လားရှိုးမြို့နယ်တွင် အသက် ၁၆ နှစ်မှစပြီး လူမျိုးဘာသာမရွေး MNDAA တပ်သားသစ်ခေါ်ယူနေ

သျှမ်းပြည် လားရှိုးမြို့နယ်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် ကျေးရွာတိုင်းနီးပါးတွင် အသက် ၁၆ နှစ်မှ စပြီး လူမျိုးဘာသာမရွေး တပ်သားသစ် ခေါ်ယူစုဆောင်းနေကြောင်း စုံစမ်းသိရသည်။

ဇန်နဝါရီလ ၃၁ ရက်တွင် လားရှိုးမြို့နယ်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA တာဝန်ရှိသူများသည် လားရှိုးမြို့ပြင် အေတီတံတား တစ်ဖက်ခြမ်းရှိ ကျေးရွာတာဝန်ခံများကို အစည်းအဝေး ခေါ်ယူခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် MNDAA ထိန်းချုပ် ကျေးရွာများမှ အသက် ၁၆ နှစ်မှ ၃၆ နှစ်ကြား လူမျိုးဘာသာမရွေး တစ်အိမ်တစ်ယောက် တပ်သားသစ် စုဆောင်းမည်ဟု ကိုးကန့်တပ် တာဝန်ရှိသူများမှ ပြောဆိုခဲ့ပြီး ဖေဖော်ဝါရီလ ၂ ရက်နေ့မှ စတင်ကာ စစ်သင်တန်းတက်ရမည့် လူစာရင်းများ ပေးပို့လာကြောင်း လားရှိုးဒေသခံများထံမှ သိရသည်။

“လားရှိုးနယ်တဝိုက် MNDAA ထိန်းချုပ်နယ်မြေထဲမှာ ရွာတိုင်း ရပ်ကွက်တိုင်း အေတီတံတား ဒီဘက်ခြမ်းက လူတွေကို အကုန်ခေါ်ပြီး သွားရမယ့် လူစာရင်း ပို့လာပေးမယ်လို့ အစည်းအဝေးမှာ ပြောတယ်။ တစ်အိမ်တစ်ယောက် မသွားမနေရ အဲ့လိုစနစ်မျိုးနဲ့ လူမျိုးဘာသာမရွေး ဘယ်သူမဆို အဲ့လို စစ်သားစုဆောင်းတယ်” ဟု လားရှိုးဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့ နမ့်ယော်ချောင်း တစ်ဖက်ကမ်းရှိ တာပုံ၊ ဟိုပိတ်၊ ကောင်းကြဲ၊ မတ်ချိနု စသည့် ကျေးရွာအုပ်စုများတွင် ကျောင်းနေအရွယ် ကလေးနှင့် ဆရာ/ဆရာမများမှ လွဲ၍ MNDAA ဘက်မှ လူမျိုးဘာသာမရွေး အတင်းအကြပ် တပ်သားသစ် စုဆောင်းနေကြောင်း လားရှိုးဒေသခံများက ပြောသည်။

“အသက် ၁၆ ကနေ ၃၆ နှစ်ထိ အထက်က ကျလာတဲ့ စာရင်းအတိုင်း သွားရမယ်လို့ ပြောတယ်။ ကျောင်းနေအရွယ် ကလေးနဲ့ ဆရာ/ဆရာမရယ် ဝန်ထမ်းတွေ လွတ်တယ်။ ပညာသင်နေဆဲ လူတော့ မခေါ်ဘူးလို့ဘဲ ပြောတယ်၊ မိန်းကလေး ပါ မပါတော့ မပြောဘူး။ သွားရမယ့် လူစာရင်းက အထက်က စာရင်းပို့ပေးမယ်လို့ ပြောတယ်” ဟု လားရှိုးဒေသခံ အဆိုပါ အမျိုးသားက ထပ်လောင်းပြောသည်။

MNDAA ၏ တပ်သားသစ်စုဆောင်းရေး မူဝါဒတွင် အထူးဒေသ(၁) အတွင်း နေထိုင်သည့် အသက်(၁၆) နှစ် ပြည့်ပြီးသူတိုင်း ကျား/မ မရွေး စစ်မှုထမ်းရန် တာဝန်ရှိပြီး တပ်သားစုဆောင်းခြင်း ခံရသည့် အမျိုးသမီးများကို ရုံးပိုင်းဆိုင်ရာ တာဝန်အဖြစ်လည်းကောင်း၊ အမျိုးသားများကို စစ်မှုထမ်းအဖြစ်လည်းကောင်း တာဝန်ပေးအပ်မည်ဟု ထိုစဉ်က MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်းက သျှမ်းသံတော်ဆင့်ကို ၂၀၂၄ ဒီဇင်ဘာလအတွင်း ဖြေကြားထားသည်။

တရုတ်၏ ဖိအားပေးမှုကြောင့် ယမန်နှစ် ၂၀၂၅ ဧပြီလ ၂၂ ရက်တွင် လားရှိုးမြို့ပေါ်မှ MNDAA တပ်များ ဆုတ်ခွာပေးခဲ့ရသော်လည်း လားရှိုးမြို့နှင့် ၄ မိုင် အကွာအဝေးတွင် ဆက်လက် တပ်စွဲထားပြီး မြို့ပေါ်ရပ်ကွက် (၁၂) ခုကို စစ်ကော်မရှင်တပ်မှ အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်နေသည်။

အလားတူ MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့နယ် နမ့်ပေါင်တိုက်နယ်အတွင်းရှိ ကျေးရွာများတွင် MNDAA ဘက်မှ ကျေးရွာအုပ်ချုပ်ရေးမှူးများကို အစည်းအဝေး ‌ခေါ်ယူကာ တပ်သားသစ် (၄၀) ယောက် စုဆောင်းပေးရန် တောင်းဆိုထားပြီး (၃) ကြိမ်မြောက် တပ်သားသစ် စုဆောင်းခြင်း ဖြစ်ကြောင်း နမ့်ပေါင်ဒေသခံများထံမှ သိရသည်။

လားရှိုးမြို့နှင့် မိုင်းရယ်မြို့ကြား MNDAA ထိန်းချုပ်ထားသည့် ကျေးရွာအုပ်စုများတွင်လည်း အတင်းအကြပ် တပ်သားသစ် စုဆောင်းနေပြီး အချို့ကျေးရွာများမှာ လူရှာမရခြင်းကြောင့် သံလွင်စံပြကျေးရွာရှိ MNDAA တပ်စခန်းသို့ သွားရောက် တောင်းပန်ထားရသည်။

အခြားတစ်ဖက်တွင် ဇန်နဝါရီလ နောက်ဆုံးပတ်မှ စတင်ပြီး စစ်ကော်မရှင် ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ် ရပ်ကွက် (၁၂) ခုတွင် အုပ်ချုပ်ရေးမှူးများမှ နေအိမ်များထဲ လူဦးရေစာရင်း ဝင်ရောက်စစ်ဆေးခဲ့ပြီး စစ်မှုထမ်းကြေး စတင်ကောက်ခံနေကြောင်း ဒေသခံများက ပြောဆိုသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုး ရေကြီး၊ နေအိမ်နှင့် လယ်များ ရေနစ်မြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ်တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နမ့်ယောင်ချောင်းရေ မြင့်တက်ကာ နေအိမ်များ နှင့် လယ်ကွက်များ ရေနစ်မြှုပ်နေကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လားရှိုးမြို့နယ် နမ့်ယောင်ချောင်းရေ မြင့်တက်လာကာ လားရှိုးမြို့ရှိ ရပ်ကွက် (၁၂)၊ ရပ်ကွက် (၅) နှင့် ခေးခမ်းကျေးရွာဘက်ရှိ...

စစ်တပ်ထိန်းချုပ် လားရှိုး ခိုးဆိုးလုယက် များလာ၊ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရ

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့အတွင်း စစ်ကော်မရှင်တပ် ထိန်းချုပ်လာပြီးနောက်ပိုင်း ခိုးဆိုးလုယက်မှု နေ့စဉ်ဆက်တိုက်ဖြစ်လာပြီး၊ ဒေသခံများ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရကြောင်း သတင်းရရှိသည်။ လက်ရှိတွင် လားရှိုးမြိုတွင် ခိုးဆိုးလုယက်မှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် ဒေသခံများ အနေဖြင့် တယောက်ထဲ သွားလာရန် စိုးရိမ်နေရပြီး၊ ဒေသခံများကို ကိုယ်ထူကိုယ်ထ ဖမ်းဆီးမှုပြုလုပ်နေရကြောင်း လားရှိုးမြို့...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...

ပုံးအင်း ဒေသခံများ ဝင်ငွေ ပုံမှန်မရှိချိန် စစ်တပ်နှင့် PNO ခေါင်းစဉ်မျိုးစုံ လစဉ်ကြေးတောင်း

0
စပါးစိုက်ပျိုးမှုကို အားထားရသည့် သျှမ်းပြည်တောင်ပိုင်း ပုံးအင်းဒေသတွင် သဘာဝဘေးဒဏ်ကြောင့် စပါးစိုက်ပျိုးမှုနှုန်း တနှစ်ထက် တနှစ် ကျဆင်းလာပြီး ဝင်ငွပုံမှန်မရှိသည့်ကြား စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO)က ခေါင်းစဉ်မျိုးစုံဖြင့် လစဉ်ကြေး တောင်းခံနေကြောင်း သတင်းရရှိသည်။ ပုံးအင်းဒေသေသည် စပါးစိုက်ပျိုးမှုကိုသာ အဓိက အသက်မွေးဝမ်းကြောင်းပြုနေသော်လည်း သဘာဝဘေးဒဏ်၊ ကုန်စျေးနှုန်းဒဏ်ကြောင့် မြေသြဇာများ စျေးမြှင့်တက်လာခြင်းနှင့်...