အင်းလေး စစ်ဆေးရေးဂိတ်စောင့် စစ်ကောင်စီ တပ်သား အမျိုးသမီးများကို ကိုယ်ထိလက်ရောက် ပြုလုပ်

သျှမ်းပြည် တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ် အင်းလေးဒေသရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်များမှ တပ်သားများ သည် အမျိုးသမီးများကို ကိုယ်ထိလက်ရောက်စစ်ဆေးမှုများ ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။

ပေါင်းပိုင်းဂိတ် စစ်ဆေးရေးဂိတ်

အင်းလေးဒေသ အနောက်ဘက်ခြမ်း ဘုရားနီကျေးရွာ နှင့် သန်းတောင်ကျေးရွာကြား စစ်ကောင်စီ နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့၏ ထိတွေ့တိုက်ပွဲအပြီး၌ စစ်ဆေးမှုများလည်း တင်းကြပ်လာပြီး အမျိုးသမီး များကို ကိုယ်ထိလက်ရောက် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

“အရင်ကလို ဘယ်ကလာတယ် ဘယ်ကိုသွားမလဲ ဆိုတာထက် ကိုယ်ခန္ဓာ ကိုင်တွယ် စစ်ဆေးတာတွေ ရှိလာ တယ်၊ ဒါက အမျိုးသားတွေအတွက် ဘာမှမဖြစ်ပေမဲ့ အမျိုးသမီးတွေကို ခါးကိုင်တာ ပခုံးကိုင်တာတွေက မဖြစ်သင့်ဘူးလေ၊ သူတို့က စစ်သား ယောကျာ်းရင့်မာကြီးတွေ၊ ပြောရင်လည်း သေနတ်နဲ့ ထုခံရမှာ ကြောက်လို့ ဘာမှ မပြောရဲဘူး” ဟု အင်းလေးဒေသမှ အမည်မဖော်လိုသူ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အင်းလေးဒေသ အဝင်အထွက်များကို တင်းကြပ်စွာ စစ်ဆေးနေသည့် စစ်ကောင်စီ စစ်ဆေးရေးဂိတ်သည် ပေါင်းပိုင်းဂိတ်၊ မှော်ဘီဂိတ်၊ အင်းတိန်ဂိတ်တို့ ဖြစ်ကြပြီး အမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာ ကာယိအိန္ဒြေ ကျူးလွန်မှု မြှောက်သည့် စစ်ဆေးမှုများလည်း ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် အဆိုပါ ဂိတ်စောင့် စစ်ဆေးရေးဂိတ်များသည် အရက်သောက် မူးနေတတ်ကြသဖြင့် ဂိတ်မှ ဖြတ်သန်း သွားလာသည့် အမျိုးသမီးများအတွက် အန္တရာယ်ကြီးမားကြောင်းလည်း အထက်ပါ အမျိုးသားက ဆက်ပြော သည်။

“အရက်မူးပြီဆိုရင် စစ်ဆေးရေးဂိတ်ဖြတ်တဲ့ သူအားလုံး အရစ်ခံရတယ်၊ ပိုက်ဆံပါရင်တော့ ပိုက်ဆံတောင်းတယ်၊ အမျိုးသမီးတွေကို ဆိုရင် စစ်သားတွေက ပုခုံးပေါ်လက်တင်ပြီး အရစ်ရှည်ပြီး ပေးမသွားတာမျိုးတွေ ရှိတယ်၊ အမျိုးသမီးတွေအတွက် အန္တရာယ်တွေ အရမ်းများတယ်၊ ဗမာစစ်သားတွမှ မဟုတ်ဘူး ၊ PNO/PNA စစ်သားတွေလည်း ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

ယင်းကဲ့သို့ စစ်ဆေးမှုများ တင်းကြပ်နေသည့်အတွက် ဒေသခံများက အပြင်ထွက် သွားလာရန်အတွက် စိုးရွံ့နေကြသည့် အတွက် နေထိုင်သွားလာရာတွင် ပိုပြီးအဆင်မပြေမှုများ မလုံခြုံမှုများ ခံစားနေရကြောင်း ဒေသခံများက ပြောဆိုသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂ ရက်တွင်လည်း တောင်ကြီးခရိုင် ပင်းတယမြို့ နဲ့ ရွာငံမြို့ကြားတွင် ရှိသည့် စစ်ကောင်စီ စစ်ဆေးရေးဂိတ်တစ်ခုတွင် လမ်းသွားလမ်းလာ အမျိုးသမီးများကို ဂိတ်စောင့် စစ်သားများက မဖွယ်မရာ ကိုယ်ထိ လက်ရောက် ကာယိအိန္ဒြေ ကျူးလွန်နေသည့် ဖြစ်စဥ်ဖြစ်ပွားခဲ့သည်။

စစ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ယနေ့ အချိန်ထိ နိုင်ငံနှင့် တဝှမ်းလုံးရှိ စစ်ကောင်စီ တပ်သားများသည် အကြမ်းဖက် လုပ်ရပ်မှုများကြောင့် ပြည်သူများက အပြင်ထွက် သွားလာရေး နှင့် လုံခြုံရေးပိုင်းဆိုင်ရာများ အတွက် အထူးစိတ်ပူနေရကြသည်။

မိန်းကလေးတစ်ဦး၏ ကာယိအိန္ဒြေ ပျက်စီးစေရန် အကြံဖြင့် လက်ရောက်မှု သို့မဟုတ် ပြစ်မှုမကင်းသော အနိုင်အထက် ပြုမှု များသည် ရဲအရေးပိုင်သော ပြစ်မှုဖြစ်ပြီး ပြစ်ဒဏ်သည် ထောင်ဒဏ် ၂ နှစ်အထိ ထောင်ဒဏ် တစ်မျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ သို့မဟုတ် ဒဏ်နှစ်ရပ် စလုံး ချမှတ်နိုင်ကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

အင်းလေးဒေသတွင် အခြားတိုင်းရင်းသားများကို ပိတ်ပင်မည်ဟုဆိုသည့် ထုတ်ပြန်ချက်အတု

0
လတ်တလော လူမှုကွန်ရက်စာမျက်နှာများတွင် “အင်းတိုင်းရင်းသားများ သဘောထားထုတ်ပြန်ချက်” ဟူသည့် ခေါင်းစဉ်ဖြင့် အင်းလေးဒေသအတွင်း အခြားတိုင်းရင်းသားများ လာရောက်ခြင်းနှင့် စီးပွားရေး လုပ်ကိုင်ခြင်းများကို ပိတ်ပင်မည်ဟုဆိုသော စာတစ်စောင် ပျံ့နှံ့နေသည်။ ပျံ့နှံ့နေသော စာတွင် ၂၀၂၆ ခုနှစ် ဇူလိုင်လမှ စတင်ကာ အင်းလေးဒေသအတွင်း ကျင်းပသည့် ဘုရားပွဲ၊ စာတော်ပြန်ပွဲများသို့ အင်းတိုင်းရင်းသားမှလွဲ၍...

အင်းလေးဒေသကို နယ်မြေတိုးချဲ့ရန် အစီအစဉ်မရှိကြောင်း PNO ပြော

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသကို ၎င်းတို့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ထည့်သွင်းရန်နှင့် နယ်မြေတိုးချဲ့ရန် အစီအစဉ် လုံးဝမရှိကြောင်း ပအိုဝ်းပြည်သူ့စစ် (PNO) ဇွန်လ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အင်းလေးဒေသအား ပအိုဝ်းကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း သွတ်သွင်းမည့် ထိပ်တန်းလျှို့ဝှက် ညွှန်ကြားချက်စာတစ်စောင် လူမှုကွန်ရက်တွင် ပျံ့နှံ့နေမှုအပေါ် PNO ဗဟိုဌာနချုပ်ရုံးက ထုတ်ပြန်လိုက်ခြင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...