Friday, January 30, 2026

လားရှိုးမြို့ထဲ စစ်ကော်မရှင်နှင့် MNDAA ထပ်မံဆွေးနွေး၊ ပြည်ထောင်စုလမ်းမကြီးပေါ် MNDAA တပ်ပြန်ထိုင်

သျှမ်းပြည် လားရှိုးမြို့ပေါ်ရှိ ဆင်နှစ်ကောင်ဟိုတယ်တွင် စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ကိုယ်စားလှယ်များ ထပ်မံတွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း စုံစမ်းသိရသည်။

ယနေ့ (ဇန်နဝါရီလ ၃၀ ရက်) နံနက်ပိုင်းတွင် စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ်ရှိ ဆင်နှစ်ကောင်ဟိုတယ်တွင် စစ်ကော်မရှင်တပ်နှင့် MNDAA ကိုယ်စားလှယ်များ ထပ်မံတွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“၁၀ နာရီလောက်က စပြီး စစ်တပ်နဲ့ ကိုးကန့်ဘက်က ဆင်နှစ်ကောင်မှာ ထပ်တွေ့ကြတယ်လို့ ကြားတယ်။ ဒီမနက်လည်း လားရှိုး-သီပေါကြားက လမ်းမကြီးပေါ်မှာ ကိုးကန့်ဘက်က ဂိတ်ပြန်ထိုင်တယ်၊ မယ်ဟန်နဲ့ စဉ့်အင်တံတားလို နေရာတွေမှာ ကိုးကန့်စစ်သား ပြန်တွေ့လို့ ထူးခြားတယ်။ ရွေးကောက်ပွဲ မတိုင်ခင်ကတော့ အဲ့ဘက်မှာ ဆုတ်ထားတာ” ဟု လားရှိုးမြို့နယ်မှ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ရွေးကောက်ပွဲ ပထမပိုင်း ကျင်းပပြီးနောက် ယမန်နှစ် ၂၀၂၅ ဒီဇင်ဘာလ (၂၉) ရက်တွင် စစ်ကော်မရှင်တပ်နှင့် MNDAA ကိုယ်စားလှယ်များ လားရှိုးမြို့၌ တွေ့ဆုံဆွေးနွေးခဲ့စဉ် ကိုးကန့်တပ်ဘက်မှ သီပေါ-လားရှိုးကြား ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် ဖွင့်လှစ်ထားသည့် စစ်ဆေးရေးဂိတ်များကို ပိတ်သိမ်းရန် သဘောတူခဲ့သည်ဟု ဆိုသည်။

ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်ပြီး သီပေါတံတားနှင့် သီပေါ-နမ့်လန်မြို့ကြား တပ်စွဲထားသည့် MNDAA တပ်များသည် ကိုးမိုင်လမ်းခွဲမှတဆင့် ဆောင်ကြဲ၊ ဆင်ကျော့ကျေးရွာအုပ်စုနှင့် မိုင်းရယ်မြို့နယ် ဟိုယကျေးရွာအုပ်စုဘက်သို့ တပ်ဆုတ်ခွာသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

သီပေါ-လားရှိုးကြား ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ MNDAA စစ်ဆေးရေးဂိတ်များမှာ တစ်လခန့်သာ ပိတ်သိမ်းခဲ့ပြီး ယနေ့ (ဇန်နဝါရီလ ၃၀ ရက်) နံနက်ပိုင်းမှ စတင်ကာ ၎င်းနေရာများတွင် ကိုးကန့်တပ်သားများ ပြန်လည်နေရာယူထားကြောင်း ဒေသခံများက ပြောသည်။

“အရင်က ကိုးကန့်တွေ ဂိတ်ဖွင့်တဲ့နေရာမှာ အခု သူတို့ ပြန်လာစောင့်နေတယ်။ နှစ်သစ်ကူးတုန်းကတော့ စစ်ဆေးရေးဂိတ်တွေ မရှိတော့ဘူးဆိုလို့ ဝမ်းသာလိုက်သေးတယ်။ ဒီမနက်တော့ နဂိုအတိုင်းပဲ ကိုးကန့်ဝတ်စုံနဲ့ စစ်သားတွေ လမ်းမပေါ် ပြန်စောင့်နေတယ်” ဟု လားရှိုး-မန္တလေး ခရီးစဉ်ပြေးဆွဲနေသည့် ယာဉ်မောင်းအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယခုနှစ်ဆန်းပိုင်းတွင် သီပေါတံတားကြီးမှ ကိုးကန့်တပ်ဖွဲ့ MNDAA ဆုတ်ခွာသွားခဲ့သော်လည်း စစ်ကော်မရှင်ဘက်မှ ယာဉ်ဖြတ်သန်းခွင့် မပြုသေးဘဲ ဆက်လက်ပိတ်ထားပြီး မြန်မာ-တရုတ်နယ်စပ်ရှိ ညီနောင်မဟာမိတ်ထိန်းချုပ် နယ်စပ်ဂိတ်များမှ တင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများကိုလည်း ဖမ်းဆီးပိတ်ပင်မှုများ အပြင်းအထန် ပြုလုပ်နေကြောင်း ကုန်သည်များထံမှ သိရသည်။

တရုတ်ဖိအားကြောင့် လားရှိုးမြို့ကို စစ်ကော်မရှင်ထံ ယမန်နှစ် ၂၀၂၅ ဧပြီလတွင် ပြန်လည်လွှဲပြောင်းခဲ့ပြီးနောက် MNDAA နှင့် စစ်ကော်မရှင်တပ်အကြား လားရှိုးမြို့ပေါ်တွင် ပုံမှန်တွေ့ဆုံဆွေးနွေးမှု မကြာခဏ ပြုလုပ်လေ့ရှိသော်လည်း နှစ်ဘက်စလုံးမှ တစုံတရာ သတင်းထုတ်ပြန်ခြင်း မရှိပေ။

လက်ရှိတွင် စစ်ကော်မရှင်ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ် ရပ်ကွက်များတွင် စစ်မှုထမ်းတပ်သားသစ် ခေါ်ယူရန် ရပ်ကွက်အတွင်း လူဦးရေစာရင်း ပြန်လည်ကောက်ယူနေပြီး MNDAA ထိန်းချုပ်ထားသည့် လားရှိုး-မိုင်းရယ်ကြား ကျေးရွာများတွင်လည်း MNDAA ဘက်မှ တပ်သားသစ် အတင်းအကြပ် စုဆောင်းနေကြောင်း ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းရယ် တောင်ယာထဲ ကျားဖြန့်လုပ်ကိုင်သူများ ပုန်းအောင်းနေခြင်းကြောင့် ဒေသခံစိုးရိမ်ထိတ်လန့်

0
သျှမ်းပြည် မိုင်းရယ်မြို့နယ် ဟိုယကျေးရွာအုပ်စုရှိ တောင်ယာများတွင် အွန်လိုင်းငွေလိမ် ( ကျားဖြန့်)လုပ်ကိုင်သူများ လာရောက်ပုန်းအောင်းနေခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေရကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ တတိယပတ်မှ စတင်ပြီး မိုင်းရယ်မြို့နယ် ဟိုယကျေးရွာအုပ်စုရှိ တောင်ယာတဲများသို့ သီပေါမြို့နယ် မန်မော်ကျေးရွာအုပ်စုဘက်မှ ထွက်ပြေးလာသည့် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်သူများ လာရောက်ပုန်းအောင်းနေခြင်းကြောင့် ဒေသခံများမှာ လုံခြုံရေးနှင့်...

မိုးဗြဲမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကော်မရှင်တပ် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်

0
သျှမ်း - ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်ရှိ မိုးဗြဲမြို့ အနီးတဝိုက်တွင် စစ်ကော်မရှင်တပ်မှ နေ့စဉ်နီးပါး လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှု ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ ယခု ဇန်နဝါရီလ နောက်ဆုံးပတ်တွင် ဖယ်ခုံမြို့နယ်အတွင်း တိုက်ပွဲများ ငြိမ်သက်နေသော်လည်း မိုးဗြဲမြို့အခြေစိုက် စစ်ကော်မရှင်တပ် ခြေမြန်တပ်ရင်း ခမရ - ၄၂၂ ဘက်မှ...

လားရှိုးမြို့ ဆရာတော် လုပ်ကြံခံရမှုအပေါ် တော်လှန်ရေးအင်အားစုများ လက်ချက်ဟု စစ်တပ်ဝါဒဖြန့်ချန်နယ်များ သတင်းအမှားဖြန့်ဝေနေ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ဆရာတော်တစ်ပါး လုပ်ကြံသတ်ဖြတ်ခံရသည့် ဖြစ်စဉ်အပေါ် အခြေခံ၍ စစ်တပ်ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များက တော်လှန်ရေးအင်အားစုများ၏ လက်ချက်ဖြစ်သည်ဟု သတင်းအမှားဖြန့်ဝေသည်ကို တွေ့ရှိရသည်။ စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တစ်ခုဖြစ်သော Ko Chit (MDY) က ဇန်နဝါရီလ ၂၈ ရက်နေ့တွင် “လားရှိုးမှာ မဘသ ဆရာတော်တစ်ပါးအား အကြမ်းဖက်များက လုပ်ကြံသတ်ဖြတ်ကြောင်း”...

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...

လားရှိုးတွင် စစ်ဘေးရှောင်များကို ကူညီပေးနေသည့် ဆရာတော်တစ်ပါး လုပ်ကြံသတ်ခံရ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် စစ်ဘေးရှောင်များကို ကူညီပေးနေသည့် ဆရာတော်တစ်ပါးကို အမည်မသိ လူတစ်စုက သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်တစ်ခု ယနေ့နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယနေ့ ဇန်နဝါရီလ ၂၈ ရက် နံနက် ၆ နာရီခွဲအချိန်တွင် လားရှိုးမြို့၊ ရပ်ကွက် (၄) ရှိ မဟာဗောဓရုံ ကျောင်းတိုက်အတွင်း၌...