သီပေါ ဘူတာ မီးရထားလမ်းဘေးရှိ အိမ်ခြေ (၄၀၀) ကျော် ရွှေ့ပြောင်းရမည်

သျှမ်းပြည် ကျောက်မဲခရိုင် သီပေါမြို့ ဘူတာ မီးရထားလမ်းဘေးရှိ အိမ်ခြေ (၄၀၀) ကျော်ကို မီးရထားသံလမ်း ဧရိယာ အကွာအဝေး နှင့် မညီမျှဟုဆိုပြီး စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာက ရွှေ့ပြောင်းခိုင်းနေကြောင်း စုံစမ်းသိရှိရသည်။

မီးရထားလမ်းဘေးမှ တွေ့ရသည့် စျေးသည်

စစ်တပ်သည် ၎င်းတို့၏ သတ်မှတ်ထားသော မီးရထားသံလမ်း နှင့် ဧရိယာ အကွာအဝေး မညီမျှသောကြောင့် သီပေါမြို့နယ် မီးရထားလမ်းဘေးရှိ အိမ်ခြေ (၄၀၀) ကျော်ကို ယခု (ဖေဖော်ဝါရီ) လကုန် ပါက တခြားနေရာသို့ အပြီးရွှေ့ပြောင်းနေထိုင်ရမည်ဟု သတင်းထွက်ပေါ်နေကြောင်း အိမ်ရွှေ့ပြောင်းရမည့် စာရင်းထဲမှ ပါရှိသူ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“အန်တီတို့ ဒီမှာနေတာ ကြာလှပြီ နှစ်ပေါင်း ၂၀ ကျော်ရှိနေပြီ။ အရင်တုန်းကတော့ ပေ ၇၅ ပေ၊ ကိုက် ၇၅ ကိုက် ကွာပြီး နေရမယ်လို့ ပြောတာပဲ။ အခုက အဲ့လိုမဟုတ်တော့ဘူး မီးရထား သံလမ်းဘေးမှာ သူတို့ဧရိယာနဲ့ မလွှတ်သမျှ အိမ်တွေ အကုန်ရွှေ့ရမယ်လို့ ပြောတယ်။ ရွှေ့ပြောင်းရမယ်ဆိုတာ ဟိုတလောတုန်းကမှ ကြားတာ။ အခုမှ ပိုဆိုးတာပေါ့ ၂ လပိုင်းကုန်ရန် ရွှေ့ရမယ်လို့ ကြားတယ်“ ဟု ၎င်း အမျိုးသမီးက ပြောသည်။

နှစ်ပေါင်း ၂၀ ကျော် နေထိုင်ရလာပြီးမှ မင်း အမိန့်ကြောင့် ကျောထောက်နောက်ခံ ဘာမျှမရှိသည့်အခါ တစ်နေ့ရှာ တစ်နေ့စား ဘဝဖြင့် နေအိမ် မဖြစ်မနေ ရွှေ့ပြောင်းခံရလျှင် ရွှေ့ပြောင်းမည်ဟု ၎င်းက ပြတ်ပြတ်သားသားဖြင့် ထပ်လောင်းပြောသည်။

ထို့အပြင် နေအိမ် ရွှေ့ပြောင်းခံရမှုနှင့် ပတ်သက်ပြီး စစ်တပ်က တစ်စုံတစ်ရာ နယ်မြေအသစ်ရှာဖွေပေးခြင်း၊ တာဝန်ယူပေးခြင်း မရှိသောကြောင့် လက်ရှိ နေအိမ် ရွှေ့ပြောင်းခံရသူများမှာ နေရာဒေသအတွက် စိုးရိမ်နေကြောင်း သိရသည်။

“ ရွှေ့ပြောင်းခံရရင် အခက်ခဲကတော့ ကြုံရမှာပေါ့ နေစရာမှ မရှိတာ။ ရွှေ့ပြောင်းခံရတဲ့သူတွေ အများစုလည်း ဒီတိုင်းပါဘဲ မရှိလို့ ဒီလို နည်းနည်းကျဉ်းကျဉ်းဘဝနဲ့ နေရတာပေါ့။ မြို့ထဲမှာလည်း မတတ်နိုင်ဘူးလေ၊ မရှိလို့နေတဲ့ ဆင်းရဲသား ရပ်ကွက်တွေပေါ့။ ဒီမှာ အကုန်လုံး ကျောင်းတက်အများစု မူလတန်းကျောင်းကလေးတွေများတယ်။ မိဘတွေ ရွှေ့နေရမှတော့ ကလေးတွေလည်း မိဘ နောက်လိုက်ပြေးရမှာပေါ့ “ ဟု ၎င်းက ဆက်ပြောသည်။

မီးရထားလမ်းဘေးတလျောက် နေထိုင်သူများသည် အခြေခံ လူတန်းစားများဖြစ်ကြပြီး နေ့စားလုပ်ကိုင်သူများ ဖြစ်ကြသည်။

“အဲ့ သံလမ်းဘေးမှာနေတဲ့သူတွေက အခြေခံလူတန်းစားတွေ၊ နေ့စားလုပ်ပြီး ဝမ်းဝတဲ့ သူတွေပေါ့။ ကလေးတွေကလည်း အများကြီးရှိတယ်။ ဒီလိုအချိန်မှာ သူတို့အတွက်တော့ အခက်အခဲတွေ အများကြီးပဲ။ လောဆယ်ကူညီတဲ့ သူတွေလည်းမရှိဘူး” လို့ သီပေါမြို့ ဒေသခံ အသက် ၄၀ ကျော် အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

အဆိုပါ ရွှေ့ပြောင်းခံရမည့် အိမ်ခြေ (၄၀၀) ကျော်ထဲတွင် ကျောင်းနေအရွယ် အလယ်တန်းအဆင့်၊ အထက်တန်းအဆင့် ကျောင်းသား/ သူ ဦးရေ စုစုပေါင်း (၄၀) ဝန်းကျင်ရှိကြောင်း၊ နေအိမ် အမှန်တကယ် ရွှေ့ပြောင်း နေထိုင်ရလျှင် အခက်ခဲ အမျိုးမျိုး ကြုံတွေ့ရာမှ ကလေးငယ်ကို ကျောင်းဆက်လက် မထားနိုင်မည်ကို မိဘများက စိုးရိမ်နေကြောင်းလည်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

စစ်တပ်က အာဏာသိမ်းပြီး (၂) နှစ်ပြည့် ကာလအတွင်းမှာ သျှမ်းပြည်တွင် နိုင်ငံရေး အခြေအနေကြောင့် စီးပွားရေး အဆမတန် ကျဆင်းနေကာ အခြေခံ လူတန်းစားများအတွက်လည်း စားဝတ်နေရေးအတွက် ရှာဖွေစားသောက်ရန် ခက်ခဲသည့် ကာလဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်တပ်ထိန်းချုပ် သီပေါမြို့အနီး ရှော့တိုက်ဒုံးပစ်ခတ်ခံရ

0
သျှမ်းပြည် သီပေါမြို့အနီးသို့ အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့မှ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မေလ ၂၄ ရက်) ညနေ ၅ နာရီခွဲကျော်တွင် စစ်တပ်ပြန်လည်ထိန်းချုပ်ထားသည့် သီပေါမြို့အနီးသို့ အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့မှ ရှော့တိုက်ဒုံး (၃) လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စံဖိတ်ကျေးရွာအုပ်စုရှိ ဖာဖိတ်ကျေးရွာအနီး ကျရောက်ပေါက်ကွဲခဲ့ကြောင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...