မဲနယ်တောင်ဒေသတွင် PNOနှင့် စစ်ကောင်စီတို့ ငွေညစ်တောင်းမှုရှိ

သျှမ်းပြည်နယ်တောင်ပိုင်း၊ဟိုပုံးမြို့နယ်၊မဲနယ်တောင်ဒေသတွင် ပအိုဝ်းပြည်သူ့စစ် ( PNO) နှင့် စစ်ကောင်စီတို့ဂိတ်လာဖွင့်ပြီး ဒေသခံများထံငွေညစ်မှု မကြာခဏ ရှိနေကြောင်း သိရသည်။

မဲနယ်တောင်ဒေသတိုက်ပွဲဖြစ်ပွားပြီးနောက် ဧပြီလတွင် စစ်ကောင်စီနှင့် PNOပြည်သူ့စစ်တို့က လာဖွင့်ခဲ့ပြီး မှတ်ပုံတင်စစ်ဆေးခြင်း၊လိုအပ်သည်ထက်စစ်ဆေးနေသည့် အပြင် ဂိတ်ဖြတ်သန်းသွားလာသူများထံ​လည်း ငွေညစ်မှု မကြာခဏပြုလုပ်နေကြောင်း ဒေသခံများကပြောသည်။​

“ပစ္စည်းသယ်သွား သယ်လာသူကို ပိုက်ဆံတောင်းတာတွေရှိတယ်။ကျနော်တို့ သူငယ်ချင်းကိုခေါ်လာတာ ပိုက်ဆံတောင်းတယ်။ကိုယ်က အကြီးအကျယ် သိပ်မဖြစ်ချင်တော့ တစ်သောင်း၊နှစ်သောင်း ပိုက်ဆံပေးခဲ့ရတာတွေရှိတယ်။သူတို့ဒီလိုတွေလုပ်တာတော့သိပ်ပြီးတော့အဆင်မပြေဘူးပေါ့နော်။”ဟု မဲနယ်တောင်​ ဒေသခံ တစ်ဦးက ဆိုသည်​။

ယင်းဂိတ်သည် ညနေ၆နာရီကျော်လျှင်လည်း ဒေသခံများကို ဖြတ်သန်းသွားလာခွင့်မပြုသဖြင့် အရေးပေါ် ကျန်းမာရေး ကိစ္စများ၊ ဆေးရုံသွားရမည့် ကိစ္စများတွင် အနှောက်အယှက်များဖြစ်ပေါ်စေကြောင်း ဒေသခံများကပြောသည်။

“အရင်တုန်းဆိုအသွားအလာအရမ်းလွတ်လပ်တယ်။ ခုဆို ၆နာရီကျော်ရင် ပေးမဖြတ်တဲ့ဟာမျိုးတွေရှိတယ်။အရင်ဆိုကျန်မာရေးကိစ္စဘဲဖြစ်ဖြစ် ရွာမှာဆိုဆေးပေးခန်းလည်း အဲလောက်ဆေးဝါးတွေမလုံလောက်ဘူးလေ။ကလေးမွေးတာတို့၊ခွဲစိတ်ရတာတို့ဆိုရင် ဟိုပုံးထိသွားရတာတွေရှိတယ်” ဟု မဲနယ်ဒေသခံ က ထပ်လောင်းပြောသည်။

မဲနယ်တောင်ဒေသ နှင့်ဟိုပုံးသည် နှစ်နာရီခန့် ကားမောင်းရပြီး၊ ထိုကြားထဲ ဂိတ်ပိတ်ထားပါက အရေးပေါ်လူနာအတွက် အသက်အများကြီးထိခိုက်နိုင်ကြောင်းလည်း ဒေသခံများက သျှမ်းသံတော်ဆင့်ကိုပြောသည်။​

မဲနယ်တောင်ဒေသတွင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ၂၁ရက်ကစပြီး ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PNLA လက်နက်ယာဥ်တန်းကို PNO နှင့် စစ်ကောင်စီတို့ တားဆီးရာမှ တိုက်ပွဲ ပြင်းထန်မှု ဖြစ်ပွားခဲ့သည်။​

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြေသိမ်းခံရသည့် ဟိုပုံးဒေသခံများ တရားမျှတမှု မရရှိသေး

0
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် တွင် ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် မြေပွဲစားများပူးပေါင်းပြီး အသိမ်းခံရ မြေယာနှင့်ပတ်သက်ပြီး ယနေ့ (သြဂုတ် ၇)ရက်အထိ ပြည်သူများ တရားမျှတမှု မရရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ...

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...

ဆီဆိုင်တွင် PNO ကားဖြင့် အတိုက်ခံရပြီး အမျိုးသားတဉီး သေဆုံး၊ အမျိုးသမီး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် ပအိုဝ်းပြည်သူ့စစ်(PNO) မောင်းလာသည်ကားနှင့် ဆိုင်ကယ်တိုက်မိဖြစ်ပွားကာ အမျိုးသားတဉီး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီး ထိခိုက်ဒဏ်ရာ ပြင်းထန်ကာ ဆေးရုံသို့ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀)ရက်ည နေ (၅)နာရီဝန်းကျင်တွင် ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် တောင်ယာမှ ဆိုင်ကယ်ဖြင့်...

ပုံးအင်း ဒေသခံများ ဝင်ငွေ ပုံမှန်မရှိချိန် စစ်တပ်နှင့် PNO ခေါင်းစဉ်မျိုးစုံ လစဉ်ကြေးတောင်း

0
စပါးစိုက်ပျိုးမှုကို အားထားရသည့် သျှမ်းပြည်တောင်ပိုင်း ပုံးအင်းဒေသတွင် သဘာဝဘေးဒဏ်ကြောင့် စပါးစိုက်ပျိုးမှုနှုန်း တနှစ်ထက် တနှစ် ကျဆင်းလာပြီး ဝင်ငွပုံမှန်မရှိသည့်ကြား စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO)က ခေါင်းစဉ်မျိုးစုံဖြင့် လစဉ်ကြေး တောင်းခံနေကြောင်း သတင်းရရှိသည်။ ပုံးအင်းဒေသေသည် စပါးစိုက်ပျိုးမှုကိုသာ အဓိက အသက်မွေးဝမ်းကြောင်းပြုနေသော်လည်း သဘာဝဘေးဒဏ်၊ ကုန်စျေးနှုန်းဒဏ်ကြောင့် မြေသြဇာများ စျေးမြှင့်တက်လာခြင်းနှင့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...