မူဆယ် လူငယ်တစ်ဦးကို စစ်ကောင်စီမှ PDF ထောက်ပံ့ပေးနေသည်ဟု စွပ်စွဲကာ ထောင်ဒဏ် (၁၀) နှစ်ချ

သျှမ်းပြည် မူဆယ်ခရိုင် မူဆယ်မြို့တွင် နေထိုင်သည့် လူငယ်တစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ထောက်ပံ့သည်ဟုဆိုပြီး စစ်ကောင်စီမှ ယနေ့ (ဇန်နဝါရီ ၁၃ ) ရက်တွင် အလုပ် နှင့် ထောင်ဒဏ် (၁၀) နှစ်ချလိုက်ကြောင်း သတင်းရရှိသည်။

ထောင်ဒဏ် ချမှတ်ခံရသည့် ကျော်ရဲထွေး (အလင်းသခင်)

မူဆယ်မြို့တွင် နေထိုင်သည့် အသက် ၂၉ နှစ်အရွယ်ရှိ ကျော်ရဲထွေး (အလင်းသခင်) ကို ယနေ့ (ဇန်နဝါရီ ၁၃ ) ရက် မူဆယ်ခရိုင် တရားရုံးတွင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဉပဒေ ပုဒ်မ ၅၀ (ည) ဖြင့် အလုပ် နှင့် ထောင်ဒဏ် (၁၀) နှစ်ချလိုက်ကြောင်း နီးစပ်သည့် အသိုင်းအဝိုင်း တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၄ ရက် ညနေ ၅ နာရီတွင် မူဆယ်မြို့တွင်ရှိသည့် ၎င်း၏ နေအိမ်ထံ မူဆယ် ရဲတပ်ဖွဲ့ အင်အား (၁၅) ဦး ဝန်းကျင်က အရပ်ဝတ်ဖြင့် အိမ်အရောက် လာဖမ်းဆီးသွားကြောင်း သိရသည်။

“ ကျနော်တို့ သျှမ်းပြည်မြောက်ပိုင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ကို လှူဒါန်းတယ်ဆိုပြီး စွပ်စွဲချက်တွေနဲ့ အမိန့်ချလိုက်တာဗျ။ ဖမ်းမိချိန်တုန်းက အဲ့ဒီ ပုဒ်မနဲ့ ဖမ်းခဲ့တာ မဟုတ်ဘူး၊ သူက ဖေ့ဘွတ် လူမှုကွန်ရက် စာမျက်နှာပေါ်မှာ “ နီးစပ်ရာ ကို တလရ လှူဒါန်း” ဆိုပြီးတင်လို့ ဖမ်းခံရတာ။ ဖမ်းဆီးပြီးတဲ့အခါမှ သူ့ဖုန်းထဲကို PDF ကိုလှူဒါန်း ဂုဏ်ပြု မှတ်တမ်းလွှာတွေ့တယ်။ အဲ့မှတ်တမ်းလွှာထဲမှာ သူ့နာမည်မရေးထားဘူး “ ဟု ၎င်း နီးစပ်သူတစ်ဦးက ပြောသည်။

အဆိုပါ မောင်ကျော်ရဲထွေး (အလင်းသခင်) ကို မူဆယ်ခရိုင် တရားရုံးမှ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဉပဒေ ပုဒ်မ ၅၀ (ည) ဖြင့် တရားစွဲဆိုမှု အပေါ် မျှတမှုမရှိကြောင်း၊ ခိုင်မာသည့် သက်သေအထောက်အထား မရှိခြင်းဖြင့် အမိန့်ချမှတ်လိုက်သည်မှာ ကျေနပ်မှု မရှိကြောင်း ၎င်းနှင့်နီးစပ်သည့် အသိုင်းအဝိုင်းတစ်ဦးက ပြောသည်။

“ ကျနော် အမြင်နဲ့ ဆိုရင်တော့ သူတို့အမိန့်ချလိုက်တာ မတရားဘူးလို့ ထင်တယ်ဗျ။ သူရဲ့ ပြစ်မှုတွေမှာ တစုံတရာမှ ပြစ်မှုပေါ်ပေါက်တာ မရှိဘူး။ ခိုင်မာတဲ့ သက်သေအထောက်အထား မရှိဘူး။ သက်သေအထောက် အထားကလည်း ဘာပြစ်မှုမှမရှိဘဲ အမိန့်ချလိုက်တာ ဖြစ်တယ် “ ဟု ၎င်းနီးစပ်သည့် အသိုင်းအဝိုင်းတစ်ဦးက ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူ (၁၇,၂၁၇) ဦး ဖမ်းဆီးခံရပြီး ပြည်သူ (၂,၇၃၀) ဦး သတ်ဖြတ်ခံရကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP မှ ယမန်နေ့ ( ဇန်နဝါရီ ၁၂) ရက်စွဲ၏ ထုတ်ပြန်ချက်အရ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်မြို့ ရွှေဆိုင်ပိုင်ရှင် မိသားစု ဓားပြတိုက်ခံရ၊ ကျူးလွန်သူများ လွတ်မြောက်နေဆဲ

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် ရွှေဆိုင်ပိုင်ရှင်မိသားစု နှစ်ဦးကို အမည်မသိလက်နက်ကိုင် လူတစ်စုက သေနက်ပစ်ဖောက်ကာ ဓားပြတိုက်လုယက်ခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( ဇွန်လ ၉ ရက်) နေ့လည် ၃ နာရီခွဲကျော် အချိန်တွင် မူဆယ်မြို့ ၊ တောင်ရပ်ကွက်တွင် ရွှေဆိုင်ပိုင်ရှင် မိသားစု နှစ်ဦး...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...