CDM နှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို စစ်ကောင်စီမှ ဆက်တိုက် ဖမ်းဆီးနေ

သျှမ်းပြည် လားရှိုးခရိုင်၊ ကျောက်မဲ ခရိုင် နှင့် မူဆယ်ခရိုင်တို့မှ CDM ပြုလုပ်သည့် ဝန်ထမ်းများ နှင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများကို စစ်ကောင်စီမှ ရက်ဆက်တိုက် လိုက်လံ ဖမ်းဆီးနေကြောင်း သတင်းသိရသည်။

CDM

ပြီးခဲ့သည့် (ဇန်နဝါရီ ၁၅) ရက်တွင် ကျောက်မဲခရိုင် သီပေါမြို့မှ CDM လုပ်သည့် ပညာရေး ဝန်ထမ်း ၂ ဦးကို စစ်ကောင်စီတပ်ဖွဲ့မှ လာရောက် ဖမ်းဆီးသွားကြောင်း အမည်မဖော်လိုသူ ဒေသခံအမျိုးသား တစ်ဦး က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ကျောင်းဆရာမ ၂ ယောက်ကို စစ်ကား နဲ့ လာဖမ်းသွားတယ်၊ သူတို့ CDM လုပ်ကတည်းက ပုံမှန်အတိုင်းပဲ နေပေမဲ့ အခုမှ ဘာလို့ အဖမ်းခံရလဲဆိုတာတော့ မသိဘူး၊ နမ့်လန်မြို့မှာဆိုလည်း CDM လုပ်တဲ့ ပညာရေး ဝန်ထမ်းတွေ ချည်းပဲ ဖမ်းဆီးခံရတယ်၊ CDM မဟုတ်တဲ့ တခြားလူငယ်တွေကိုလည်း ဖမ်းနေတာတွေ ရှိတယ်” ဟု သီပေါမှ အမည်မဖော်လိုသူ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် သီပေါမြို့ပေါ်မှ CDM လုပ်သည့် ပညာရေးဝန်ထမ်း ၄ ဦးပါအဝင် လူငယ် ၇ ဦးတို့ က ဖမ်းဆီး ခံထားရပြီး သီပေါ ရဲစခန်း အကျဥ်းထောင်တွင် ထားထားကြောင်း သိရသည်။

ဒါ့အပြင် ဇန်နဝါရီလ ၉ ရက်နေ့တွင်လည်း လားရှိုးခရိုင် လားရှိုးမြို့ ရပ်ကွက် (၁၀) သာယာလမ်းနေ CDM ပြုလုပ်သည့် ပညာရေးဝန်ထမ်း (၄) ဦးနှင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ လူငယ်နှစ်ဦးတို့ကိုလည်း စစ်ကောင်စီ တပ်ဖွဲ့မှ လာရောက် ဖမ်းဆီးသွားကြောင်း သိရသည်။

“အခုဆို လားရှိုးမှာလည်း လိုက်ဖမ်းနေတာတွေက ညတိုင်းလိုလို ရှိနေတယ်၊ အခု သတင်းအရဆိုရင် ထွေအုပ်က CDM ဝန်ထမ်း ၂ ဦး၊ ပညာရေး ဝန်ထမ်း ၄ ဦးနဲ့ CDM မဟုတ်တဲ့ တခြား တက်ကြွလှုပ်ရှား လူငယ် ၂ ဦးလည်း ဖမ်းဆီးခံထားရတယ်၊ အားလုံးကို အချုပ်ခန်းမှာထားပြီး ချုပ်ရမာန် ယူထားတယ်လို့ ပြောတယ်” ဟု လားရှိုးမှ အမည်မဖော်လိုသူ ရှေ့နေတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် ကျောက်မဲမြို့နယ်မှာလည်း CDM သမားတော် တစ်ဦး နှင့် သွား အထူးကု ဆရာဝန်တစ်ဦးတို့ကိုလည်း ယခုလ လယ်ပိုင်းတွင် နေအိမ်အထိ စစ်ကောင်စီတပ်သားတို့မှ လာရောက်ဖမ်းဆီးပြီး အိမ်တွင်းပိုင်းကိုလည်း မွှေနှောက်သွားကြောင်း ဒေသခံ သတင်းပေးပို့ချက်အရ သိရသည်။

သျှမ်းပြည်အတွင်း CDM ပြုလုပ်သည့် ဝန်ထမ်းများသည် လက်ရှိမှာ မြို့/ရွာသို့ ပြန်လည်ဝင်ရောက်နေထိုင်သည့် အတွက် ရပ်ရွာအုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများအနေဖြင့် စာရင်းပြုစုပေးရန် စစ်ကောင်စီက ယခုလအတွင်း ကြေညာစာထုတ်ပြန်လာခဲ့သည်။

သျှမ်းမြောက်ရှိ CDM ရှင်းလင်းရေး စီမံချက်ဖြင့် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ တိုက်ရိုက် ညွှန်ကြားချက်ဖြင့် တပ်အရာရှိများ၊ ရဲများ နှင့် စစ်တပ် သတင်းပေးတို့ ပူးပေါင်းကာ CDM နှင့် တက်ကြွ လှုပ်ရှားသူများကို လိုက်လံ ဖမ်းဆီးနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်တပ်ထိန်းချုပ် သီပေါမြို့အနီး ရှော့တိုက်ဒုံးပစ်ခတ်ခံရ

0
သျှမ်းပြည် သီပေါမြို့အနီးသို့ အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့မှ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မေလ ၂၄ ရက်) ညနေ ၅ နာရီခွဲကျော်တွင် စစ်တပ်ပြန်လည်ထိန်းချုပ်ထားသည့် သီပေါမြို့အနီးသို့ အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့မှ ရှော့တိုက်ဒုံး (၃) လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စံဖိတ်ကျေးရွာအုပ်စုရှိ ဖာဖိတ်ကျေးရွာအနီး ကျရောက်ပေါက်ကွဲခဲ့ကြောင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

စစ်တပ်ထိန်းချုပ် လားရှိုးမြို့ပေါ် ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲမှုများလာ၊ ဖမ်းဆီးအရေးယူမှုမရှိ

0
သျှမ်းပြည် လားရှိုးမြို့တွင် ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲ ငွေညှစ်တောင်းခံမှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာပြီး ဖမ်းဆီးအရေးယူမှုလည်း မရှိသလောက် နည်းပါးကြောင်း စုံစမ်းသိရသည်။ လားရှိုးမြို့ကို စစ်တပ်ပြန်လည်ထိန်းချုပ်ထားသည့် တစ်နှစ်ကျော်အတွင်း ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲ ငွေညှစ်တောင်းခံမှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာပြီး မေလ ပထမပတ်အတွင်း အမျိုးသမီးတစ်ဦး ဆိုင်ကယ်လုယက်ခံရပြီး ခရိုင်ရဲစခန်းအနီးရှိ နေအိမ်တစ်အိမ်တွင်လည်း...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...