ချင်းမိုင်တွင် ထိုင်းနိုင်ငံအမည်ခံပြီး ငွေကြေးခဝါချခိုင်းသည့် တရုတ်ဂိုဏ်းကို ဖမ်းဆီးရမိ

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ထိုင်းနိုင်ငံသားများကို အလုပ်အကိုင်အတုများဖြင့် လှည့်ဖြားကာ ဖမ်းဆီးချုပ်နှောင်ပြီး အွန်လိုင်းငွေလိမ်မှုမှ ရရှိသောငွေများကို ငွေကြေးခဝါချခိုင်းနေသည့် တရုတ်ဂိုဏ်းခေါင်းဆောင်နှင့် အဖွဲ့ဝင်များကို ထိုင်းရဲတပ်ဖွဲ့က စီးနင်းဖမ်းဆီးလိုက်ကြောင်း Chiang Mai News တွင်ဖော်ပြသည်။

ယနေ့ (ဧပြီလ ၂၉ ရက်) တွင် အမှတ်် (၅) ခရိုင် ရဲတပ်ဖွဲ့မှူး ရဲချုပ် ကရစ်သဖွန် (Krittapon Yisakorn) နှင့် အခြားအဆင့်မြင့်အရာရှိများ၊ သတင်းအချက်အလက်နည်းပညာ ရာဇဝတ်မှုနှိမ်နင်းရေးအဖွဲ့ဝင်များ ဦးဆောင်ကာ အွန်လိုင်းငွေလိမ်လုပ်ငန်းများကို ဦးဆောင်နေသည့်် တရုတ်ဂိုဏ်းခေါင်းဆောင်တစ်ဦးအား ဖမ်းဆီးရမိမှုနှင့် ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။

ယခုဖမ်းဆီးရမိသည့် ဂိုဏ်းသည် အိမ်အကူအလုပ် သို့မဟုတ် အွန်လိုင်းထီလုပ်ငန်းများဖြင့် Facebook မှတစ်ဆင့် စည်းရုံးပြီးနောက် သားကောင်ဖြစ်သူများကို ဟိုတယ်နှင့် အိမ်ငှားများတွင် ပိတ်လှောင်ထားကာ ၎င်းတို့၏ ကိုယ်ပိုင်ဘဏ်အကောင့်များမှတစ်ဆင့် ငွေလွှဲခိုင်းခြင်း၊ မျက်နှာစကင်ဖတ်ခိုင်းခြင်းတို့ကို အတင်းအဓမ္မ ပြုလုပ်ခိုင်းခဲ့ခြင်း ဖြစ်သည်။

ထိုကဲ့သို့ လူကိုဖမ်းဆီးချုပ်နှောင်ပြီး ဘဏ္ဍာရေးရာဇဝတ်မှု ကျူးလွန်ခိုင်းသည့် နည်းလမ်းမှာ ချင်းမိုင်ဒေသတွင် ပထမဆုံးအကြိမ် တွေ့ရှိရခြင်း ဖြစ်သည်။

အဆိုပါဂိုဏ်းသည် လိမ်လည်ရရှိသော ငွေများကို ခြေရာဖျောက်ရန်အတွက် တန်ဖိုးကြီး iPhone 17 Pro Max ဖုန်းများနှင့် ရွှေတုံးများကို ဝယ်ယူလေ့ရှိပြီး ၎င်းပစ္စည်းများကို လက်လီဆိုင်များသို့ ပြန်လည်ရောင်းချကာ ငွေသားအဖြစ် ပြောင်းလဲခဲ့ကြသည်။

ရဲတပ်ဖွဲ့၏ စီးနင်းမှုအတွင်း တရုတ်အမျိုးသားနှစ်ဦးနှင့် ၎င်းတို့အား ကူညီပေးခဲ့သည့် ထိုင်းအမျိုးသမီးတစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီး iPhone အလုံး ၂၀ ထပ်မံဝယ်ယူမည့် အထောက်အထားများကိုလည်း တွေ့ရှိခဲ့သည်။

ထို့အပြင် တရားမဝင်ငွေများ လက်ခံရန် အသုံးပြုခဲ့သည့် ထိုင်းနိုင်ငံသားများ၏ မှတ်ပုံတင်ဓာတ်ပုံများ (အဆိုပါပိုင်ရှင်များမှာ ထိုင်းရဲတပ်ဖွဲ့၏ အွန်လိုင်းစနစ် (TPO) တွင် သံသယရှိသူများအဖြစ် စာရင်းသွင်းခံထားရသူများ ဖြစ်သည်) ကိုလည်း သက်သေအဖြစ် သိမ်းဆည်းရမိခဲ့သည်။

လက်ရှိတွင် ပစ်မှတ်ထားခံခဲ့ရသည့် နစ်နာသူ အနည်းဆုံး ၃ ဦး ပေါ်ထွက်လာပြီး ၎င်းတို့အားလုံးမှာ ခြိမ်းခြောက်ခံရ၍ ငွေလွှဲပေးခဲ့ရခြင်း ဖြစ်ကြောင်းသိရသည်။

ရဲချုပ် ကရစ်သဖွန်က မိမိ၏ ကိုယ်ပိုင်ဘဏ်အကောင့် သို့မဟုတ် Banking App များကို အသုံးပြုခိုင်းသည့် မသင်္ကာဖွယ် အလုပ်ခေါ်စာများကို မယုံကြည်ကြရန်နှင့် အဆိုပါကွန်ရက်တွင် ပါဝင်ပတ်သက်နေသူအားလုံးကို ဆက်လက်ဖော်ထုတ်သွားမည်ဖြစ်ကြောင်း သတိပေးပြောကြားခဲ့သည်။

ကိုးကား – Chiang Mai News

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြန်မာနိုင်ငံသားတစ်ဉီး၏ မူးယစ်ဆေးဝါး ကွန်ယက်အပါအဝင် စိတ်ကြွဆေး ၇.၇ သန်းခန့် ဖမ်းမိ

0
ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင် နှင့် ချင်းမိုင်ခရိုင် ထိုင်း-မြန်မာနယ်စပ် ၂ နေရာတွင် စုစုပေါင်း စိတ်ကြွမူးယစ်ဆေးပြား ၇.၇ သန်းခန့် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်များ၏ ထုတ်ပြန်ချက်များအရသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက် ညပိုင်းက ချင်းရိုင်ခရိုင်၊ ပါအူးဒွန်းချိုင် (PaO DonChai) နယ်မြေ၊ ဘန်ဖိုးငမ်...

ချင်းမိုင်တွင် အထောက်အထားမဲ့ မြန်မာလုပ်သားနှစ်ဉီး ဖမ်းဆီးခံရ

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ ဖန် (Fang) မြို့နယ်ရှိ လုပ်ငန်းတခုတွင် အထောက်အထားမဲ့ မြန်မာလုပ်သားများ ငှားရမ်းထားကြောင်း သတင်းပေးပို့ချက်အရ သွားရောက်စစ်ဆေးရာမှ မြန်မာနိုင်ငံသား ၂ ဦး ဖမ်းဆီးခံခဲ့ရကြောင်း ချင်းမိုင် လူဝင်မှုကြီးကြပ်ရေးဌာနက သတင်းထုတ်ပြန်သည်။ ယမန်နေ့ (ဩဂုတ်လ ၃၁ ရက်) က ဖန်မြို့နယ်၊ ဆန်ဆိုင်း...

ချင်းမိုင်တွင် မှတ်ပုံတင်အတု ထုတ်ပေးသည့် ဂိုဏ်းကို စီးနင်း၊ မြန်မာ ၂၂ ဦးအပါအဝင် ၃၇ ဦး တရားစွဲခံရ

0
ချင်းမိုင်ခရိုင်၊ ချိုင်ပရာကန်မြို့နယ်အတွင်း တရားမဝင် နိုင်ငံခြားသားများအား "ခေါင်းစဉ် ၀ ကတ်" (ကတ်ပြား၏ရှေ့ဆုံးဂဏန်းသည် သုညဖြင့်စသောကြောင့်) သို့မဟုတ် ပန်းရောက်ကတ် အတုများကို ထုတ်ပေးခဲ့သည့် အဆင့်မြင့်အရာရှိများနှင့် ကျေးရွားလူကြီးအချို့တို့အား ထိုင်းအာဏာပိုင်များမှ ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်သတင်းများတွင်ဖော်ပြသည်။ စုံစမ်းစစ်ဆေးချက်များအရ ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း တရားမဝင်နည်းလမ်းများဖြင့် ပန်းရောင်ကတ်များကို...

သက်ကြီးရွယ်အိုများလာသည့် ထိုင်းနိုင်ငံနှင့် ရွှေ့ပြောင်းလုပ်သား လိုအပ်ချက်

0
ထိုင်းနိုင်ငံ၏ အဓိက စက်မှုလုပ်ငန်းများနှင့် စိုက်ပျိုးရေး ကဏ္ဍများတွင် သက်ကြီးရွယ်အိုအုပ်စုများ ပိုမိုများပြားလာပြီး မြန်မာနိုင်ငံအပါအဝင် ပြည်ပရွှေ့ပြောင်း အလုပ်သများလိုအပ်ချက်ပိုမိုမြင့်မား လာနေကြောင်း ဘန်ကောက်ပို့စ်၏ ဆောင်းပါးတစ်ခုတွင် ဖော်ပြထားသည်။ ထိုင်နိုင်ငံအတွင်း စက်မှုကုန်ထုတ်လုပ်ငန်းများ နှေးကွေးလာမှုနှင့်အတူ အလုပ်ထုတ်ပယ်ခံရနိုင်သည့်သူ ၅ သိန်းအထိ ရှိလာနေသည့် အခြေအနေနှင့် ရင်ဆိုင်နေရာသော်လည်း၊ တဖက်တွင် ပြည်ပရွှေ့ပြောင်းလုပ်သား...

ချင်းမိုင်တွင် ကာယလုပ်သားအဖြစ် မှတ်ပုံတင်ထားပြီး သန့်ရှင်းရေးအလုပ်လုပ်ကိုင်သည့် မြန်မာအမျိုးသမီးတစ်ဦး ထိုင်းလဝကဖမ်းဆီး

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ ချင်းဒေါင်မြို့နယ်ရှိ Resort တစ်ခုတွင် တရားဝင် ခွင့်ပြုထားသည့် အလုပ်အကိုင်အား‌ ကျော်လွန်လုပ်ကိုင်ပြီး အလုပ်ရှင်နှင့် အလုပ်နေရာ ပြောင်းလဲမှုကို အလုပ်သမားရုံးထဲ အကြောင်းကြားရန် ပျက်ကွက်ခဲ့သည့် မြန်မာရွှေ့ပြောင်း အလုပ်သမား အမျိုးသမီးတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။ ချင်းမိုင် လူဝင်မှုကြီးကြပ်ရေးဌာနနှင့် စုံစမ်းစစ်ဆေးရေးဌာနခွဲတို့မှ ပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက်...