Thursday, January 29, 2026

မူဆယ် လူငယ်တစ်ဦးကို စစ်ကောင်စီမှ PDF ထောက်ပံ့ပေးနေသည်ဟု စွပ်စွဲကာ ထောင်ဒဏ် (၁၀) နှစ်ချ

သျှမ်းပြည် မူဆယ်ခရိုင် မူဆယ်မြို့တွင် နေထိုင်သည့် လူငယ်တစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ထောက်ပံ့သည်ဟုဆိုပြီး စစ်ကောင်စီမှ ယနေ့ (ဇန်နဝါရီ ၁၃ ) ရက်တွင် အလုပ် နှင့် ထောင်ဒဏ် (၁၀) နှစ်ချလိုက်ကြောင်း သတင်းရရှိသည်။

ထောင်ဒဏ် ချမှတ်ခံရသည့် ကျော်ရဲထွေး (အလင်းသခင်)

မူဆယ်မြို့တွင် နေထိုင်သည့် အသက် ၂၉ နှစ်အရွယ်ရှိ ကျော်ရဲထွေး (အလင်းသခင်) ကို ယနေ့ (ဇန်နဝါရီ ၁၃ ) ရက် မူဆယ်ခရိုင် တရားရုံးတွင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဉပဒေ ပုဒ်မ ၅၀ (ည) ဖြင့် အလုပ် နှင့် ထောင်ဒဏ် (၁၀) နှစ်ချလိုက်ကြောင်း နီးစပ်သည့် အသိုင်းအဝိုင်း တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၄ ရက် ညနေ ၅ နာရီတွင် မူဆယ်မြို့တွင်ရှိသည့် ၎င်း၏ နေအိမ်ထံ မူဆယ် ရဲတပ်ဖွဲ့ အင်အား (၁၅) ဦး ဝန်းကျင်က အရပ်ဝတ်ဖြင့် အိမ်အရောက် လာဖမ်းဆီးသွားကြောင်း သိရသည်။

“ ကျနော်တို့ သျှမ်းပြည်မြောက်ပိုင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ကို လှူဒါန်းတယ်ဆိုပြီး စွပ်စွဲချက်တွေနဲ့ အမိန့်ချလိုက်တာဗျ။ ဖမ်းမိချိန်တုန်းက အဲ့ဒီ ပုဒ်မနဲ့ ဖမ်းခဲ့တာ မဟုတ်ဘူး၊ သူက ဖေ့ဘွတ် လူမှုကွန်ရက် စာမျက်နှာပေါ်မှာ “ နီးစပ်ရာ ကို တလရ လှူဒါန်း” ဆိုပြီးတင်လို့ ဖမ်းခံရတာ။ ဖမ်းဆီးပြီးတဲ့အခါမှ သူ့ဖုန်းထဲကို PDF ကိုလှူဒါန်း ဂုဏ်ပြု မှတ်တမ်းလွှာတွေ့တယ်။ အဲ့မှတ်တမ်းလွှာထဲမှာ သူ့နာမည်မရေးထားဘူး “ ဟု ၎င်း နီးစပ်သူတစ်ဦးက ပြောသည်။

အဆိုပါ မောင်ကျော်ရဲထွေး (အလင်းသခင်) ကို မူဆယ်ခရိုင် တရားရုံးမှ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဉပဒေ ပုဒ်မ ၅၀ (ည) ဖြင့် တရားစွဲဆိုမှု အပေါ် မျှတမှုမရှိကြောင်း၊ ခိုင်မာသည့် သက်သေအထောက်အထား မရှိခြင်းဖြင့် အမိန့်ချမှတ်လိုက်သည်မှာ ကျေနပ်မှု မရှိကြောင်း ၎င်းနှင့်နီးစပ်သည့် အသိုင်းအဝိုင်းတစ်ဦးက ပြောသည်။

“ ကျနော် အမြင်နဲ့ ဆိုရင်တော့ သူတို့အမိန့်ချလိုက်တာ မတရားဘူးလို့ ထင်တယ်ဗျ။ သူရဲ့ ပြစ်မှုတွေမှာ တစုံတရာမှ ပြစ်မှုပေါ်ပေါက်တာ မရှိဘူး။ ခိုင်မာတဲ့ သက်သေအထောက်အထား မရှိဘူး။ သက်သေအထောက် အထားကလည်း ဘာပြစ်မှုမှမရှိဘဲ အမိန့်ချလိုက်တာ ဖြစ်တယ် “ ဟု ၎င်းနီးစပ်သည့် အသိုင်းအဝိုင်းတစ်ဦးက ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူ (၁၇,၂၁၇) ဦး ဖမ်းဆီးခံရပြီး ပြည်သူ (၂,၇၃၀) ဦး သတ်ဖြတ်ခံရကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP မှ ယမန်နေ့ ( ဇန်နဝါရီ ၁၂) ရက်စွဲ၏ ထုတ်ပြန်ချက်အရ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...