သျှမ်း-ကယားစစ်ရှောင် ၅၀၀၀ ကျော် အမိုးအကာနှင့် ဆောင်းရာသီသုံးပစ္စည်းများ အရေးတကြီးလိုအပ်နေ
သျှမ်းပြည်တောင်ပိုင်း သျှမ်း-ကယားနယ်စပ် ဖယ်ခုံမြို့နယ်တွင် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင် ထောင်ဂဏန်း အတွက် နေရာထိုင်ခင်း (အမိုးအကာ)၊ ဆောင်းရာသီ အသုံးအဆောင်ပစ္စည်းများ နှင့် အခြားအကူအညီများ ဆက်လက်လိုအပ်နေကြောင်း သိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ဒုတိယပတ်မှစပြီး ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်း၊ ဖယ်ခုံ-ပင်လောင်း နယ်စပ်တစ်လျှောက်ကို စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO)...
မြေမြှုပ်မိုင်းကြောင့် ဒဏ်ရာရသည့် လွိုင်ကော်ဒေသခံများ သတင်းဖုံးဖိခံထားရ
ကရင်နီပြည် အမည်ရ ကယားပြည်နယ် လွိုင်ကော်မြို့နယ်အတွင်း မြေမြှုပ်မိုင်း နင်းမိ၍ ဒဏ်ရာ ရနေသူများကို စစ်ကောင်စီက သတင်းဖုံးကွယ်ထားသည်ဟု မြို့ခံများက ပြောသည်။ ပြီးခဲ့သည့် အောက်တိုဘာလ နောက်ဆုံးပတ်က လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက်တွင် နေအိမ်ခြံဝင်း အတွင်း မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် အသက် ၁၂ နှစ်အရွယ် ကလေးတစ်ဦး...
ကျားဖြန့်မှုဖြင့် နေပြည်တော်၌ ခိုလှုံခဲ့သည့် ကိုးကန့်ဥက္ကဋ္ဌဟောင်းအား တရုတ်သေဒဏ်ချမှတ်
တရုတ်နိုင်ငံတွင် ကျားဖြန့်အမှုများဖြင့် တရားရင်ဆိုင်နေရသော ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌဟောင်း ဦးပယ်ဆောက်ချိန်နှင့် ၎င်း၏သားဖြစ်သူ ပယ်ရင်ချန် အပါအဝင် ၅ ဦးတို့ကို တရုတ် အစိုးရက သေဒဏ်ချမှတ်လိုက်သည်ဟု သတင်းရရှိသည်။
ရွာငံတွင် အုပ်ချုပ်ရေးမှူး သတ်ခံရသည့်နောက် ဒေသခံသွားလာခွင့် စစ်ကော်မရှင်ကန့်သတ်
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်၊ ကျောက်ပိဇပ်ကျေးရွာတွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အရပ်သားတစ်ဦး အသတ်ခံရပြီးနောက် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များက ကျေးရွာအတွင်း အဝင်အထွက်ကို တင်းကြပ်စွာ ကန့်သတ်ထားကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။ အောက်တိုဘာလ ၂၈ ရက်မှစ၍ ယနေ့ (နိုဝင်ဘာလ ၄ ရက်) အထိ ရွာငံမြို့နယ်အတွင်း လှုပ်ရှားနေသည့် စစ်ကော်မရှင်...
စစ်ကျန်လက်နက်ကြီးကျည် ယမ်းထုတ်ယူရာမှ ပေါက်ကွဲပြီး ကွတ်ခိုင်/နမ့်ဖတ်ကာဒေသခံ ၂ ဦးသေဆုံး
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာတွင် မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည်ထဲမှ ယမ်းကို ထုတ်ယူရန် ကြိုးစားရာမှ ပေါက်ကွဲမှုဖြစ်ပွားပြီး အမျိုးသားနှစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။
ဖယ်ခုံမြို့နယ်အတွင်း တိုက်ပွဲပြင်းထန် အရပ်သားသေဆုံးမှုရှိ
သျှမ်းပြည် တောင်ကြီးခရိုင် ဖယ်ခုံမြို့နယ်တွင် ယခုရက်သတ္တပတ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) ပူးပေါင်းတပ်နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့ တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး နှစ်ဖက်ထိခိုက် သေဆုံးမှုများသည့်အပြင် ဒေသခံလူထုလည်း သေဆုံးမှုရှိသည်ဟု သတင်းရရှိသည်။ နိုဝင်ဘာလ ၁ ရက်မှ နိုဝင်ဘာလ ၃ ရက်နေ့အထိ ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းရှိ ဘောရန်ကျေးရွာ...
နမ္မတူမြို့တွင် TNLA က Starlink အင်တာနက် အသုံးပြုမှု ကန့်သတ်ပြီး ပိုင်ရှင်နှင့်ပစ္စည်းပါဖမ်းဆီး
SHAN -
သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့တွင် Starlink အင်တာနက် အသုံးပြုခွင့်ကို တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ဘက်မှ ကန့်သတ်ပိတ်ပင်ထားပြီး စက်ပစ္စည်း သိမ်းဆည်းမှုများအပြင် လူဖမ်းဆီးမှုများပါ ရှိနေကြောင်း ဒေသခံပြောဆိုချက်များအရ သိရသည်။ အောက်တိုဘာလလယ်ခန့်မှ စတင်ကာ TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့ပေါ်နှင့် ကျေးရွာများရှိ ရပ်ကွက်တိုင်းတွင်...
တောင်ကြီးတန်ဆောင်တိုင် ပွဲလာသူများထံ တည်းခိုခန်းအမည်ခံများက ငွေလိမ်ယူနေ
သျှမ်းပြည် မြို့တော် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်သို့ လာရောက်လည်ပတ်သူများထံ တည်းခိုခန်းအမည်ခံသူများက ဖေ့စ်ဘုတ်ပေ့ချ်အတုဖြင့် ကြိုတင်အခန်းငှားရမ်းပေးပြီး ငွေလိမ်ယူနေကြသည်ဟု သတင်းရရှိသည်။ ဖြစ်စဉ်တစ်ခုအရ ပြီးခဲ့သည့် နိုဝင်ဘာလ ၁ ရက်နေ့တွင် တောင်ကြီးတန်ဆောင်တိုင် ပွဲတော်သို့ ရောက်ရှိလာသူများသည် တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်၊ နယ်မြေ ၂ တွင် ရှိသည်ဆိုသော "Pine Garden...
ရွာငံတွင် အုပ်ချုပ်ရေးမှူးနှင့် အရပ်သားတစ်ဦး ထပ်မံသတ်ခံရ
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ကျောက်ပိဇပ်ကျေးရွာတွင် အုပ်ချုပ်ရေးမှူးနှင့် အရပ်သားတစ်ဦး ထပ်မံသတ်ခံရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၂၈ ရက်တွင် အမည်မသိ လက်နက်ကိုင်အုပ်စုမှ ကျောက်ပိဇပ်ကျေးရွာသို့ လာရောက်ပြီး အသက် ၄၀ ကျော် အရွယ် ရွာလူကြီး ဦးတင့်ဝေ နှင့် အရပ်သား ဖြစ်သူ အသက်...
လူထုကျန်းမာရေးကို စတင် ခြိမ်းခြောက်လာသည့် ပင်းပက်သံမဏိစက်ရုံ
ဝါဆိုလ (ဇူလိုင်လ) ဟာ ပုံးအင်းလယ်သမားများအတွက် နွေစပါး ရိတ်သိမ်းရမည့် အချိန်ကာလ ဖြစ်သော်လည်း စိုင်းကျော်လှ တစ်ယောက် လယ်ထဲဆင်းရန် တွန့်ဆုတ်နေသည်။ အကြောင်းမှာ ပုံးအင်းဒေသရှိ လယ်ထဲတွင် ရေဆိုးများ ဝင်ရောက်လာသောကြောင့် လယ်သမားများ အရေပြား ယားယံမှု ဖြစ်ပွားနေခြင်း ဖြစ်သည်။ “ရေနစ်ရင် နစ်သလောက်၊ ခါးအထိရောက်ရင် ခါးအထိ...





