Wednesday, January 28, 2026

နောင်တရား စစ်ကောင်စီဂိတ်မှ ကားသမားများ သယ်ဆောင်လာသည့် ဘီယာကို အဓမ္မသိမ်းယူ

သျှမ်းပြည် တောင်ကြီးခရိုင် ပင်လောင်း – အောင်ပန်းကြား စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် ပြည်သူသယ်ဆောင် လာသည့် ဘီယာများကို စစ်ကောင်စီက အဓမ္မသိမ်းယူကြောင်း သတင်းရရှိသည်။

နောင်တရား

ပြီးခဲ့သည့် သီတင်းပတ်က ပင်လောင်း – အောင်ပန်းကြား နောင်တရား မြို့နယ်ခွဲ ပြည်ထောင်စု ကားလမ်းမ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီ နှင့် ပြည်သူ့စစ် တပ်သားတို့က ကားသမားများ သယ်ဆောင်လာသည့် ဘီယာ ၃၅ ဖာကို အဓ္ဓမ သိမ်းယူပြီး စားသောက်ကာ ပြည်သူများကို ကြမ်းတမ်းစွာ အော်ငေါက် စစ်ဆေးမေးမြန်းခြင်း ပြုလုပ်ခဲ့ကြောင်း ယာဉ်မောင်းသူ ဒေသခံ အမျိုးသားတစ်ဦးကပြောသည်။

အဆိုပါ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီ တပ်ရင်း ၅၅ နှင့် ပြည်သူ့စစ် (PNO/PNA) များက စောင့်ဆိုင်းနေကြောင်းလည်း ၎င်းကပြောသည်။

“ အောင်ပန်းက ကုန်တင်လာပြီဆိုရင် နောင်တရားဂိတ်မှာ သူတို့အရမ်း စစ်ဆေးတယ်။ ယာဉ်မောင်းကားဆရာကို ခြိမ်းခြောက်ပြီး ကားပေါ်က ဆင်းခိုင်းတယ်။ ပြည်သူ ဝယ်လာတဲ့ ဘီယာ ၃၅ ဖာကိုလည်း သူတို့အလကား ယူတယ်။ သူတို့ယူပြီး သောက်တယ် မူးလာရင် ပြည်သူကိုရစ်တယ်၊ မေးတယ်ဗျ။ ဘယ်ကားတစ်စီးကိုမှ အလွှတ်မပေးဘူး “ ဟု ၎င်းက ပြောသည်။

အဆိုပါ ဘီယာ ၃၅ ဖာကို ဒေသခံ ပြည်သူများသည် စစ်ကောင်စီ၏ ဂိတ်မှူးများထံ အကြောင်းကြားပြီးနောက် ဘီယာ ၃၄ ဖာကို ပြန်လည်ရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် စစ်ဆေးရေးဂိတ်တွင် တခြားနယ်မှလာသည့် ဒေသခံများနှင့် စစ်ရှောင်များကိုလည်း စစ်ကောင်စီက အတင်းအကြပ် စစ်ဆေးမေးမြန်းသည်ဟုလည်း သိရသည်။

“ကျနော်က ဗိုးဗြဲက ဒေသခံဆိုပေမယ့် ပင်လောင်းမှာ အိမ်ထောင်ပြုနေတာ နှစ်နဲ့ချီနေပြီ။ ဒါကို စစ်ဆေးရေးဂိတ်မှာ သူတို့ ရစ်တယ်ဗျ။ ဘယ်ကလာလဲ၊ ဘယ်သူလဲ၊ ဘယ်မှာနေသလဲ အမျိုးမျိုး အစုံစုံ စစ်ဆေးတယ်။ သူတို့ စစ်ဆေးရေးဂိတ်မှာ ၁ နာရီလောက်တောင် ကြာတယ် “ ဟု ကြုံတွေ့ခဲ့သူ ဒေသခံ တစ်ဦးကပြောသည်။

ပင်လောင်းမြို့နယ်အတွင်းသို့ ရောက်ရှိနေသည့် စစ်ရှောင်များမှာ မှတ်ပုံတင် နှင့် အိမ်ထောင်စု ဇယားမရှိခြင်းကြောင့် စစ်ဆေးရေးဂိတ်မှ အတင်းကြပ် စစ်ဆေးမေးမြန်း ခံနေရတယ်လို့ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပင်လောင်းတွင် စစ်ဘေးရှောင်များ နေရပ်ပြန်မဲမထည့်ပါက ရွာထဲနေခွင့်မပြုဟု ရွာသူကြီးများက ဖိအားပေးနေ

0
သျှမ်းပြည် ပင်လောင်းမြို့နယ်တွင် စစ်ဘေးရှောင်များအား ရောက်ရာအရပ်မှ ပြန်လာခိုင်းပြီး မဲထည့်ခိုင်းကာ မဲမထည့်ပါက နောင်တွင် ရွာထဲ၌နေခွင့်မပြုဟုဆိုကာ ရွာသူကြီးများက ဖိအားပေးနေကြောင်း ဒေသခံများက ပြောသည်။ ယနေ့ ဇန်နဝါရီလ ၂၅ ရက် နံနက်ပိုင်းမှစတင်၍ ပင်လောင်းမြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာအုပ်စု အသီးသီးရှိ မဲရုံများတွင် ရွေးကောက်ပွဲ အပိုင်း...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...