တိုက်ပွဲကြောင့် ပျက်စီးသွားသည့် မဲနယ်တောင်ဒေသ နေအိမ်များ ကိုယ်ထူ၊ကိုယ်ထ ပြန်ဆောက်ရ

သျှမ်းပြည် တောင်ပိုင်း ဟိုပုံးမြို့နယ် မဲနယ်တောင် ဒေသတွင် တိုက်ပွဲကြောင့်ပျက်စီးသွားသည့် နေအိမ်များကို ပြည်သူများက ကိုယ်ထူ၊ကိုယ်ထ နည်းစနစ်ဖြင့် ပြန်ဆောက်နေရကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၁ ရက် နံနက်ပိုင်းတွင် ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသ၌ စစ်ကောင်စီနှင့် ၎င်း၏လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO ) နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO/PNLAတို့တိုက်ပွဲဖြစ်ပွားခဲ့ပြီး နေအိမ် ၁၅၀ လုံး မီး လောင်ပျက်စီးခဲ့ကြောင်းသိရသည်

ထိုပျက်စီးသွားသည့် နေအိမ်များမှာ ဟိုပုံး မဲနယ်တောင်ဒေသ ဖြစ်သည့် ကျောက္ကချား၊ ပင်လျံ ၊ နမ်းဟူး ကျေးရွာ ဖက်တွင် စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် နေအိမ်ပေါင်း (၁၅၀ )ကျော် ပျက်စီးခဲ့သည်။

ထို့ကြောင့် ပျက်စီးသွားသည့် နေအိမ်များကို အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများက ပြန်လည်ဆောက်လုပ်ပေးနေကြ ကြောင်း မဲနယ်တောင် ဒေသခံတစ်ဦးက သျှမ်းသံတော် ဆင့်ကိုပြောသည်။

“ ရွာကလူတွေနဲ့ အနီးနားက ရွာတွေက ဆောက်ပေးရမဲ့ အိမ်ကို မဲနှိုပ်ရွေးကြတယ်။ အိမ်အနေအထားလေးကတော့ အသင့်ပါပဲ။ အထပ်သားလေးနဲ့ ထရံကာလေးနဲ့ဆိုတော့ အဆင်ပြေသွားတယ်” ဟု ကျေးရွာဒေသခံ အမျိုးသမီးတစ်ဦးထံမှ သိရပါသည်။

ဟိုပုံးမြို့နယ် ပင်လျံကျေးရွာတွင် နေအိမ်နှင့်ဘုန်းကြီးကျောင်း အပါအဝင် အဆောက်အဦး ၄၂ လုံးပျက်စီးခဲ့ပြီး၊ နမ်းဟူ ကျေးရွာတွင် နေအိမ် စုစုပေါင်း ၆၆ လုံး မီးလောင်ပျက်စီးခဲ့ကာ လက်ရှိတွင် ဘေးပတ်ဝန်းကျင် ရွာများက သွားရောက် ကူညီဆောက်လုပ်ပေးနေကြကြောင်း စုံစမ်းသိရှိရပါသည်။

ပျက်စီးသွားသည့် နေအိမ်များကို ဆောက်လုပ်နေစဥ်ကာလအတွင်း ပြည်သူများသည် ကျေးရွာစာသင်ကျောင်းနှင့် ဆေးခန်းတွင် စုပေါင်း နေထိုင်ခဲ့ရကြောင်း သိရသည်။

“ အိမ်က လက်နက်ကြီးကြောင့် မီးထဲပါသွားတာ၊ နေစရာမရှိတုန်းကတော့ ရွာက စာသင်ကျောင်းးတွေ ဆေးခန်းတွေမှာ စုပြီးနေရတယ်။ ခုလို ရွာတွေက စုပေါင်းဆောက်လုပ်ပေးတော့ ဝမ်းသာမိတယ်။ တချို့ကတော့ တဲလေးတွေ ထိုးပြီးနေရတယ်။”ဟု ၎င်းအမျိုးသမီးက ဆိုသည်။

လက်ရှိတွင် ကျေးရွာလူကြီးနှင့် သံဃာတော်များက ဦးဆောင်ဆောက်လုပ်ပေးနေပြီး ပြည်ပ ထိုင်းရောက်အလှူရှင်နှင့် ပြည်တွင်းမှ အလှူရှင်များလည်း ကူညီပေးနေကြောင်း သိရှိရပါသည်။

သျှမ်းတောင် ၃ လ ကျော် တိုက်ပွဲအတွင်းတွင် စစ်ကောင်စီ၏ လက်နက်ကြီး လေကြောင်းတိုက်မှု များနှင့် ဖမ်းဆီးသတ်ဖြတ်မှုကြောင့် ပြည်သူများ သေဆုံးမှု စုစုပေါင်း ၉၆ ဦး အထိရှိပြီး ထိခိုက် ဒဏ်ရာရရှိသူ စုစုပေါင်း ၉၂ ဦးထိ ရှိနေကြောင်း ပအိုဝ်းလူငယ် အစည်းအရုံးမှ မေ ၁၃ရက်တွင် ထုတ်ပြန်ထားသည်။

အလုပ်သင် သတင်းထောက် နန်းလရောင် ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...