စစ်သားတွေအုပ်စုလိုက် မုဒိမ်းကျင့်မှု ၁၅ မှုရှိနေ
စစ်အာဏာသိမ်းပြီး စစ်သားများ အုပ်စုလိုက် မုဒိမ်းကျင့်မှု ၁၅ မှု ရှိနေကြောင်း မြန်မာအမျိုးသမီး များ သမဂ္ဂ (BWU) ထုတ်ပြန်ထားသည့် အစီရင်ခံစာ တွင်ရေးသားထားသည်။ ထိုအစီရင်ခံစာကို BWU မှ ဖေဖော်ဝါရီ ၆ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး စစ်ကောင်စီ အာဏာသိမ်းသည့် ၂နှစ်တာကာလအတွင်း ကောက်ယူသည့် စာရင်းအရသိရသည်။ စစ်တပ်မှ...
သီပေါ ဘူတာ မီးရထားလမ်းဘေးရှိ အိမ်ခြေ (၄၀၀) ကျော် ရွှေ့ပြောင်းရမည်
သျှမ်းပြည် ကျောက်မဲခရိုင် သီပေါမြို့ ဘူတာ မီးရထားလမ်းဘေးရှိ အိမ်ခြေ (၄၀၀) ကျော်ကို မီးရထားသံလမ်း ဧရိယာ အကွာအဝေး နှင့် မညီမျှဟုဆိုပြီး စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာက ရွှေ့ပြောင်းခိုင်းနေကြောင်း စုံစမ်းသိရှိရသည်။ စစ်တပ်သည် ၎င်းတို့၏ သတ်မှတ်ထားသော မီးရထားသံလမ်း နှင့် ဧရိယာ အကွာအဝေး...
ဆိုင်ခန်းများ ဖြိုဖျက်ပျက်စီးခံရပြီးနောက် အလုပ်လက်မဲ့ဖြင့် အိမ်ခန်းငှားခ စရိတ်တွေ အခက်ကြုံနေ
သျှမ်းပြည် တောင်ကြီးခရိုင် တောင်ကြီးမြို့တွင် စစ်တပ်၏ တပ်ပိုင်နယ်မြေအတွင်း ဆိုင်ခန်းများ ဖြိုဖျက်ခံရပြီးနောက် အလုပ်လက်မဲ့ဖြင့် အိမ်ခန်းငှားခ စရိတ်များ အခက်ကြုံတွေ့နေ ရကြောင်း သိရှိရသည်။ စစ်တပ်သည် ၎င်းတို့၏ တပ်ပိုင်နယ်မြေဟုဆိုပြီး တပ်ပိုင်နယ်မြေအတွင်း ရောက်ရှိသည့် ဆေးတပ်ရင်း၊ အမှတ် (၂၆၂) တပ်ထိန်း၊ စုဆောင်းရေး တပ်ဖွဲ့ရုံး နှင့်...
သီပေါ မီးရထားသံလမ်းအနီးရှိ နေအိမ်များ ရွှေ့ပြောင်းရမည်ဟု စစ်ကောင်စီညွှန်ကြား
သျှမ်းပြည် ကျောက်မဲခရိုင် သီပေါမြို့ မီးရထား (ဘူတာ) အနီးနှင့် မီးရထားသံလမ်းဘေး တလျောက် အိမ်ခြံမြေယာနှင့် နေအိမ်ဆောက်ပြီး နေထိုင်ကြသူများသည် တခြားနေရာသို့ ရွှေ့ပြောင်းနေထိုင်ရန် ဖိအားပေးခံနေရကြောင်း သတင်းရရှိသည်။ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သီပေါမြို့ မြန်မာရပ်ကွက်အပါအဝင် မီးရထားသံလမ်းဘေး တလျောက် အိမ်ခြံမြေယာနှင့် နေအိမ်ဆောက်ပြီး နေထိုင်သည့် အိမ်ခြေရာချီကို...
ကွတ်ခိုင်မြို့နယ်တွင်း စစ်ဆေးရေးဂိတ်များတွင် ကားသမားများကို ငွေပိုပြီး တောင်းခံနေ
သျှမ်းပြည် မူဆယ်ခရိုင် ကွတ်ခိုင်မြို့နယ် နှင့် သီန္နီမြို့နယ်ထဲရှိ စစ်ဆေးရေးဂိတ်များတွင် ကားသမားများထံ ပိုက်ဆံပိုပြီး ကောက်ခံနေလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။ ယခု ၂၀၂၃ ခုနှစ် ဇန်နဝါရီ ပထမပတ် ကစပြီး စစ်ဆေးရေးဂိတ်များတွင် စစ်ကောင်စီဂိတ်အပြင် ကချင်လွတ်မြောက်ရေးတပ်မတော် KIA , PDF တို့ကလည်း လမ်းသွားလာပြည်သူများကို ယခင်နှစ်ထက်...
(PNO/PNA) ပြုလုပ်သည့် စစ်သင်တန်းကို ဒေသခံ လူငယ်များက မလိုလား
သျှမ်းပြည် တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံပြကျေးရွာအနီးရှိ ပအိုဝ်းပြည်သူ့စစ်တပ်ဖွဲ့ (PNO/PNA) ပြုလုပ်သော ရပ်ရွာလုံခြုံရေး စစ်သင်တန်းကို ဒေသခံလူငယ်များက သဘောမကျကြောင်း စုံစမ်းသိရှိရသည်။ စစ်အာဏာသိမ်းပြီး ၂၀၂၂ မေလမှ စပြီး ပအိုဝ်းပြည်သူ့စစ်တပ်ဖွဲ့ (PNO/PNA) က တစ်အိမ်လျှင် ငွေ ၃ သောင်းနှင့် ဆန်တစ်ပြည်ကို တောင်းခံခဲ့ပြီး...
သီပေါ CDM မူလတန်း ကျောင်းအုပ် ဆရာမ တစ်ဦးကို စစ်ကောင်စီ တပ်သားများ ရိုက်နှက်ဖမ်းဆီးသွား
သျှမ်းပြည် ကျောက်မဲခရိုင် သီပေါမြို့နယ် ဘော်ကြိုကျေးရွာမှ CDM ပြုလုပ်ထားသည့် အခြေခံပညာ မူလတန်း ကျောင်းအုပ် ဆရာမကို စစ်ကောင်စီ တပ်သားတို့မှ ရိုက်နှက် ဖမ်းဆီးသွားကြောင်း သတင်းသိရသည်။ ဘော်ကြို ယမန်နေ့ (ဇန်နဝါရီလ ၂၉) ရက်တွင် ဘော်ကြိုသို့ ဈေးဝယ်လာစဥ် စစ်ကောင်စီတပ်သားတို့က ရိုက်နှက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက...
စစ်တပ်ပိုင် နယ်မြေအတွင်းရှိ ဆိုင်ခန်းများ ဖြိုဖျက်ခံရ
သျှမ်းပြည် တောင်ကြီးခရိုင် တောင်ကြီးမြို့ စစ်တပ်၏ တပ်ပိုင်နယ်မြေအတွင်းရှိ ဆိုင်ခန်းများကို ဘူဒိုဇာကားနှင့် လာရောက် ဖြိုဖျက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီ ၂၈) ရက် နံနက်ပိုင်းမှစတင်ကာ စစ်တပ်၏ တပ်ပိုင်နယ်မြေအတွင်းရှိနေသည့် ဆေးတပ်ရင်း အပါအဝင် အမှတ် (၂၆၂) တပ်ထိန်း၊ စုဆောင်းရေး တပ်ဖွဲ့ရုံး နှင့်...
အင်းလေး စစ်ကောင်စီ မှ သေနတ်ပစ်ခတ်မှုကြောင့် အမျိုးသမီး တစ်ဦး သေဆုံးရ
သျှမ်းပြည် တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ် အင်းလေးဒေသရှိ စစ်ကောင်စီ တပ်သားတို့၏ သေနတ် ပစ်ခတ်မှုကြောင့် ဒေသခံ အမျိုးသမီး တစ်ဦး သေဆုံးရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၃ ရက် ည ၁၀ နာရီ ဝန်းကျင်တွင် အင်းလေးဒေသ ဟဲယာရွာမကျေးရွာဘက် ညကင်းလှည့်သည့် စစ်ကောင်စီ...
ပင်းတယမြို့ စစ်ကောင်စီတပ်ဖွဲ့မှ ပျူစောထီးများကို စစ်သင်တန်းပေးနေ
သျှမ်းပြည် တောင်ကြီးခရိုင် ပင်းတယမြို့နယ်ရှိ စစ်ကောင်စီတပ်ဖွဲ့တို့က ပျူစောထီးများကို စစ်သင်တန်း ပေးနေကြောင်း သတင်းသိရသည်။ ပင်းတယမြို့ အောယောရပ်ကွက်တွင် စစ်သင်တန်းပေးနေခြင်း ဖြစ်ပြီး အာဏာသိမ်း စစ်ကောင်စီတပ်သားများ က ၎င်းတို့ လက်အောက်ခံ အုပ်ချုပ်ရေးမှူးများ နှင့် ပျူစောထီးအဖွဲ့ဝင်များကို စစ်သင်တန်းပေးနေခြင်း ဖြစ်ကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “မနက်အစောကြီး ၅...





