သေနတ်ပြောင်းဝအောက်က မဲရုံအလွန် နှင့် သျှမ်းပြည်လူထုရှုံးဆုံးမှု

ဒီကနေ့ ဖေဖော်ဝါရီလ ၁ ရက်   ၂၀၂၆  မှာ စစ်တပ်က နိုင်ငံတော်အာဏာကို သိမ်းယူခဲ့တာ ၅ နှစ်တင်းတင်း ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။  စစ်ကော်မရှင်က အာဏာသိမ်း အစ  ၆ လ ကနေ ၁ နှစ်အတွင်း ရွေးကောက်ပွဲ ပြန်ကျင်းပပေး မယ်လို့ ကတိပေးခဲ့ပေမယ့် အချိန်ဆွဲလာခဲ့ရာ ၅ နှစ်အကြာမှသာ အပိုင်းလိုက်ခွဲပြီး ရွေးကောက်ပွဲကို ကျင်းပနိုင်ခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ အာရှဆိုင်ရာကိုယ်စားလှယ် တိန့်ရှီဂျွန်း ပြောကြားချက်တွေအရ ဒီရွေးကောက်ပွဲဟာ တရုတ် သမ္မတ ရှီကျင့်ဖျင်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ရဲ့ သဘောတူညီချက်အရ အကောင်အထည် ဖော်နိုင်ခဲ့တာကို ဂုဏ်ယူပါတယ်လိုႉဆိုပါတယ်။ ဒီ့အတွက် တရုတ်ရဲ့ ဖိအားသာမပါရင် အခုထိ ရွေးကောက်ပွဲ ဖြစ်လာဦးမှာ မဟုတ်ဘူးဆိုတာ ထင်ရှားနေပါတယ်။

မြေပြင်အခြေအနေကို ကြည့်ရင်လည်း တော်လှန်ရေးအင်အားစုတွေ မရှိတဲ့ မြို့နယ် တိုက်ပွဲ မဖြစ်တဲ့မြို့နယ်ဆိုတာ မရှိသလောက်ဖြစ်နေလို့ရွေးကောက်ပွဲကို ၃ ပိုင်းခွဲပြီး ကျင်းပခဲ့ရပါတယ်။

ပထမအဆင့်မှာ ပြည်ထောင်စုတဝှမ်းလုံး ကျင်းပတဲ့ ၁၀၂ မြို့နယ် အနက် သျှမ်းပြည်မှာ ၁၂ မြို့နယ်၊ ဒုတိယအဆင့်မှာ မြို့နယ် ၁၀၀ အနက် သျှမ်းပြည်မှာ ၁၇ မြို့နယ်၊ နောက်ဆုံးအဆင့်မှာလဲ ၆၃ မြို့နယ် ကျင်းပဖို့ လျာထားပေမယ့် ၆၁ မြို့နယ်သာ ကျင်းပနိုင်ခဲ့ပြီး အဲ့ဒီ့အနက် သျှမ်းပြည်က၉ မြို့နယ်သာပါဝင်ပါတယ်။ သျှမ်းပြည်မှာ မြို့နယ် ၁၇ ခုက ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့ပါဘူး။

ဒါပေမယ့် ဒီရွေးကောက်ပွဲဟာ မြို့ပေါ်ရပ်ကွက်တွေမှာပဲ အပေါ်ယံ ကျင်းပနိုင်ခဲ့တာဖြစ်ပြီး ကျေးလက်ဒေသ နဲ့ နယ်စပ်ဒေသတွေမှာ မကျင်းပနိုင်ခဲ့တဲ့အတွက် ပြည်သူသန်းပေါင်းများစွာဟာ သူတို့ရဲ့ မဲပေးပိုင်ခွင့် ဆုံးရှုံးခဲ့ရ ပါတယ်။ ဒီလို မဲမပေးရတာထက် ပိုတဲ့ နာကျင်စရာ ဆုံးရှုံးမှုတွေကိုလားရှိုးမြို့ခံ Singal Momဖြစ်တဲ့ အမျိုးသမီးတစ်ဉီးက အခုလို ရင်ဖွင့်ပါတယ်။

၁၀၂၇ စစ်ဆင်ရေးကြောင့် အိမ်လည်း ဗုံးထိလို့ ပျက်စီးသွားပြီ အိမ်ပြန်မဆောက်နိုင်သေးဘူး။ စစ်ဘေးလည်းရှောင်ရ ဝမ်းရေးလည်း ရှာဖွေရဆိုတော့ ဘာရွေးကောက်ပွဲမှ စိတ်မဝင်စားဘူး။ နယ်မြေ သိမ်းနိုင်ပါတယ်ဆိုတဲ့ တပ်ကလည်း ဘာမှ မကူညီတဲ့အပြင် စစ်ကောင်စီထံ လားရှိုးကိုပြန်အပ်ပေးတယ်ဆိုတော့ စိတ်ကုန်တယ်

ဒီလို ပြည်သူတွေရဲ့ ငိုရှိုက်သံတွေကြားမှာ ကျင်းပတဲ့ ရွေးကောက်ပွဲပြီးသွားပြီဖြစ်လို့ လာမယ့် ရက်ပေါင်း ၆၀ အတွင်းမှာ စစ်ဝတ်စုံချွတ် သမ္မတသစ် တက်လာမယ့် အစိုးရသစ်ကို မြင်တွေ့ရတော့မှာပါ။ တရုတ်ရဲ့ ဖိအားကြောင့် ဖြစ်လာနိုင်တဲ့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတွေမှာလဲTNLA၊ MNDAA နဲ့ UWSA အပါအဝင် မြောက်ပိုင်းမဟာမိတ် (FPNCC) အဖွဲ့ဝင်တွေ ပါဝင်လာနိုင်ခြေ ရှိပါတယ်။

အာဏာသိမ်း ၅ နှစ်တာအတွင်းမှာ ဒီအဖွဲ့တွေရဲ့ အင်အားက သိသိသာသာ ကြီးထွားလာခဲ့ပေမယ့် သျှမ်းပြည်သူတွေ အတွက်တော့ တိုက်ပွဲကြောင့်အကျိုးအမြတ်ထက် အရှုံးတွေက ပိုများနေပါတယ်။

သျှမ်းမြောက်အခြေစိုက် သျှမ်းလက်နက်ကိုင်အဖွဲ့ (SSPP) အနေနဲ့ မြောက်ပိုင်းမဟာမိတ်တွေနဲ့ ပူးပေါင်းပြီး တောင်ပိုင်းသျှမ်းတပ် (RCSS) ကိုသျှမ်းမြောက်ကနေ တိုက်ထုတ်ခဲ့တဲ့အတွက် သျှမ်းလူမျိုးအချင်းချင်း ကြားမှာ မျက်နှာပျက်စရာတွေ ဖြစ်ခဲ့ရပါတယ်။

ထို့အပြင် မဟာမိတ်တွေကို ဦးစားပေးခဲ့ပေမဲ့ MNDAA နဲ့ TNLA တပ်တွေက SSPP ကို မဟာမိတ်အစစ်အမှန်လို ဆက်ဆံခြင်းမရှိဘဲ သန္နီမြို့ နဲ့နမ့်ခမ်းမြို့ထဲကလို ဒေသတွေကနေ ဖယ်ရှားခိုင်းတာဟာ သမိုင်းမှာ အမည်းစက် အဖြစ် ကျန်ရစ်ခဲ့တာအမှန်ပါပဲ။

တခြားအဖွဲ့တွေက မူးယစ်ဆေးဝါးနဲ့ ကျားဖြန့်ပြဿနာတွေကို နိုင်ငံရေး၊ စစ်ရေး အခွင့်အလမ်းအဖြစ် အသုံးချပြီး နယ်မြေတွေ သိမ်းပိုက်ကာအနာဂတ်အတွက် ပြင်ဆင်သွားချိန်မှာ သျှမ်းအင်အားစုတွေ ကတော့ အချင်းချင်း အားပြိုင်မှုတွေကြားမှာ နစ်မွန်းနေဆဲပါ။

အခု လွှတ်တော်ထဲရောက်သွားမယ့် အမတ်တွေနဲ့ အစိုးရသစ်ဟာ ဘာတွေများ လုပ်နိုင်ဦးမှာလဲ။ စစ်ကောင်စီဘက်ကတော့ ဒီရွေးကောက်ပွဲကိုအကြောင်းပြပြီး သူတို့ကိုယ်သူတို့ တရားဝင်အစိုးရအဖြစ် ဟန်ပြကာ ပြည်သူ့အိုးအိမ်တွေကို ဗုံးကြဲဖို့နဲ့ လူသတ်ဖို့ “တရားဝင်လိုင်စင်” ရလိုက်သလိုမျိုး ဆက်လက်ပြုမူနေဦးမှာလားဆိုတာ စိုးရိမ်စရာပါ။

ဒါကြောင့် အခုအချိန်ကစပြီး ကိုယ့်အတ္တတွေကို ဘေးဖယ်ထားကာ တောင်/မြောက်၊ အထက်/အောက် မခွဲခြားဘဲ အင်အားစုအားလုံး စုစည်းနိုင်မှသာ စစ်အာဏာရှင်ကို အားမပေးရာရောက်ပြီး ကြုံတွေ့ရတဲ့ အခက်အခဲတွေကိုလဲ ကျော်လွှားနိုင်မှာ ဖြစ်ပါကြောင်းသံတော်ဆင့်အပ်ပါတယ်။

လူထုအသံ သျှမ်းသံတော်ဆင့်အသံ

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အာဏာသိမ်းသမ္မတ ဉီးမင်းအောင်လှိုင် ရုရှားသို့ ထွက်ခွာ

0
အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်အဖြစ် ယနေ့ (ဩဂုတ် ၁၇ ရက်) နံနက်ပိုင်းတွင် နေပြည်တော်မှ ထွက်ခွာသွားသည်။ ရုရှားသမ္မတ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ သွားရောက်သည့် အဆိုပါခရီးစဉ်အတွင်း အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် သမ္မတပူတင်၊ ရုရှားဝန်ကြီးချုပ်၊ ဒူးမားလွှတ်တော်ဥက္ကဋ္ဌနှင့် အစိုးရပိုင်းမှ ထိပ်သီးတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးသွားမည် ဖြစ်ကြောင်း...

စပါးကျီအစား အကြွေးကျီသာ ပြည့်နှက်နေသည့် ပုံးအင်းလွင်ပြင်

0
စပါးရိတ်သိမ်းပြီးစ ရိုးပြတ်များသာ ကျန်ရှိတော့သည့် ပုံးအင်းလွင်ပြင်၏ တိတ်ဆိတ်ခြောက်ကပ်နေသော မြင်ကွင်းကို ငေးကြည့်ရင်း အသက် ၄၀ အရွယ် နန်းဟွမ်တယောက် သက်ပြင်းအရှည်ကြီး ချလိုက်မိသည်။ လယ်ကွင်းထဲတွင် ရိတ်သိမ်းစရာ စပါးနှံများ မရှိတော့၍ အလုပ်အားသွားပြီ ဖြစ်သော်လည်း သူမ၏ ရင်ထဲတွင် ရှေ့ဆက်ရမည့် ဘဝခရီးအတွက် ပူပန်မှုများက အပြည့်နေရာယူထားဆဲ...

UWSA ထိန်းချုပ်ဒေသ ခရစ်ယာန်ဝတ်ပြုကျောင်းများ ပိတ်ထားခိုင်း၊ အစွန်းရောက် ဘာသာရေးစည်းရုံးလှုံ့ဆော်မှုရှိနေဟုဆို

0
သျှမ်းပြည် 'ဝ'တပ်ဖွဲ့ UWSA ထိန်းချုပ်ဒေသရှိ ခရစ်ယာန်ဘာသာရေး ဝတ်ပြုကျောင်းများ ပိတ်သိမ်းခံရပြီး အစွန်းရောက် ဘာသာရေးစည်းရုံးလှုံ့ဆော်မှု ရှိနေကြောင်း စုံစမ်းသိရသည်။ လတ်တလောတွင် နာမည်ကြီးနေသည့် ခရစ်ယာန်ဘာသာရေးအမည်ခံ "ယေရှုတရုတ်မ”ဆိုသည့် ဂိုဏ်းအဖွဲ့ကြောင့် 'ဝ'ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSA ထိန်းချုပ်ဒေသ ပန်ဆန်း၊ မိုင်းပေါက်၊ နားဝီးနှင့် ၁၇၁ တောင်ပိုင်းစစ်ဒေသ...

စစ်စရိတ်နှင့် သယံဇာတ – တအာင်းဒေသတွင် မြေရှားသတ္တုတူးဖော်မှု အရှိန်အဟုန်ဖြင့် တိုးလာနေ

0
ကမ္ဘာ့နည်းပညာလောက၏ လျှပ်စစ်ကား (EV) ဘက်ထရီများနှင့် ခတ်မီစစ်လက်နက်များ ထုတ်လုပ်ရန်အတွက် လေးလံမြေရှားဒြပ်စင် (Heavy Rare Earth) များသည် မရှိမဖြစ် လိုအပ်လာနေသည်။ ထိုလိုအပ်ချက်ကို ဖြည့်ဆည်းပေးနေသည့် ကမ္ဘာ့အကြီးဆုံး ရင်းမြစ်တစ်ခုမှာ မြန်မာနိုင်ငံ ဖြစ်လာခဲ့သည်။ သို့သော်လည်း လက်ရှိတွင် အဆိုပါလုပ်ငန်းများသည် ကချင်ပြည်နယ်မှတစ်ဆင့် သျှမ်းပြည်မြောက်ပိုင်းရှိ တအာင်း (ပလောင်)...

တုက္ကစီဒိုသခင်လေးနဲ့ ခေတ်သစ်မြို့ပြလူတွေရဲ့ အဖော်မွန်

0
မနက်တိုင်း ကျနော့မှာ နာရီနှိုးစက် သီးသန့်ပေးထားစရာ မလိုပါဘူး။ ဘာလို့လဲဆိုတော့ (၇) ကီလိုလောက်ရှိတဲ့ အမွေးပွ "နှိုးစက်ကြီး" က ကျနော့်ရင်ဘတ်ပေါ် တက်ထိုင်ပြီး နှိုးတတ်လို့ပါ။ သူကတော့ ကျနော်ရဲ့ ပထမဆုံး ကိုယ်တိုင်မွေးထားတဲ့ "အိုက်တမ်" ဆိုတဲ့ ကြောင်လေးပေါ့။ "အိုက်တမ်" ဆိုတာ မြန်မာလိုဆိုရင်တော့ "အမဲလေး"...