မဲနယ်တောင်ဒေသ တွင် ဆရာဝန် ဟုဆိုပြီး လိမ်လည်ဆေးကုသမှုရှိနေ

သျှမ်းပြည်နယ်တောင်ပိုင်း ၊ ဟိုပုံးမြို့နယ် မဲနယ်တောင် ဒေသဘက်တွင် ဆရာဝန်ဟု ဆိုပြီး ဒေသခံများကို လိမ်လည်ဆေးကုသနေကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၃ ရက်တွင် ဟိုပုံးမြို့နယ် စံဖူးကျေးရွာအုပ်စုနှင့် စငေါကျေးရွာ အုပ်စု၌ အသက် ၂၈ နှစ်ဝန်းကျင် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့က “ဆရာဝန်များ”ဖြစ်သည်ဟုဆိုပြီး ကျေးရွာအတွင်း လိမ်လည် ဆေးကုသနေသည်ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် ဒေသခံများက သျှမ်းသံတော်ဆင့် ကို ပြောသည်။

အဆိုပါ ဆရာဝန်ဟုဆိုသူများသည် ကျေးရွာဒေသခံများကို ဘုန်းကြီးကျောင်းတွင် လူစုဝေးခိုင်းပြီး၊ ကျေးလက်ကျန်းမာရေး စစ်ဆေးပေးမည်ဟုဆိုပြီး အဖြူရောင် စက်တလုံးပေါ် လက်တင်ခိုင်းခဲ့သည်။

ထို့နောက် ကျေးရွာ ဒေသခံများထံ စစ်ဆေးခ ငါးသောင်းကျပ်နှင့် သောက်ဆေးယူမည်ဆိုလျှင် ကျပ်သုံးသိန်း ကုန်ကျမည်ဟု ပြောသည်။

“ ကျမတို့ ကို ဆေးအခမဲ့စစ်ပေးမယ် ရွာဘုန်းကြီးမှာ လူစုခိုင်းတယ်။ နောကက် စက်အဖြူပေါ်လက်တင်ခိုင်းတယ်။ ခဏနေကျတော့ ကိုယ်မှာ ဘာရောဂါဖြစ်တယ် ဆိုပြီး စာရွက်ပေးလာတယ်။ စစ်ဆေးခ က ငါးသောင်းကျပ်၊ နောက်ဆေးယူရင် သုံးသိန်းပြောတယ်။ ရွာကလူတွေတချို့က ဆေးပါယူကြတယ်” ဟု စံဖူးကျေးရွာအုပ်စု မှ ဒေသခံ အမျိုးသမီးတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

အဆိုပါ မဲနယ်တောင်ဒေသ မှ ပြည်သူများကို စစ်ဆေးပေးသည့် စက်သည် QRMA (Quantum Resonance Magnetic Analyzer) 9G ဟု ခေါ်သည့် ရောဂါအစိတ်ပိုင်းများ၏ အခြေအနေကို ခန့်မှန်းချက်အနေဖြင့် ထုတ်ပြန်ပေးသည့် စက်ဖြစ်သည်။

ထိုစက်ကို ကျေးရွာအတွင်း လာရောက်သည့် ဆရာဝန်များက ဓာတ်မှန်ရိုက်စက်ဟု ဆို၍ ဓာတ်မှန်ရိုက်ပေးကာ ကျန်းမာရေး အချက်အလက်များကို တိကျစွာ ဖော်ထုတ်နိုင်သည်ဟု ပြောဆိုသွားခဲ့ကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

အဆိုပါ QRMA စက်သည် နှလုံး၊ အသည်း၊ ကျောက်ကပ်၊ သွေးလှိုင်းစသည့် အခြေအနေ ခန့်မှန်းချက်ကို သာထုတ်ပေးသောကြောင့် ဆေးရုံနှင့် ဆေးခန်းတွင်သာ သေချာစွာ စစ်ဆေးပြီးမှသာ လက်ခံယုံကြည်သင့်ကြောင်း ဆေးဖက်ဆိုင်ရာ ဆရာဝန်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အဲဒီစက်က ဒီတိုင်း အပြင်မှာ ဝယ်လည်း ရတယ်၊ အဲဒီစက်ရဲ့ အဖြေက ရာနူန်းပြည့် ယုံကြည်လို့ မရဘူး။ ဖြစ်နိုင်ရင် ဆေးခန်းတွေမှာ သေချာ စစ်ဆေးပြီး ရတဲ့ အဖြေကိုပဲ ယုံကြည်သင့်တယ်။” ဟု ဆရာဝန် တစ်ဦးက အကြံပြု ပြောသည်။

စစ်ကောင်စီတပ် အာဏာသိမ်းပြီးနောက်ပိုင်းတွင် မဲနယ်တောင်ဒေသ မှ လူငယ်အများစုသည် နေရပ်စွန့်ခွာသူ များလာပြီး ကျေးရွာအတွင်း သက်ကြီးရွယ်အိုများသာ ကျန်သောကြောင့် လက်နက်ကိုင်များနှင့် လိမ်လည်သူများအတွက် ပစ်မှတ်တစ်ခု ဖြစ်လာနေကြောင်း လူငယ် အမျိုးသား တစ်ဦးက ပြောသည်။

“ခေတ်မကောင်းတဲ့ ကာလမှ လူလိမ်တွေက အကြောင်းအမျိုးမျိုးပြပြီး လာလိမ်တာ၊ ကျန်းမာရေးနဲ့ အကြောင်းပြပြီးလာတယ်၊ တချို့ဆို dateကုန် (ရက်လွန်)တဲ့ပစ္စည်း လာရောင်းတာ၊ တို့ဆေးတို့တွေနဲ့ လာလိမ်တာမျိုးရှိတတယ်။ ကိုယ့်ရွာလာတဲ့သူတွေကို အချက်လက်သေချာစစ်ဆေးပြီး မှ ဝင်ခွင့်ပြုဖို့လိုတယ်၊ သူစိမ်းတို့ ကိုယ်မကြားဖူးတဲ့ဟာ ဆို လက်မခံနဲ့ မကုကြတာကောင်းတယ် သတိထားဖို့လိုတယ်။”ဟု ၎င်း အမျိုးသားက ပြောသည်။

အဆိုပါ ဆရာဝန်ဆိုသည့် အဖွဲ့သည် Green World International ကုမ္ပဏီဟုဆိုပြီး မိတ်ဆက်သွားခဲ့ပြီး သျှမ်းသံတော်ဆင့်မှ အဆိုပါ Green World International ၏ လူမှုကွန်ယက် ပေါ်တွင် ရှာကြည့်ရာ အာမခံချက် မရှိသည့် ပေ့ချ်တစ်ခုကိုသာ တွေ့ရသည်။

ထို့အပြင် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဇူလိုင်လတွင်လည်း ပင်လောင်းမြို့နယ် မြောက်ထီဗွာ ကျေးရွာ အုပ်စုတွင်လည်း အဆိုပါ Green World International အဖွဲ့မှ ဆေးစစ်ပေးပြီး ငွေကျပ် သိန်းချီ တောင်းသွားကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကျရေနဲ့အတူ လူ့အသက်တွေ မျောပါနေရ

0
“မိုးရွာလာပြီဆိုရင် ကြောက်စိတ် ဝမ်းနည်းစိတ်က အလိုလို ဖြစ်လာတယ်။ မိုးရွာတဲ့ညဆိုရင် အိပ်မပျော်ဘူး” လို့ ဉီးကျော်က သူ့ ခံစားချက်ကို ရင်ဖွင့်ပြောလာပါတယ်။ ယခုနှစ် ဇူလိုင်လ ၂၇ ရက် ညအချိန်မှာ မိုးရွာသွန်းမှုကြောင့် ဉီးကျော်တို့မိသားစု အိပ်ယာကို စောစောစီးစီး ဝင်ခဲ့ကြပါတယ်။ ဇူလိုင်လ ၂၈ ရက် မနက်...

အေးချမ်းမှုများ ပျောက်ပြယ်သွားသည့် မဲနယ်တောင် 

0
လမ်းမရဲ့ ဘေးဘယ်ညာ လမ်းဘေး တလျှောက်မှာ အဝါရောင် ရာသီပေါ် နှမ်းပင်တွေ အစား ရောင်စုံဘိန်းပန်းပွင့်များက နေရောင်နှင့်အတူ ဝေဝေဆာဆာ ဖူးပွင့်နေကြသည်။ ရောင်စုံ ဘိန်းပန်းခင်းများကို သာမာန်အားဖြင့် ကားလမ်းမကြီးပေါ်၊ ကျေးရွာအနီးတဝှိက်မှာ မြင်တွေ့လေ့မရှိပေ။  ထိုနေရာက စစ်အာဏာမသိမ်းခင် ကာလမှာ ခရီးသွားဧည့်သည်များကို ဆွဲဆောင်သော တောင်ဇလပ်ပန်းများ ဝေဝေဆာဆာပွင့်ပြီး လည်ပတ်စရာ...

မဲနယ်တောင်ဒေသ စစ်မှုထမ်းကြေး မထည့်သူများ ရေဘေးသင့်အလှူငွေ အပြည့်မရ

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံမြို့နယ် မဲနယ်တောင်ဒေသရှိ ကျေးရွာအချို့တွင် စစ်မှုထမ်းရန် စစ်ကြေးငွေ လစဉ်မထည့်နိုင်သူများကို ရေဘေးအလှူငွေ အပြည့်မရရှိနိုင်ကြောင်း စုံစမ်းသိရသည်။  ပြီးခဲ့သည့် (စက်တင်ဘာလ ၁၁ ရက်) ကစပြီး မဲနယ်တောင်ဒေသဘက်တွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျချောင်းရေကြောင့် ရေကြီး၊ မြေပြိုမှုဖြစ်ကာ စံဖူးကျေးရွာအုပ်စုတွင် နေအိမ်(၈၀)နီးပါးပျက်စီးပြီး သေဆုံးသူ (၂၂)ဦး ရှိသည်။  မဲနယ်တောင်ဒေသအတွင်း...

မဲနယ်တောင်ဒေသတွင် PNOနှင့် စစ်ကောင်စီတို့ ငွေညစ်တောင်းမှုရှိ

0
သျှမ်းပြည်နယ်တောင်ပိုင်း၊ဟိုပုံးမြို့နယ်၊မဲနယ်တောင်ဒေသတွင် ပအိုဝ်းပြည်သူ့စစ် ( PNO) နှင့် စစ်ကောင်စီတို့ဂိတ်လာဖွင့်ပြီး ဒေသခံများထံငွေညစ်မှု မကြာခဏ ရှိနေကြောင်း သိရသည်။ မဲနယ်တောင်ဒေသတိုက်ပွဲဖြစ်ပွားပြီးနောက် ဧပြီလတွင် စစ်ကောင်စီနှင့် PNOပြည်သူ့စစ်တို့က လာဖွင့်ခဲ့ပြီး မှတ်ပုံတင်စစ်ဆေးခြင်း၊လိုအပ်သည်ထက်စစ်ဆေးနေသည့် အပြင် ဂိတ်ဖြတ်သန်းသွားလာသူများထံ​လည်း ငွေညစ်မှု မကြာခဏပြုလုပ်နေကြောင်း ဒေသခံများကပြောသည်။​ "ပစ္စည်းသယ်သွား သယ်လာသူကို ပိုက်ဆံတောင်းတာတွေရှိတယ်။ကျနော်တို့ သူငယ်ချင်းကိုခေါ်လာတာ ပိုက်ဆံတောင်းတယ်။ကိုယ်က...

တိုက်ပွဲကြောင့် ပျက်စီးသွားသည့် မဲနယ်တောင်ဒေသ နေအိမ်များ ကိုယ်ထူ၊ကိုယ်ထ ပြန်ဆောက်ရ

0
သျှမ်းပြည် တောင်ပိုင်း ဟိုပုံးမြို့နယ် မဲနယ်တောင် ဒေသတွင် တိုက်ပွဲကြောင့်ပျက်စီးသွားသည့် နေအိမ်များကို ပြည်သူများက ကိုယ်ထူ၊ကိုယ်ထ နည်းစနစ်ဖြင့် ပြန်ဆောက်နေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၂၁ ရက် နံနက်ပိုင်းတွင် ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသ၌ စစ်ကောင်စီနှင့် ၎င်း၏လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO ) နှင့်...