Tuesday, January 27, 2026

မဲနယ်တောင်ဒေသတွင် PNOနှင့် စစ်ကောင်စီတို့ ငွေညစ်တောင်းမှုရှိ

သျှမ်းပြည်နယ်တောင်ပိုင်း၊ဟိုပုံးမြို့နယ်၊မဲနယ်တောင်ဒေသတွင် ပအိုဝ်းပြည်သူ့စစ် ( PNO) နှင့် စစ်ကောင်စီတို့ဂိတ်လာဖွင့်ပြီး ဒေသခံများထံငွေညစ်မှု မကြာခဏ ရှိနေကြောင်း သိရသည်။

မဲနယ်တောင်ဒေသတိုက်ပွဲဖြစ်ပွားပြီးနောက် ဧပြီလတွင် စစ်ကောင်စီနှင့် PNOပြည်သူ့စစ်တို့က လာဖွင့်ခဲ့ပြီး မှတ်ပုံတင်စစ်ဆေးခြင်း၊လိုအပ်သည်ထက်စစ်ဆေးနေသည့် အပြင် ဂိတ်ဖြတ်သန်းသွားလာသူများထံ​လည်း ငွေညစ်မှု မကြာခဏပြုလုပ်နေကြောင်း ဒေသခံများကပြောသည်။​

“ပစ္စည်းသယ်သွား သယ်လာသူကို ပိုက်ဆံတောင်းတာတွေရှိတယ်။ကျနော်တို့ သူငယ်ချင်းကိုခေါ်လာတာ ပိုက်ဆံတောင်းတယ်။ကိုယ်က အကြီးအကျယ် သိပ်မဖြစ်ချင်တော့ တစ်သောင်း၊နှစ်သောင်း ပိုက်ဆံပေးခဲ့ရတာတွေရှိတယ်။သူတို့ဒီလိုတွေလုပ်တာတော့သိပ်ပြီးတော့အဆင်မပြေဘူးပေါ့နော်။”ဟု မဲနယ်တောင်​ ဒေသခံ တစ်ဦးက ဆိုသည်​။

ယင်းဂိတ်သည် ညနေ၆နာရီကျော်လျှင်လည်း ဒေသခံများကို ဖြတ်သန်းသွားလာခွင့်မပြုသဖြင့် အရေးပေါ် ကျန်းမာရေး ကိစ္စများ၊ ဆေးရုံသွားရမည့် ကိစ္စများတွင် အနှောက်အယှက်များဖြစ်ပေါ်စေကြောင်း ဒေသခံများကပြောသည်။

“အရင်တုန်းဆိုအသွားအလာအရမ်းလွတ်လပ်တယ်။ ခုဆို ၆နာရီကျော်ရင် ပေးမဖြတ်တဲ့ဟာမျိုးတွေရှိတယ်။အရင်ဆိုကျန်မာရေးကိစ္စဘဲဖြစ်ဖြစ် ရွာမှာဆိုဆေးပေးခန်းလည်း အဲလောက်ဆေးဝါးတွေမလုံလောက်ဘူးလေ။ကလေးမွေးတာတို့၊ခွဲစိတ်ရတာတို့ဆိုရင် ဟိုပုံးထိသွားရတာတွေရှိတယ်” ဟု မဲနယ်ဒေသခံ က ထပ်လောင်းပြောသည်။

မဲနယ်တောင်ဒေသ နှင့်ဟိုပုံးသည် နှစ်နာရီခန့် ကားမောင်းရပြီး၊ ထိုကြားထဲ ဂိတ်ပိတ်ထားပါက အရေးပေါ်လူနာအတွက် အသက်အများကြီးထိခိုက်နိုင်ကြောင်းလည်း ဒေသခံများက သျှမ်းသံတော်ဆင့်ကိုပြောသည်။​

မဲနယ်တောင်ဒေသတွင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ၂၁ရက်ကစပြီး ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PNLA လက်နက်ယာဥ်တန်းကို PNO နှင့် စစ်ကောင်စီတို့ တားဆီးရာမှ တိုက်ပွဲ ပြင်းထန်မှု ဖြစ်ပွားခဲ့သည်။​

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဟိုပုံးပြည်သူများ ကုန်စျေးနှုန်းမြင့်တက်သည့်ကြား စစ်မှုထမ်းကြေးပါ ဝန်ပိနေ

0
မြန်မာနိုင်ငံတွင် ကုန်စျေးနှုန်းများ မြင့်တက်နေချိန် သျှမ်းပြည် ဟိုပုံးမြို့နယ်အတွင်း နေထိုင်သည့် ပြည်သူများသည် စားဝတ်နေရေး ခက်ခဲနေသည့်ကြား စစ်မှုထမ်းကြေးကို လစဉ် ပေးဆောင်ရသဖြင့် ဝန်ထုပ်ဝန်ပိုးဖြစ်နေကြောင်း စုံစမ်းသိရသည်။ ဟိုပုံးမြို့နယ်အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့သည် ဒေသခံများ၏ ဝမ်းရေးကို မငဲ့ကွက်ဘဲ စစ်မှုထမ်းကြေးများကို အပြိုင်အဆိုင် တောင်းခံမှုကြောင့်...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

ရွာငံမြို့နယ် ကျေးရွာအတွင်း တပ်စွဲထားသည့် စစ်သားများကို ဒေသခံများ ထမင်းထုပ်ပို့ပေးရ

0
သျှမ်းပြည်တောင်ပိုင်းရွာငံမြို့နယ်ရှိ ကျေးရွာအတွင်းသို့ တပ်လာစွဲသည့် စစ်ကော်မရှင် တပ်သားများကို ဒေသခံများက ထမင်း၊ဟင်းချက်ပြီး သွားရောက်ပို့ဆောင်ရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၇ ရက်တွင် ရွာငံမြို့နယ်နှင့် အနီးတဝိုက်သို့ စစ်ကော်မရှင်၏ ရွေးကောက်ပွဲ လုံခြုံရေးအတွက် စစ်ကော်မရှင် တပ်သားများနှင့် ၎င်းတို့၏ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်(PNO) တပ်သားများရောက်ရှိလာခဲ့သည်။ ထိုစစ်ကော်မရှင် တပ်သားနှင့်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...