စစ်တပ်ပိုင် နယ်မြေအတွင်းရှိ ဆိုင်ခန်းများ ဖြိုဖျက်ခံရ

သျှမ်းပြည် တောင်ကြီးခရိုင် တောင်ကြီးမြို့ စစ်တပ်၏ တပ်ပိုင်နယ်မြေအတွင်းရှိ ဆိုင်ခန်းများကို ဘူဒိုဇာကားနှင့် လာရောက် ဖြိုဖျက်ခဲ့ကြောင်း စုံစမ်းသိရသည်။

ဆိုင်ခန်းများကို လာရောက်ဖျက်စီးစဥ်

ယမန်နေ့ (ဇန်နဝါရီ ၂၈) ရက် နံနက်ပိုင်းမှစတင်ကာ စစ်တပ်၏ တပ်ပိုင်နယ်မြေအတွင်းရှိနေသည့် ဆေးတပ်ရင်း အပါအဝင် အမှတ် (၂၆၂) တပ်ထိန်း၊ စုဆောင်းရေး တပ်ဖွဲ့ရုံး နှင့် GE တပ်နယ်မြေအတွင်း ရှိသည့် ဆိုင်ခန်းများကို စစ်ကောင်စီတပ်ဖွဲ့၊ ရဲတပ်ဖွဲ့ နှင့် ထွေအုပ်တို့က ဘူဒိုဇာကားဖြင့် ဆိုင်ခန်းများကို ဖြိုဖျက်ခဲ့ကြောင်း ဆိုင်ခန်းပိုင်ရှင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ဆိုင်ခန်းတွေ မဖျက်ခင်တော့ ကိုယ်လိုချင်တာတွေ အကုန်ဖြုတ်ယူသွားလို့ရတာပေါ့။ သူတို့ လုံခြုံရေးအတွက် တပ်ကကော ၊ ရဲတပ်ဖွဲ့ကကော ပါတယ်။ ဘူဒိုဇာနဲ့ မနေ့က နေ့လည် ၁၂ နာရီခွဲလောက် လာဖျက်သွားတယ်။ ဖျက်ခံရတဲ့ နေရာတော့ ၄ နေရာလောက်ရှိတယ် “ ဟု ၎င်းကပြောသည်။

အဆိုပါ စစ်တပ်၏ တပ်ပိုင်နယ်မြေအတွင်းရှိ ဆိုင်ခန်းများကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၈ ရက်နေ့မှာ နောက်ဆုံးထားပြီး ဖယ်ရှားခိုင်းထားကြောင်း ဆိုင်ခန်းပိုင်ရှင်များက ပြောသည်။

ဆိုင်ခန်းများကို လာရောက်ဖျက်စီးစဥ်

စစ်တပ်၏ တပ်ပိုင်နယ်မြေအတွင်း ဆိုင်ခန်း ဖွင့်လှစ်ရောင်းချနေရသော အခြေခံလူတန်းစားများသည် လက်ရှိတွင် ရွှေ့ပြောင်းရန် နေရာမရှိသေးကြောင်း မြို့ပေါ်ရှိ ဆိုင်ခန်းတစ်ခန်းမှာ ကျပ် ၂ သိန်းအထက် ဈေးနှုန်းမြင့်တက်နေသဖြင့် ငှားရမ်းရန် ခက်ခဲနေကြောင်း သိရသည်။

“တခြားနေရာတော့ ရှာရမှာပေါ့၊ ဘယ်မှာ ဖွင့်ရမှာတောင် နေရာအတိတကျ မရှိသေးဘူး။ တချို့နေရာမှာဆို ဆိုင်ခန်းက ဘယ်လောက်မှ မကျယ်ဘူး အနည်းဆုံး ကျပ် ၃ သိန်းပေးရတယ်။ တချို့ကလည်း ရွှေ့ဖို့နေရာရှိသလို တချို့ကလည်း ရွှေ့ဖို့နေရာမရှိသေးတော့ ပစ္စည်းတွေကို လမ်းမှာဘဲ ဒီတိုင်းထားထားရတယ် “ ဟု ၎င်းက ထပ်လောင်းပြောသည်။

လက်ရှိ စစ်တပ်၏ တပ်ပိုင်နယ်မြေအတွင်း ဖယ်ရှားပေးရသည့် ဆိုင်ခန်းများမှာ စုစုပေါင်း (၅၀၀) ကျော်ရှိပြီး အများစုမှာ ဆိုင်ခန်းအသစ်ထပ်မံ တည်ဆောက်ဖို့နှင့် ဆိုင်ခန်းငှားနေထိုင်ဖို့ရန် အခက်အခဲ ရှိနေကြောင်း သိရသည်။

အလားတူ တောင်ကြီးမြို့ အနောက်မြို့ပတ်လမ်းရှိ မောချယ်ဂိတ်ကိုလည်း ဖေဖော်ဝါရီ ၄ ရက်နေ့ နောက်ဆုံးထားပြီး ဖယ်ရှားဖို့ စစ်ကောင်စီ ညွှန်ထားကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အာဏာသိမ်းလက်အောက်က ကျောင်းများ နည်းမျိုးစုံဖြင့် ငွေကြေးကောက်ခံနေ

0
စစ်အာဏာသိမ်း အစိုးရ၏ လက်အောက်တွင် ဖွင့်လှစ်ထားသည့် သျှမ်းပြည် တောင်ကြီးမြို့ရှိ ကျောင်းများတွင် ကျောင်းသားများထံ နည်းမျိုးစုံ ခေါင်းစဉ်တပ်ပြီး ငွေကြေးကောက်ခံမှုများရှိနေကြောင်း သတင်းရရှိသည်။ စစ်အာဏာသိမ်းပြီးနောက် မြန်မာတဝှမ်းတွင် ကုန်စျေးနှုန်းများ တရိပ်ရိပ်တက်လာပြီး အလုပ်လက်မဲ့များလာခြင်း၊ ဝင်ငွေနှင့်ထွက်ငွေ မကိုက်မှုများဖြစ်လာသည့်ကြား ကလေးငယ်များ၏ ပညာရေး စရိတ်လည်း ကြီးလာပြီး ကျောင်းတွင် လစဉ်ပေးဆောင်နေရသည့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...