ကျောက်မဲမြို့နယ် နောင်ပိန်အနီး အလောင်း(၆)လောင်းထက်မနည်းတွေ့
SHAN -
သျှမ်းပြည် ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်တွင် ရုပ်အလောင်း (၆)လောင်းထက်မနည်း တွေ့ရှိခဲ့ကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ တတိယပတ်အတွင်း ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်ရှိ ကျေးရွာများ၌ စစ်ကော်မရှင်တပ် လာရောက်တပ်စွဲခဲ့စဉ် ၎င်းတို့ ခေါင်းဖြတ်ထားသည့် အလောင်းများ (၆) လောင်း ထက်မနည်း မြေဩဇာအိတ်များထဲ ထည့်ကာ စွန့်ပစ်ထားသည်ကို စစ်ကော်မရှင်တပ်သားများ ပြန်လည်ထွက်ခွာသွားပြီးနောက်...
တောင်ကြီး အဝေးသင်တက္ကသိုလ်ကျောင်းသူကို ဦးတည်ပြီး ဆိုင်ကယ်လုယက်နေ
သျှမ်းပြည် တောင်ကြီးမြို့တွင် အဝေးသင်တက္ကသိုလ် လာတက်နေသူများကို ဦးတည်ပြီး ဆိုင်ကယ်လုယက်မှုများ ခပ်စိပ်စိပ် ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။ ယမန်နေ့ (စက်တင်ဘာလ ၂၃ ရက်) ညနေပိုင်းတွင် တောင်ကြီးမြို့ မီးသတ်လမ်းကြားထဲ အမျိုးသားနှစ်ဉီးမှ လူပြတ်ချိန်၌ ဆိုင်ကယ်ဆီပြတ် ဟန်ဆောင်ပြီး၊ ဆိုင်ကယ်မောင်းလာသူများကို တားကာ ဖုန်းနှင့် လက်ဝတ်ရတနာများ လုယက်နေကြောင်း...
သျှမ်းပြည် မိုင်းရယ်မြို့နယ်အတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် ကျေးရွာ (၁၆) ရွာတွင် ဒေသခံစိစစ်ရေးကတ် ပြုလုပ်ရန် စာရင်းကောက်ခံနေပြီး မလုပ်လျှင် ဧည့်သည်အဖြစ် သတ်မှတ်မည်ဟု ပြောဆိုကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ (၁၈) ရက်တွင် မိုင်းရယ်မြို့နယ်အတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် ဟိုယကျေးရွာအုပ်စု၊ ကောင်းမောင်...
ကျောက်မဲ၊ သီပေါစစ်ရှောင် ၁ သောင်းကျော် စားနပ်ရိက္ခာပြတ်လပ်၊ အရေးပေါ်အကူအညီ လိုအပ်နေ
သျှမ်းပြည် ကျောက်မဲနှင့် သီပေါမြို့နယ်တို့တွင် ထွက်ပြေးတိမ်းရှောင်နေသည့် စစ်ဘေးရှောင် တစ်သောင်းကျော်အတွက် စားနပ်ရိက္ခာနှင့် ဆေးဝါးများ ပြတ်လပ်နေပြီး အရေးပေါ် အကူအညီ လိုအပ်နေကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်အတွင်း TNLA ပူးပေါင်းတပ်နှင့် စစ်ကော်မရှင်တပ်အကြား ဖြစ်ပွားနေသည့် မြေပြင်ထိတွေ့ တိုက်ပွဲများကြောင့် ကျောက်မဲမြို့နယ် ပုံဝိုးတိုက်နယ်နှင့် သီပေါ၊ လားရှိုးမြို့ဘက်...
PNOက စံကားဒေသခံများကို အလှည့်ကျ ကင်းစောင့်ခိုင်းနေ
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် စံကားဒေသတွင် ပအိုဝ်းပြည်သူ့စစ် PNOသည် ဒေသခံများကို ဆယ်ရက်တစ်ကြိမ် အလှည့်ကျ ကင်းစောင့်ခိုင်းနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ် ပထမ ပတ်မှစ၍ စံကားဒေသတွင် PNO တပ်ဖွဲ့က ကျေးရွာအတွင်း လာရောက်တပ်စွဲထားပြီး ဒေသခံများကို အိမ်တစ်အိမ်လျှင် ငွေကျပ် ငါးသိန်းကောက်ခံပြီး ဆယ်ရက်တစ်ကြိမ် အလှည့်ကျ...
နမ့်ခမ်း မြို့ဈေးပတ်ရောင်းချသူများကို TNLA က လုပ်ငန်းလိုင်စင် လုပ်ခိုင်း
သျှမ်းပြည် မြောက်ပိုင်း တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ ဈေးပတ်ရောင်းချသူများကို လုပ်ကိုင်ခွင့် လိုင်စင် လုပ်ခိုင်းနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၁၉ ရက်မှ စတင်ပြီး နမ့်ခမ်းမြို့ ဈေးပတ်ရောင်ချသူများကို မြို့နယ်စည်ပင်ယာရေးအဖွဲ့ရုံးထံ လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင် သွားရောက် လျှောက်ထားရန်...
နေရပ်ပစ္စည်းပြန်ယူသည့် ကျောက်မဲ စစ်ဘေးရှောင် နှစ်ဦး မိုင်းနင်းမိသေဆုံး
သျှမ်းပြည် ကျောက်မဲမြို့နယ် ပန်မလုပ်ရွာတွင် စစ်ဘေးရှောင်နေရသော စစ်ဘေးရှောင် နှစ်ဦးသည် နေရပ်သို့ ပစ္စည်းပြန်ယူနေစဉ် မိုင်းနင်းမိပြီး ပွဲချင်းပြီးသေဆုံး သွားခဲ့ကြောင်း စစ်ဘေးရှောင်ထံမှ သိရသည်။ ယမန်နေ့ (စက်တင်ဘာလ ၂၁ ရက်) မွန်လွဲ ၃ နာရီတွင် ကျောက်မဲမြို့နယ် ပန်မလုပ်ရွာတွင် စစ်ဘေးရှောင်နေရသော အသက် ၃၉...
ကျောက်မဲမြို့ လူမှုကူညီရေးအသင်းဝင် အမျိုးသမီးတစ်ဦးကို TNLA ပြန်လွှတ်ပေး
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့တွင် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) မှ ဖမ်းဆီးခေါ်ဆောင်သွားသည့် လူမှုကူညီရေးအသင်းဝင် အမျိုးသမီးတစ်ဦး ပြန်လွှတ်လာကြောင်း သတင်းသိရှိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၁၉ ရက် နေ့လယ် ၂ နာရီခွဲအချိန်တွင် ကျောက်မဲမြို့ နမ့်ခုံးရှမ်းများပရဟိတ အသင်းဝင် တစ်ဦးဖြစ်သည့် နန်းအေးယိင်းသည် ကျောက်မဲမြို့...
ကျောက်မဲမြို့ လူမှုကူညီရေးအသင်းဝင် အမျိုးသမီးတစ်ဦးအပါအဝင် အရပ်သား ၃ ဦး ကို TNLA ဖမ်းဆီး
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ လူမှုကူညီရေးအသင်းဝင် အမျိုးသမီးတစ်ဦး အပါအဝင် အရပ်သား ၃ ဦးကို တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ကျောက်မဲဒေသခံများ၏ ပြောကြားချက်အရ သိရသည်။ ယမန်နေ့ (စက်တင်ဘာလ ၁၉ ရက်) နေ့လယ် ၂ နာရီခွဲတွင် ကျောက်မဲမြို့...
ရွာငံ စစ်ကော်မရှင်က စစ်ကြောင်းထိုးပြီး အမျိုးသမီး နှစ်ဦးအပါအဝင် ဒေသခံ ၁၀ဦး ဖမ်းဆီးသွား
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်ကော်မရှင်က စစ်ကြောင်းထိုးပြီး အမျိုးသမီး နှစ်ဦးအပါဝင် ဒေသခံ ၁၀ဦး ဖမ်းဆီးသွားကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၁၄ ရက်တွင် စစ်ကော်မရှင်က အင်အား ၂၀၀ ကျော်သည် ရွာငံမြို့နယ် အလယ်ချောင်ကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်ပြီး အသက် ၃၀ ကျော်အမျိုးသမီး...





