နောင်တရား စစ်ကောင်စီဂိတ်မှ ကားသမားများ သယ်ဆောင်လာသည့် ဘီယာကို အဓမ္မသိမ်းယူ

သျှမ်းပြည် တောင်ကြီးခရိုင် ပင်လောင်း – အောင်ပန်းကြား စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် ပြည်သူသယ်ဆောင် လာသည့် ဘီယာများကို စစ်ကောင်စီက အဓမ္မသိမ်းယူကြောင်း သတင်းရရှိသည်။

နောင်တရား

ပြီးခဲ့သည့် သီတင်းပတ်က ပင်လောင်း – အောင်ပန်းကြား နောင်တရား မြို့နယ်ခွဲ ပြည်ထောင်စု ကားလမ်းမ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီ နှင့် ပြည်သူ့စစ် တပ်သားတို့က ကားသမားများ သယ်ဆောင်လာသည့် ဘီယာ ၃၅ ဖာကို အဓ္ဓမ သိမ်းယူပြီး စားသောက်ကာ ပြည်သူများကို ကြမ်းတမ်းစွာ အော်ငေါက် စစ်ဆေးမေးမြန်းခြင်း ပြုလုပ်ခဲ့ကြောင်း ယာဉ်မောင်းသူ ဒေသခံ အမျိုးသားတစ်ဦးကပြောသည်။

အဆိုပါ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီ တပ်ရင်း ၅၅ နှင့် ပြည်သူ့စစ် (PNO/PNA) များက စောင့်ဆိုင်းနေကြောင်းလည်း ၎င်းကပြောသည်။

“ အောင်ပန်းက ကုန်တင်လာပြီဆိုရင် နောင်တရားဂိတ်မှာ သူတို့အရမ်း စစ်ဆေးတယ်။ ယာဉ်မောင်းကားဆရာကို ခြိမ်းခြောက်ပြီး ကားပေါ်က ဆင်းခိုင်းတယ်။ ပြည်သူ ဝယ်လာတဲ့ ဘီယာ ၃၅ ဖာကိုလည်း သူတို့အလကား ယူတယ်။ သူတို့ယူပြီး သောက်တယ် မူးလာရင် ပြည်သူကိုရစ်တယ်၊ မေးတယ်ဗျ။ ဘယ်ကားတစ်စီးကိုမှ အလွှတ်မပေးဘူး “ ဟု ၎င်းက ပြောသည်။

အဆိုပါ ဘီယာ ၃၅ ဖာကို ဒေသခံ ပြည်သူများသည် စစ်ကောင်စီ၏ ဂိတ်မှူးများထံ အကြောင်းကြားပြီးနောက် ဘီယာ ၃၄ ဖာကို ပြန်လည်ရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် စစ်ဆေးရေးဂိတ်တွင် တခြားနယ်မှလာသည့် ဒေသခံများနှင့် စစ်ရှောင်များကိုလည်း စစ်ကောင်စီက အတင်းအကြပ် စစ်ဆေးမေးမြန်းသည်ဟုလည်း သိရသည်။

“ကျနော်က ဗိုးဗြဲက ဒေသခံဆိုပေမယ့် ပင်လောင်းမှာ အိမ်ထောင်ပြုနေတာ နှစ်နဲ့ချီနေပြီ။ ဒါကို စစ်ဆေးရေးဂိတ်မှာ သူတို့ ရစ်တယ်ဗျ။ ဘယ်ကလာလဲ၊ ဘယ်သူလဲ၊ ဘယ်မှာနေသလဲ အမျိုးမျိုး အစုံစုံ စစ်ဆေးတယ်။ သူတို့ စစ်ဆေးရေးဂိတ်မှာ ၁ နာရီလောက်တောင် ကြာတယ် “ ဟု ကြုံတွေ့ခဲ့သူ ဒေသခံ တစ်ဦးကပြောသည်။

ပင်လောင်းမြို့နယ်အတွင်းသို့ ရောက်ရှိနေသည့် စစ်ရှောင်များမှာ မှတ်ပုံတင် နှင့် အိမ်ထောင်စု ဇယားမရှိခြင်းကြောင့် စစ်ဆေးရေးဂိတ်မှ အတင်းကြပ် စစ်ဆေးမေးမြန်း ခံနေရတယ်လို့ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မာရီဂိုးလ်ပန်းစက်ရုံထွက်အနံ့ကြောင့် ဒေသခံများ ခေါင်းမူး၊ အော့အန်မှုဖြစ်

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့နယ် ပွေးလှကျေးရွာ နှင့် တောင်ကြီးမြို့နယ် ရေပူကျေးရွာ၊ တောင်နီကျေးရွာတွင် ရှိသည့် မာရီဂိုးလ် ပန်းစက်ရုံထွက် အညစ်အကြေးနှင့် အနံ့ဆိုးကြောင့် ‌ ခေါင်းမူး၊ အော့အန်မှုများဖြစ်၍ ချောင်းအတွင်း ငါးများလည်း သေဆုံးမှုရှိနေကြောင်း သတင်းရရှိသည်။ သျှမ်းတောင်တွင် မာရီဂိုးလ်ပန်းများကို တရုတ်ကုမ္ပဏီများနှင့် စာချုပ်ချုပ်ဆို၍ စိုက်ပျိုးသူများလာပြီး တရုတ်ကုမ္ပဏီဘက်မှ...

ဘဏ်အကောင့်ဖွင့်ပေးမည်ဆိုပြီး မှတ်ပုံတင်များကို ပုံရိုက်ယူကာ ကျားဖြန့်ထံရောင်းစားသူများရှိ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းတွင် ကားရပ်နားရာ နေရာများနှင့် အခြားသော လူသွားလူလာ များပြားသည့် နေရာများတွင် လူတစုမှ ဧရာဝတီဘဏ်အကောင့်နှင့် ကမ္ဘောဇဘဏ် အကောင့် ဖွင့်ပေးမည်ဆို၍ မှတ်ပုံတင်နှင့် မျက်နှာကို ပုံရယူကာ ကျားဖြန့်များထံ ရောင်းစားမှုရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းတောင်၊ တောင်ကြီးမြို့နယ် အောင်ပန်းမြို့ ဘက်တွင် သက်လတ်ပိုင်းလူတစုက...

တရုတ်နှင့် စာချုပ်ထားသည့် မာရီဂိုးလ်စိုက်သူများ အရှုံးပေါ်လျှင် တရုတ်ကို လျော်ကြေးပေးရမည်ဟုဆို

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်၊ ပင်းတယမြို့နယ်နှင့် ကလောမြို့နယ်ဘက်တွင် တောင်သူအများစုသည် တရုတ်နှင့် စာချုပ်ချုုပ်၍ မာရီဂိုးလ်ပန်းများ စိုက်ပျိုးလာကြပြီး အရှုံးပေါ်လျှင် ပြန်လည်လျှော် ပေးရမည်ဖြစ်ကြောင်း သတင်းရရှိသည်။ သျှမ်းတောင်သည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်သော ဒေသဖြစ်ပြီး ပြောင်း၊ မုန့်ညင်း၊ ဂေါ်ဖီနှင့် တခြားသော ေရတိုသီးနှံများကို အများဆုံးစိုက်ပျိုးကြသည်။ ထိုသို့ ရေတိုသီးနှံများအပြင် တရုတ်ပွဲစားများက...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

အောင်ပန်းမြို့ အသက် (၆) နှစ်အရွယ် ကလေးထံ နားကပ်လုပြီး သတ်ခဲ့သူကို ဖမ်းမိ

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့အနီး နောင်ရဲကျေးရွာမှ အသက် (၆) နှစ် ကလေးငယ်ထံမှ နားကပ်လုပြီး သတ်ဖြတ်ခဲ့သူကို ဖမ်းဆီးမိကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ (၆) ရက် ညနေ ၅ နာရီခွဲ တွင် အောင်ပန်းမြို့ နောင်ရဲကျေးရွာရှိ အသက် (၆) နှစ်အရွယ် မဆောင်းနှင်းကို...