Tuesday, January 27, 2026

သီပေါ မီးရထားသံလမ်းအနီးရှိ နေအိမ်များ ရွှေ့ပြောင်းရမည်ဟု စစ်ကောင်စီညွှန်ကြား

သျှမ်းပြည် ကျောက်မဲခရိုင် သီပေါမြို့ မီးရထား (ဘူတာ) အနီးနှင့် မီးရထားသံလမ်းဘေး တလျောက် အိမ်ခြံမြေယာနှင့် နေအိမ်ဆောက်ပြီး နေထိုင်ကြသူများသည် တခြားနေရာသို့ ရွှေ့ပြောင်းနေထိုင်ရန် ဖိအားပေးခံနေရကြောင်း သတင်းရရှိသည်။

သီပေါမြို့

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သီပေါမြို့ မြန်မာရပ်ကွက်အပါအဝင် မီးရထားသံလမ်းဘေး တလျောက် အိမ်ခြံမြေယာနှင့် နေအိမ်ဆောက်ပြီး နေထိုင်သည့် အိမ်ခြေရာချီကို စစ်ကောင်စီ၏ လက်အောက်ခံ သက်ဆိုင်ဌာနများက တခြားနေရာသို့ ရွှေ့ပြောင်းနေထိုင်ရန် ဖိအားပေးနေကြောင်း သီပေါမြို့ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ အဓိကတော့ မီးရထားလမ်းဘေးမှာ နေထိုင်တဲ့သူတွေ ရွှေ့ရမယ်လို့ ကြားတယ်။ ရွှေ့ပြောင်းခံရမှာ အိမ်ခြေရာနှင့်ချီရှိတယ်။ ဘယ်ချိန်၊ ဘယ်ခါ ရွှေ့ပြောင်းရမယ်လို့တော့ မပြောသေးဘူး။ ရွှေ့ပြောင်းဖို့ အတွက်တော့ အကြောင်းကြားလာတယ် “ ဟု ၎င်းက ပြောသည်။

ကိုလိုနီခေတ်ကတည်းစပြီး ဘိုးဘွားခေတ်အဆက်ဆက်က ရွှေ့ပြောင်းနေထိုင်သူများနှင့် မီးရထား (ဘူတာ) အနီးရှိ အခြေခံလူးသားတန်းများသည် အိမ်ခြေရာချီရှိကြောင်းလည်း သိရသည်။

နှစ်ပေါင်း (၂၀) နီးပါးခန့် မီးရထားလမ်းဘေးအနီး၌ နေထိုင်သူများသည် လက်ရှိမှာ တခြားနေရာသို့ ရွှေ့ပြောင်းနေထိုင်ရန် အခက်ခဲများစွာကို စိန်ခေါ်နေရကြောင်း သီပေါမြို့ခံ အမျိုးသမီး တစ်ဦးက ပြောသည်။

“ စစ်ကောင်စီက ဘာအစီစဉ်ထပ်ဆွဲနေတာတော့ မသိဘူး။ မီးရထားလမ်းမှာ နေထိုင်သူက အခြေခံ လူတန်းစားတွေ၊ တစ်နေ့ရှာ တစ်နေ့စားမှ ဝမ်းဝတဲ့သူတွေ၊ ကလေးငယ်တွေ အများကြီးရှိတယ်။ ဒီခေတ်ကာလနဲ့ သူတို့နေရာရွှေ့နေရမယ်ဆိုရင်တော့ အရမ်းကိုခက်ခဲတယ် “ ဟု သီပေါမြို့ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါ နေရာရွှေပြောင်းမှုနှင့် ပတ်သက်ပြီး စစ်ကောင်စီသည် ၎င်းတို့၏ ဝန်းထမ်းများကို နေရာပြန်လည်ချ ထားရေးအတွက်ကြောင့် မီးရထားသံလမ်းဘေးအနီး နေထိုင်သူများကို ရွှေ့ပြောင်းခိုင်း ရခြင်းဖြစ်ကြောင်း ဒေသခံများ၏ ပြောချက်အရသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

MNDAA တပ်သားများက သီပေါမြို့နယ် အမျိုးသားနှစ်ဦးကို ဖမ်းဆီး၊ အမျိုးသားတစ်ဦးကို ရိုက်နှက်

0
သျှမ်းပြည် သီပေါမြို့နယ်တွင် လှုပ်ရှားနေသည့် ကိုးကန့်တပ်ဖွဲ့ (MNDAA)တပ်သားများသည် နမ့်မကျေးရွာနေ အမျိုးသားနှစ်ဦးကို ဖမ်းဆီးခဲ့ပြီး၊ ခြံသွားသည့် အမျိုးသားတစ်ဦးကို ထိုးကြိတ်ရိုက်နှက်ခဲ့ကြောင်း သိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၁၁ ရက်) မွန်းလွဲ ၂ နာရီဝန်းကျင်တွင် သီပေါမြို့နယ် နမ့်မကျေးရွာမှ ကြံစိုက်ခင်းသို့ သွားသည့် အမျိုးသားတစ်ဉီးကို MNDAA...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...