နေရပ်ပြန် ကျောက်မဲ စစ်ရှောင်များ စားသောက်ရေးအတွက် ခက်ခဲနေ

သျှမ်းပြည် ကျောက်မဲခရိုင် ကျောက်မဲမြို့မှ နေရပ်ပြန်ရောက်ရှိသွားသည့် ချုံးအုပ်စုရှိ ချုံးသစ်ရွာ၊ ချုံးဟောင်းရွာ မှ စစ်ဘေးရှောင်များသည် စားသောက်ရေးအတွက် အကူအညီများ လိုအပ်နေကြောင်း သတင်းသိရသည်။

TNLA မှ ချုံးဟောင်းရွာမှာ ဂိတ်ပြုလုပ်ထားပုံ

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းတွင် ကျောက်မဲမြို့မှ စစ်ရှောင်များ ဖြစ်ကြသည့် ချုံးသစ်ရွာခံမှ အိမ်ထောင်စု ၅ အိမ် ၊ ချုံးဟောင်းမှ အိမ်ထောင်စု ၇ အိမ်မှ ပြည်သူများသည် နေရပ်ပြန်သွားကြပြီး လက်ရှိတွင် စားသောက်ရေးပိုင်း အတွက် ခက်ခဲနေကြောင်း နီးစပ်သည့် သတင်းရင်းမြစ်ထံမှ သိရသည်။

“ကျောက်မဲမြို့ပေါ်က စစ်ရှောင်စခန်းတွေမှာ စစ်ကောင်စီက ပေးမနေတော့ စစ်ရှောင်တွေကလည်း နေရပ်ကို ပြန်သွားရတယ်၊ အခုက ချုံးသစ် ချုံးဟောင်းရွာကို ပြန်သွားတဲ့ အိမ်ထောင်စု ၁၂ အုပ်စုက စားသောက်ရေး အတွက်တော့ အကူအညီ လိုအပ်နေတယ်” ဟု သျှမ်းတော်ဆင့် သတင်းရင်းမြစ် အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကျောက်မဲမြို့မှ ချုံးသစ် ချုံးဟောင်းရွာသို့ စစ်ရှောင်ပြည်သူများ နေရပ်ပြန်စဥ်တွင် ကျေးရွာအဝင် စစ်ဆေးရေး ဂိတ်ထောင်ထားသည့် တအာင်း (ပလောင်)အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့က စစ်ရှောင်များ ကျောက်မဲသို့ ပြန်သွားရန် စေခိုင်းမှုရှိခဲ့ရာ ဒေသအခြေစိုက် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA မှ ဝင်ရောက် ညှိနှိုင်းရာ စစ်ရှောင်များက ကျေးရွာ အတွင်းဝင်ရောက်နေထိုင်ခွင့် ရလိုက်ကြောင်းလည်း သိရသည်။

လက်ရှိ ချုံးသစ် ချုံးဟောင်းရွာသို့ ရောက်ရှိလာသည့် စစ်ရှောင်ပြန် ပြည်သူများအနေဖြင့် ပါလာသည့် စားသောက်ကုန်များနှင့် SSPP မှ လာရောက်ထောက်ပံ့ပေးသည့် ရိက္ခာသာ ရှိနေကြောင်းလည်း အထက်ပါ ပုဂ္ဂိုလ်က ဆက်ပြောသည်။

“သူတို့ နေရပ်ပြန်ရောက်လာပြီ ဆိုပေမဲ့ ရှိရင်းအလုပ်တွေ ပြန်လည် လည်ပတ်နိုင်ဖို့လည်း မလွယ်ဘူးလေ၊ စစ်ရှောင်သွားရတာလည်း ၁ နှစ်ကျော်ပြီဆိုတော့ နေအိမ်ပျက်စီးတာတွေလည်း ပြုပြင်နေရသေးတယ်၊ ကာလတစ်ခုအတွက် သူတို့ ရိက္ခာအကူညီရနိုင်ရင်လည်း ကောင်းတာပေါ့” ဟု၎င်းက ဆက်ပြောသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် အစောပိုင်းကာလအတွင်းတွင် တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်း ဖြစ်ပွားသည့် တိုက်ပွဲကြောင့် ချုံးအုပ်စု အပါအဝင် ကျောက်မဲခရိုင် မိုင်းငေါ့မြို့နယ်ခွဲအတွင်း စစ်ဘေးရှောင် (၇၀၀) ကျော်အထိ ရှိခဲ့သည်။

လက်ရှိတွင် စစ်ကောင်စီဘက်မှ ကျောက်မဲမြို့ပေါ်ရှိ စစ်ရှောင်များကို နေရပ်အသီးသီး ပြန်ကြရန် နှင့် စစ်ရှောင် စခန်း မရှိစေရန် ဖိအားပေး ခိုင်းစေမှုများကြောင့် ဒေသခံများက နေရပ်ပြန်ရခြင်း ဖြစ်သည်။

ချုံးအုပ်စု အတွင်းမှ နေရပ်ပြန်လည်ရောက်ရှိလာသော စစ်ရှောင်များအပြင် ကျောက်မဲမြို့နယ်အတွင်းရှိ နေရပ် မပြန်နိုင်သေးသည့် စစ်ရှောင်အသီးသီး နေရပ်ပြန်နိုင်ရေးအတွက် သက်ဆိုင်ရာ နယ်မြေခံ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ အချင်းချင်းလည်း ဆွေးနွေးညှိနှိုင်းမှုများ ရှိနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အသက်(၁၈)နှစ်ပြည့်ပြီး မှတ်ပုံတင် မလဲလှယ်သူများ စစ်တပ်ဂိတ်တွင် ဆွဲချငွေတောင်း

0
သျှမ်းပြည်တောင်ကြီးမြို့နယ် အေးသာယာမြို့မှ စစ်ကော်ရှင်တပ်ဂိတ်တွင် ခရီးသည်များထဲ အသက် (၁၈)နှစ်ပြည့် ပြီးသူများ မှတ်ပုံတင် မလဲလှယ်ထားလျှင် ကားပေါ်မှ ဆွဲချကာ ငွေတောင်းခံနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မတ်လ ပထမပတ်မှစပြီး အေးသာယာမြို့ စစ်ကော်မရှင်ဂိတ်တွင် လိုင်းကား၊ အိမ်စီးကားများ ပေါ်မှ ခရီးသည်များ၏ မှတ်ပုံတင်များကို စစ်ဆေးနေပြီး အသက်(၁၈)နှစ်ပြည့်ပြီး...

မိုးမိတ်တွင် စက်သုံးဆီကို အကန့်အသတ်ဖြင့်ရောင်းချ၊ ခရီးသည်တင်ကားများ စစ်တပ်ထံ စာရင်းပေးရ

0
သျှမ်းပြည် မိုးမိတ်မြို့နယ်တွင် စက်သုံးဆီကို အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေပြီး ခရီးသည်တင်ကားနှင့် ကုန်တင်ကားများ မြို့အဝင်အထွက် ပြုလုပ်ရန် စစ်တပ်ထံ စာရင်းပေးနေရကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် မိုးမိတ်မြို့တွင် စက်သုံးဆီရောင်းချသည့် မိဘရိပ် ပန့်ဆီဆိုင် တစ်ဆိုင်တည်းသာ ရှိခြင်းကြောင့် မတ်လ ဒုတိယပတ်မှ စတင်၍ အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေပြီး...

ပင်းတယ ရောက် စစ်ရှောင်အချို့ ပြန်စရာ အိမ်မရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့သို့ လာရောက် စစ်ဘေးရှောင်နေသော သျှမ်းမြောက် စစ်ရှောင်အချို့ သည် ပြန်စရာအိမ်မရှိတော့သဖြင့် ယနေ့ထိတိုင် နေရပ်မပြန်နိုင်သေးကြောင်း သတင်းရရှိသည်? စစ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တောင်းပိုင် ဖယ်ခုံ၊ မိုးဗြဲ၊ပင်လောင်းမြို့နယ်နှင့် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ သီပေါ၊ လားရှိုးတို့တွင် စစ်ကော်မရှင်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့သည်။ ထို့အပြင် စစ်ကော်မရှင်တပ်သည့် အရပ်သားနေအိမ်ကိုဉီးတည်ပြီး...

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...