လားရှိုးမြို့ ဆရာတော် လုပ်ကြံခံရမှုအပေါ် တော်လှန်ရေးအင်အားစုများ လက်ချက်ဟု စစ်တပ်ဝါဒဖြန့်ချန်နယ်များ သတင်းအမှားဖြန့်ဝေနေ

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ဆရာတော်တစ်ပါး လုပ်ကြံသတ်ဖြတ်ခံရသည့် ဖြစ်စဉ်အပေါ် အခြေခံ၍ စစ်တပ်ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များက တော်လှန်ရေးအင်အားစုများ၏ လက်ချက်ဖြစ်သည်ဟု သတင်းအမှားဖြန့်ဝေသည်ကို တွေ့ရှိရသည်။

စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တစ်ခုဖြစ်သော Ko Chit (MDY) က ဇန်နဝါရီလ ၂၈ ရက်နေ့တွင် “လားရှိုးမှာ မဘသ ဆရာတော်တစ်ပါးအား အကြမ်းဖက်များက လုပ်ကြံသတ်ဖြတ်ကြောင်း” ဟု ရေးသားဖြန့်ဝေခဲ့သည်။

အဆိုပါပိုစ့်ကို ကြည့်ရှုသူ ၃,၈၅၀ ကျော် ရှိခဲ့ပြီး အခြားဝါဒဖြန့်ချန်နယ်များကလည်း ထပ်ဆင့်ဖြန့်ဝေခဲ့ကြသည်။

မူရင်းလင်ခ့် – https://archive.ph/kBqo7#selection-141.0-140.2

အချက်အလက်စစ်ဆေးချက်

MFCN အဖွဲ့ဝင် သျှမ်းသံတော်ဆင့်၏ အချက်အလက်စစ်ဆေးသူများက ဒေသခံများနှင့် မြေပြင်သတင်း ဌာနများ၏ ဖော်ပြချက်များကို တိုက်ဆိုင်စစ်ဆေးကြည့်ရာ အောက်ပါ အချက်များကို တွေ့ရှိရသည်။

စစ်ဆေးတွေ့ရှိချက်အရ ဇန်နဝါရီလ ဇန်နဝါရီလ ၂၈ ရက် နံနက် ၆ နာရီခွဲအချိန်တွင် လားရှိုးမြို့ ရပ်ကွက် (၄) ရှိ မဟာဗောဓရုံ ကျောင်းတိုက်အတွင်း၌ သက်တော် (၆၀) ဝန်းကျင်ရှိ ဆရာတော်တစ်ပါးကို အမည်မသိ လူတစ်စုက ဝင်ရောက်လုပ်ကြံခဲ့ခြင်း ဖြစ်သည်။

ရွှေဖီမြေသတင်းဌာနမှဖော်ပြထားသောသတင်း – https://shorturl.at/BdguR

သျှမ်းသံတော်ဆင့်သတင်းဌာနမှဖော်ပြထားသောသတင်း – https://bit.ly/4q1FNZB

အဆိုပါသတ်ဖြတ်ခံရသည့် ဆရာတော်သည် ဝမ်းဗိုက်တွင် ဓားဒဏ်ရာ (၁၂) ချက် ထိုးနှက်ထားသည့်အပြင် ဦးခေါင်းကိုလည်း တူဖြင့် ထုရိုက်ကာ သွားများကိုပါ ရိုက်ချိုးထားသည့် ဒဏ်ရာများဖြင့် ပျံလွန်တော်မူခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများ၏ ပြောပြချက်ကို ကိုးကား၍ သျှမ်းသံတော်ဆင့်နှင့် ရွှေဖီမြေသတင်းဌာနတို့က ဖော်ပြထားသည်။

သို့သော် သတင်းဌာန၏ ဖော်ပြချက်တွင် “အမည်မသိလူတစ်စု” ဟုသာ ဖော်ပြထားပြီး မည်သည့် အဖွဲ့အစည်းက လုပ်ဆောင်သည်ကို လက်ရှိအချိန်ထိ အတည်ပြုနိုင်ခြင်း မရှိသေးပေ။

အဆိုပါ လုပ်ကြံမှုနှင့် ပတ်သက်၍ လက်ရှိ လားရှိုးမြို့ကို ထိန်းချုပ်ထားသည့် စစ်ကော်မရှင်ဘက်က
တစ်စုံတစ်ရာ သတင်းထုတ်ပြန်ခြင်း မရှိသလို ကိုးကန့်တပ်ဖွဲ့ (MNDAA) ဘက်ကလည်း တရားဝင် သတင်းထုတ်ပြန်ထားခြင်း မရှိသေးပေ။

သုံးသပ်ချက်

စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များသည် ခိုင်လုံသော သက်သေအထောက်အထား မထွက်ပေါ်လာ သေးမီမှာပင် ဘာသာရေးနှင့် နိုင်ငံရေး အမြင်မတူမှုများကို အသုံးချကာ တော်လှန်ရေးအဖွဲ့အစည်းများအပေါ် အများပြည်သူ အထင်အမြင် လွဲမှားစေရန် ရည်ရွယ်ချက်ရှိရှိ လိုရာဆွဲ ရေးသားနေခြင်း ဖြစ်သည်။

ထိုကြောင့် “လားရှိုးမြို့ ဆရာတော်လုပ်ကြံခံရမူမှာ တော်လှန်ရေးအင်အားစုများ၏ လက်ချက်ဖြစ်သည်” ဆိုသည့် အကြောင်းအရာသည် “အထောက်အထားမရှိသည့် သတင်းအမှား”သာ ဖြစ်ကြောင်း စိစစ်တွေ့ရှိခဲ့သည်။

စားဖတ်ပရိတ်များအနေဖြင့်လည်း သတင်းများကို ဖတ်ရှုရာတွင် လွတ်လပ်သည့် သတင်းဌာနများ၏ ဖော်ပြချက်များကို ဖတ်ရှုကြပါရန် တိုက်တွန်းအပ်သည်။

တယ်လီဂရမ်ရှိ စစ်တပ်ဝါဒဖြန့်ချန်နယ်များမှ ရေးသားချက်များကို အလွယ်တကူ မယုံကြည်ကြပါရန်နှင့် ထပ်ဆင့်မဖြန့်ဝေကြပါရန် တိုက်တွန်းအပ်ပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုး ရေကြီး၊ နေအိမ်နှင့် လယ်များ ရေနစ်မြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ်တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နမ့်ယောင်ချောင်းရေ မြင့်တက်ကာ နေအိမ်များ နှင့် လယ်ကွက်များ ရေနစ်မြှုပ်နေကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လားရှိုးမြို့နယ် နမ့်ယောင်ချောင်းရေ မြင့်တက်လာကာ လားရှိုးမြို့ရှိ ရပ်ကွက် (၁၂)၊ ရပ်ကွက် (၅) နှင့် ခေးခမ်းကျေးရွာဘက်ရှိ...

စစ်တပ်ထိန်းချုပ် လားရှိုး ခိုးဆိုးလုယက် များလာ၊ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရ

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့အတွင်း စစ်ကော်မရှင်တပ် ထိန်းချုပ်လာပြီးနောက်ပိုင်း ခိုးဆိုးလုယက်မှု နေ့စဉ်ဆက်တိုက်ဖြစ်လာပြီး၊ ဒေသခံများ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရကြောင်း သတင်းရရှိသည်။ လက်ရှိတွင် လားရှိုးမြိုတွင် ခိုးဆိုးလုယက်မှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် ဒေသခံများ အနေဖြင့် တယောက်ထဲ သွားလာရန် စိုးရိမ်နေရပြီး၊ ဒေသခံများကို ကိုယ်ထူကိုယ်ထ ဖမ်းဆီးမှုပြုလုပ်နေရကြောင်း လားရှိုးမြို့...

လားရှိုးမြို့တွင်း ရှော့တိုက်ဒုံးကျပေါက်ကွဲပြီးနောက် ဒေသခံများ တိုက်ပွဲပြန်ဖြစ်မည်ကို စိုးရိမ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့ပြီးနောက် စစ်ကော်မရှင် တပ်နှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာနိုင်မည်ကို ဒေသခံများ စိုးရိမ်နေကြကြောင်း သိရသည်။ လားရှိုးမြို့ အတွင်း ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲပြီးနောက် ပြည်သူများသည် စက်သုံးဆီနှင့် အခြေခံစားသောက်ကုန်များကို အလျင်အမြန် ဝယ်ယူစုဆောင်းနေကြကြောင်း လားရှိုးမြို့...

လားရှိုးမြို့ ရှော့တိုက်ဒုံး ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဇူလိုင် ၉ ရက်) ယနေ့ ညနေ ၅ နာရီဝန်းကျင်တွင် လားရှိုးမြို့ ရပ်ကွက် (၆) နှင့် ရပ်ကွက် (၁၀) အတွင်းသို့...

လားရှိုးမြို့ “ခိုင်”သစ်သီးပွဲရုံ မီးလောင်

0
သျှမ်းပြည် လားရှိုးမြို့အဝင် လွယ်လွမ့်ကျေးရွာရှိ “ခိုင်”သစ်သီးပွဲရုံ မီးလောင်ကျွမ်းခဲ့ပြီး ပျက်စီးဆုံးရှုံးမှု များပြားကြောင်း စုံစမ်းသိရသည်။ ယနေ့ (မေလ ၂၇ ရက်) နေ့လယ် ၁ နာရီခန့်မှ စတင်ပြီး လားရှိုးမြို့အဝင်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ် လွယ်လွမ့်ကျေးရွာတွင် ဖွင့်လှစ်ထားသည့် “ခိုင်” သစ်သီးပွဲရုံရှိ ဂိုထောင်တစ်ခု...