာဘ) ၇.၃ သန်းကျော်နှင့် စိတ်ကြွဆေးခဲ (အိုက်စ်) ၂၅၀ ကီလိုဂရမ်တို့ကို သိမ်းဆည်းရမိခဲ့ပြီး သံသယရှိသူ ၃ ဦးကိုလည်း ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း ချင်းမိုင်သတင်းတွင် ဖော်ပြသည်။ ယမန်နေ့ (ဇွန်လ ၂၃ ရက်) မွန်းလွဲပိုင်းတွင်...

တရားဥပဒေစိုးမိုးရေး ပျက်ပြားမှုကြောင့် မြန်မာနိုင်ငံတွင် ရာဇဝတ်မှုစီးပွားရေးအသစ် အခြေစိုက်လာ

0
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများနှင့် တရားဥပဒေစိုးမိုးရေး ပျက်ပြားနေသည့် အခြေအနေကို အခွင့်ကောင်းယူ၍ မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းများ ပေါင်းစည်းထားသည့် ရာဇဝတ်မှုစီးပွားရေးအသစ်တစ်ခု အခြေစိုက် အားကောင်းလာနေကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) က သတိပေးလိုက်သည်။ ဇွန်လ ၁၂ ရက်က ထုတ်ပြန်သော...