စစ်သားတွေအုပ်စုလိုက် မုဒိမ်းကျင့်မှု ၁၅ မှုရှိနေ

စစ်အာဏာသိမ်းပြီး စစ်သားများ အုပ်စုလိုက် မုဒိမ်းကျင့်မှု ၁၅ မှု ရှိနေကြောင်း မြန်မာအမျိုးသမီး များ သမဂ္ဂ (BWU) ထုတ်ပြန်ထားသည့် အစီရင်ခံစာ တွင်ရေးသားထားသည်။

စစ်အာဏာရှင် ကျရှုံးဖို့ ဆန္ဒပြနေသည့် အမျိုးသမီးများ

ထိုအစီရင်ခံစာကို BWU မှ ဖေဖော်ဝါရီ ၆ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး စစ်ကောင်စီ အာဏာသိမ်းသည့် ၂နှစ်တာကာလအတွင်း ကောက်ယူသည့် စာရင်းအရသိရသည်။

စစ်တပ်မှ အုပ်စုဖွဲ့ မုဒိမ်းကျင့်သည့်အမှုပေါင်း (၁၅)မှု ထိရှိခဲ့ပြီး အရပ်သားများမှ ကျူးလွန်သည့် မုဒိမ်းမှု (၁၀)မှု အထိရှိခဲ့ကာ စစ်တပ်၏ စစ်ကြောရေးစခန်းတွင် လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်မှု ၃မှု ရှိခဲ့သည်။

“ ဒီ ၁၅ မှုမှာက အကြမ်းဖက်စစ်တပ် အာဏာသိမ်းရန် ကြိုးပမ်းခဲ့တဲ့ ၂ နှစ်တာ ကာလကနေ စုစည်းထားတာ ဖြစ်ပါတယ်။ ဒီရထားတဲ့ အမှု ၁၅ မှုဟာဆိုရင် အကြမ်းဖက်စစ်တပ်ဘက်ကနေ အုပ်စုဖွဲ့ ကျူးလွန်တဲ့ မုဒိမ်းမှုတွေကို စုစည်းထားတာ ဖြစ်ပါတယ်။ ဒီ ၁၅ မှုဟာ အကျဉ်းထောင်ထဲက‌ အမှုတွေ မပါဝင်ပါဘူး” ဟု စစ်တမ်းကောက်ယူရာတွင် ပါဝင်သည့် BWU မှ တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

စစ်အာဏာရှင်ကျရှုံးဖို့အတွက် ဆန္ဒပြနေသည့် အမျိုးသမီးများ

လက်ရှိကောက်ယူထားသည့် စစ်တမ်းများသည့် ခိုင်လုံသည့် သတင်းမီဒီယာမှ ပြုစုထားသည့် အမှုများဖြစ်ကြောင်း၊ လက်လှမ်းမီသည့် အမှုများသာဖြစ်ပြီး မြေပြင်တွင်မသိလိုက်သည့် အမှုများရှိနိုင်သေးကြောင်း ၎င်းက ဆိုသည်။

အရပ်သား အစိုးရထံကနေ တစ်ဆင့် စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းယူသည့် စစ်ကောင်စီကြောင့် အချိန်နှစ်နှစ် အတွင်း နိုင်ငံအနှံ့မှ အမျိုးသမီး ၄၁၄ ဦး သေဆုံးခဲ့ရပြီး ၂၇၇၈ ဦး ဖမ်းဆီးထိန်းသိမ်းခံခဲ့ ရကြောင်းလည်း မြန်မာ အမျိုးသမီးများသမဂ္ဂ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဖမ်းဆီးခံထားရသည့် နိုင်/ကျဥ်းအမျိုးသမီးများသည် ရန်ကုန်တိုင်းမှ ၇၅၈ ဦး အများဆုံးဖြစ်နေပြီး သျှမ်းပြည် နယ်စပ် ကရင်နီပြည် (ကယားပြည်) မှ ၉ ဦးပါဝင်ကြောင်း သိရသည်။

ထို့အပြင် အာဏာသိမ်းယူသည့် ကာလအတွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီး လက်နက်ငယ်များ ပစ်ခတ်မှု၊ မြေပြင်သပိတ် အကြမ်းဖက်ဖြိုခွင်းမှု၊ စစ်ကြောရေးတွင် နှိပ်စက်ညှဉ်းပန်းမှုများကြောင့် အမျိုးသမီး ၄၁၄ ဦးထိ သေဆုံးခဲ့ရကြောင်း BWU၏ စစ်တမ်းတွင်ဖော်ပြထားသည်။

ယင်းကဲ့သို့ သေဆုံးမှုများအနက် ကျေးရွာတွေထဲစစ်ကြောင်းထိုးချိန် ပစ်ခတ်မှုကြောင့် သေဆုံးသူ ၇၈ ဦး၊ လေကြောင်း တိုက်ခိုက်မှုကြောင့် ၂၆ ဦး၊ ဖမ်းဆီးခံရချိန်တွင် သေဆုံးသူ ၅၃ ဦး နှင့် ဆန္ဒထုတ်ဖော်နေချိန် ပစ်ခတ်ဖြိုခွဲမှုကြောင့် ဦးခေါင်းကျည်ထိမှန် သေဆုံးသူ အယောက် ၂၀ ဦးရှိနေသည်။

လက်ရှိ အစီရင်ခံစာသည် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ အချက်အလက် များကို အဓိက မှီငြမ်းကိုးကားထားခြင်းဖြစ်ပြီး လက်တွေ့မြေပြင် အချက်အလက် ကိန်းဂဏန်းများယခုထက်ပို၍ များနိုင်ကြောင်းလည်း မြန်မာ အမျိုးသမီးများ သမဂ္ဂက အစီရင်ခံစာ၌ ထည့်သွင်းဖော်ပြထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ အရေးပေါ်ကာလ အမေ့ခံအမျိုးသမီးများ ဘဝ”

0
လူခန္ဓာကိုယ် ရေထဲမျောပါလုနီးပါး ဖြစ်သည့်အထိ ရေစီးအားပြင်းထန်နေသော်လည်း ဒေါ်လှတင်တို့အဖွဲ့ ရေကြီးမှုထဲ ပိတ်မိနေသည့် မွေးကင်းစကလေးငယ်နှင့် မိခင်ကို ကယ်တင်ရန် လှေတစီးကိုပါဆွဲသွားကြသည်။ ထို့နောက် လှေထဲကို မိခင်နှင့် မွေးကင်းစ ကလေးကို ရေစီးအားပြင်းထန်သည့်ကြား ရအောင် အသက်ကယ်ခဲ့ကြသည်။ ထိုဖြစ်ရပ် လွန်ခဲ့သည့် ၂၀၂၅ခုနစ် ဇူလိုင်လ အတွင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ရှိ...

အာဏာသိမ်းသမ္မတ ဉီးမင်းအောင်လှိုင် ရုရှားသို့ ထွက်ခွာ

0
အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်အဖြစ် ယနေ့ (ဩဂုတ် ၁၇ ရက်) နံနက်ပိုင်းတွင် နေပြည်တော်မှ ထွက်ခွာသွားသည်။ ရုရှားသမ္မတ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ သွားရောက်သည့် အဆိုပါခရီးစဉ်အတွင်း အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် သမ္မတပူတင်၊ ရုရှားဝန်ကြီးချုပ်၊ ဒူးမားလွှတ်တော်ဥက္ကဋ္ဌနှင့် အစိုးရပိုင်းမှ ထိပ်သီးတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးသွားမည် ဖြစ်ကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ထိုင်းရောက် အာဏာသိမ်းသမ္မတနှင့် စစ်ရာဇဝတ်မှု စွပ်စွဲချက်များ

0
အာဏာသိမ်း သမ္မတ၏ ထိုင်းနိုင်ငံခရီးစဉ်အတွင်း ထိုင်းအစိုးရက လက်ခံတွေ့ဆုံမှုကို ထိုင်းအရပ်ဘက်အဖွဲ့အစည်းများက ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။ ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်ဖြစ်ခဲ့ပြီး ၎င်းကိုယ်တိုင် စီစဉ်ကျင်းပခဲ့သည့် ရွေးကောက်ပွဲများမှ သမ္မတဖြစ်လာသူ ဦးမင်းအောင်လှိုင်၏ ထိုတွေ့ဆုံမှုသည် စစ်အာဏာသိမ်းမှုကို နိုင်ငံရေးအရ တရားဝင်မှု ပေးအပ်ရာရောက်ပြီး မြန်မာပြည်သူများ...

ချင်းမိုင်တွင် ကာယလုပ်သားအဖြစ် မှတ်ပုံတင်ထားပြီး သန့်ရှင်းရေးအလုပ်လုပ်ကိုင်သည့် မြန်မာအမျိုးသမီးတစ်ဦး ထိုင်းလဝကဖမ်းဆီး

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ ချင်းဒေါင်မြို့နယ်ရှိ Resort တစ်ခုတွင် တရားဝင် ခွင့်ပြုထားသည့် အလုပ်အကိုင်အား‌ ကျော်လွန်လုပ်ကိုင်ပြီး အလုပ်ရှင်နှင့် အလုပ်နေရာ ပြောင်းလဲမှုကို အလုပ်သမားရုံးထဲ အကြောင်းကြားရန် ပျက်ကွက်ခဲ့သည့် မြန်မာရွှေ့ပြောင်း အလုပ်သမား အမျိုးသမီးတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။ ချင်းမိုင် လူဝင်မှုကြီးကြပ်ရေးဌာနနှင့် စုံစမ်းစစ်ဆေးရေးဌာနခွဲတို့မှ ပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက်...