ဆိုင်ခန်းများ ဖြိုဖျက်ပျက်စီးခံရပြီးနောက် အလုပ်လက်မဲ့ဖြင့် အိမ်ခန်းငှားခ စရိတ်တွေ အခက်ကြုံနေ

သျှမ်းပြည် တောင်ကြီးခရိုင် တောင်ကြီးမြို့တွင် စစ်တပ်၏ တပ်ပိုင်နယ်မြေအတွင်း ဆိုင်ခန်းများ ဖြိုဖျက်ခံရပြီးနောက် အလုပ်လက်မဲ့ဖြင့် အိမ်ခန်းငှားခ စရိတ်များ အခက်ကြုံတွေ့နေ ရကြောင်း သိရှိရသည်။

ဆိုင်ခန်းများကို လာရောက်ဖျက်ဆီးစဥ်

စစ်တပ်သည် ၎င်းတို့၏ တပ်ပိုင်နယ်မြေဟုဆိုပြီး တပ်ပိုင်နယ်မြေအတွင်း ရောက်ရှိသည့် ဆေးတပ်ရင်း၊ အမှတ် (၂၆၂) တပ်ထိန်း၊ စုဆောင်းရေး တပ်ဖွဲ့ရုံး နှင့် GE တပ်နယ်မြေအတွင်းရှိ ဆိုင်ခန်းများ ပြီးခဲ့သည့် (ဇန်နဝါရီ ၂၈ ရက်)တွင် ဘူဒိုဇာကားဖြင့် ဖြိုဖျက်ပျက်စီးခဲ့ပြီးနောက် (ဖေဖော်ဝါရီ ၄ ရက်) တွင် မောချယ်ရီကားဂိတ်ရှိ ဆိုင်ခန်းများကို စစ်တပ်က ထပ်မံဖြိုဖျက် ပျက်စီးခဲ့သည်။

လက်ရှိ စစ်တပ်၏ တပ်ပိုင်နယ်မြေအတွင်း ဖယ်ရှားပေးရခဲ့သည့် ဆိုင်ခန်းများမှာ စုစုပေါင်း (၆၀၀) ကျော်ရှိပြီး အများစုသည် ယနေ့အချိန်ထိ ဆိုင်ခန်းများပြန်လည်ဖွင့်နိုင်ခြင်းမရှိသေးကြောင်း တချို့မှာအလုပ်လက်မဲ့များဖြစ်ကုန်ကြ ပြီး အိမ်ခန်းငှားခ စရိတ် အခက်ခဲများကြုံတွေ့နေရကြောင်း ဆိုင်ခန်းပိုင်ရှင် အမျိုးသားတစ်ဦးက ပြောသည်။

“ ဆိုင်ခန်းကတော့ အစားစားဘဲ ပုံမှန်ရယ်လို့ မရှိပါဘူး။ တစ်ခန်းကို အနည်းဆုံး တစ်လ ၃ သိန်းကျပ် လောက်ပေးပြီး ငှားရတာပေါ့။ အခုက နေစရာတွေလည်းရှားတယ်၊ ဆိုင်ခန်းဖွင့်မယ့်နေရာတွေလည်း ရှားတယ်။ အခုဘာအလုပ်မှမရှိတော့ အလုပ်လက်မဲ့နေတယ်။ ခံစားချက်တော့ ဘာပြောရမှန်း မသိတော့ပါဘူး အိမ်ငှားခလည်းဈေးတက်၊ ဆိုင်ခန်းခလည်း ဈေးတက်နေတယ် “ ဟု ၎င်းကပြောသည်။

တပ်ပိုင်နယ်မြေအတွင်း ဆိုင်ခန်းဖွင့်ပြီး စားဝတ်နေရေးအတွက် အားကိုးပြီး အလုပ်လုပ်ကိုင်သူများအပြင် ကျောင်းနေအရွယ် ကလေးများလည်း ခက်ခဲနေကြောင်း စုံစမ်းသိရှိရသည်။

“ နေရေးက အဓိကလေနော်၊ နေရေး အတွက်တောင် မပြေလည်ရင် စားရေးကလိုက်ပြီး မပြေလည်တော့ဘူး။ အဲ့ဆို ကလေးတွေက လမ်းဘေးရောက်ဖို့ များသွားမှာဘဲ။ အခုကျောင်းတွေမှာလည်း ဟိုကြေးကောက်လိုက်၊ ဒီကြေးကောက်လိုက်နဲ့ ကြားနေရတယ်။ ရှိတဲ့မိဘကတော့ တစ်သိန်းတွေ တစ်သောင်းတွေ တောင်းလည်း ကိစ္စမရှိဘူး။ မရှိတဲ့ မိဘတွေတော့ တစ်ထောင်၊ နှစ်ထောင်တောင်မပြောနဲ့ ငါးရာတောင် မလွယ်တော့ဘူး “ ဟု ဒေသခံ အသက် ၄၀ နှစ် အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိ နိုင်ငံရေးအခြေနေကြောင့် ပြည်တွင်းတွင် စီးပွားရေးအကြပ်အတည်းဖြစ်ပြီး ကုန်ပစ္စည်းများမှာ ယခင်ထက် ဈေးနှုန်းမြင့်တက်နေပြီး ရွှေဘိုပေါ်ဆန်းမွှေး ၂၄ ပြည်အိတ် တစ်အိတ်ကို (၁၁၀,၀၀၀) ကျပ်ထိ ဈေးမြင့်တက်နေကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...