လားရှိုးမြို့ထဲ စစ်ကော်မရှင်နှင့် MNDAA ထပ်မံဆွေးနွေး၊ ပြည်ထောင်စုလမ်းမကြီးပေါ် MNDAA တပ်ပြန်ထိုင်

သျှမ်းပြည် လားရှိုးမြို့ပေါ်ရှိ ဆင်နှစ်ကောင်ဟိုတယ်တွင် စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ကိုယ်စားလှယ်များ ထပ်မံတွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း စုံစမ်းသိရသည်။

ယနေ့ (ဇန်နဝါရီလ ၃၀ ရက်) နံနက်ပိုင်းတွင် စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ်ရှိ ဆင်နှစ်ကောင်ဟိုတယ်တွင် စစ်ကော်မရှင်တပ်နှင့် MNDAA ကိုယ်စားလှယ်များ ထပ်မံတွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“၁၀ နာရီလောက်က စပြီး စစ်တပ်နဲ့ ကိုးကန့်ဘက်က ဆင်နှစ်ကောင်မှာ ထပ်တွေ့ကြတယ်လို့ ကြားတယ်။ ဒီမနက်လည်း လားရှိုး-သီပေါကြားက လမ်းမကြီးပေါ်မှာ ကိုးကန့်ဘက်က ဂိတ်ပြန်ထိုင်တယ်၊ မယ်ဟန်နဲ့ စဉ့်အင်တံတားလို နေရာတွေမှာ ကိုးကန့်စစ်သား ပြန်တွေ့လို့ ထူးခြားတယ်။ ရွေးကောက်ပွဲ မတိုင်ခင်ကတော့ အဲ့ဘက်မှာ ဆုတ်ထားတာ” ဟု လားရှိုးမြို့နယ်မှ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ရွေးကောက်ပွဲ ပထမပိုင်း ကျင်းပပြီးနောက် ယမန်နှစ် ၂၀၂၅ ဒီဇင်ဘာလ (၂၉) ရက်တွင် စစ်ကော်မရှင်တပ်နှင့် MNDAA ကိုယ်စားလှယ်များ လားရှိုးမြို့၌ တွေ့ဆုံဆွေးနွေးခဲ့စဉ် ကိုးကန့်တပ်ဘက်မှ သီပေါ-လားရှိုးကြား ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် ဖွင့်လှစ်ထားသည့် စစ်ဆေးရေးဂိတ်များကို ပိတ်သိမ်းရန် သဘောတူခဲ့သည်ဟု ဆိုသည်။

ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်ပြီး သီပေါတံတားနှင့် သီပေါ-နမ့်လန်မြို့ကြား တပ်စွဲထားသည့် MNDAA တပ်များသည် ကိုးမိုင်လမ်းခွဲမှတဆင့် ဆောင်ကြဲ၊ ဆင်ကျော့ကျေးရွာအုပ်စုနှင့် မိုင်းရယ်မြို့နယ် ဟိုယကျေးရွာအုပ်စုဘက်သို့ တပ်ဆုတ်ခွာသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

သီပေါ-လားရှိုးကြား ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ MNDAA စစ်ဆေးရေးဂိတ်များမှာ တစ်လခန့်သာ ပိတ်သိမ်းခဲ့ပြီး ယနေ့ (ဇန်နဝါရီလ ၃၀ ရက်) နံနက်ပိုင်းမှ စတင်ကာ ၎င်းနေရာများတွင် ကိုးကန့်တပ်သားများ ပြန်လည်နေရာယူထားကြောင်း ဒေသခံများက ပြောသည်။

“အရင်က ကိုးကန့်တွေ ဂိတ်ဖွင့်တဲ့နေရာမှာ အခု သူတို့ ပြန်လာစောင့်နေတယ်။ နှစ်သစ်ကူးတုန်းကတော့ စစ်ဆေးရေးဂိတ်တွေ မရှိတော့ဘူးဆိုလို့ ဝမ်းသာလိုက်သေးတယ်။ ဒီမနက်တော့ နဂိုအတိုင်းပဲ ကိုးကန့်ဝတ်စုံနဲ့ စစ်သားတွေ လမ်းမပေါ် ပြန်စောင့်နေတယ်” ဟု လားရှိုး-မန္တလေး ခရီးစဉ်ပြေးဆွဲနေသည့် ယာဉ်မောင်းအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယခုနှစ်ဆန်းပိုင်းတွင် သီပေါတံတားကြီးမှ ကိုးကန့်တပ်ဖွဲ့ MNDAA ဆုတ်ခွာသွားခဲ့သော်လည်း စစ်ကော်မရှင်ဘက်မှ ယာဉ်ဖြတ်သန်းခွင့် မပြုသေးဘဲ ဆက်လက်ပိတ်ထားပြီး မြန်မာ-တရုတ်နယ်စပ်ရှိ ညီနောင်မဟာမိတ်ထိန်းချုပ် နယ်စပ်ဂိတ်များမှ တင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများကိုလည်း ဖမ်းဆီးပိတ်ပင်မှုများ အပြင်းအထန် ပြုလုပ်နေကြောင်း ကုန်သည်များထံမှ သိရသည်။

တရုတ်ဖိအားကြောင့် လားရှိုးမြို့ကို စစ်ကော်မရှင်ထံ ယမန်နှစ် ၂၀၂၅ ဧပြီလတွင် ပြန်လည်လွှဲပြောင်းခဲ့ပြီးနောက် MNDAA နှင့် စစ်ကော်မရှင်တပ်အကြား လားရှိုးမြို့ပေါ်တွင် ပုံမှန်တွေ့ဆုံဆွေးနွေးမှု မကြာခဏ ပြုလုပ်လေ့ရှိသော်လည်း နှစ်ဘက်စလုံးမှ တစုံတရာ သတင်းထုတ်ပြန်ခြင်း မရှိပေ။

လက်ရှိတွင် စစ်ကော်မရှင်ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ် ရပ်ကွက်များတွင် စစ်မှုထမ်းတပ်သားသစ် ခေါ်ယူရန် ရပ်ကွက်အတွင်း လူဦးရေစာရင်း ပြန်လည်ကောက်ယူနေပြီး MNDAA ထိန်းချုပ်ထားသည့် လားရှိုး-မိုင်းရယ်ကြား ကျေးရွာများတွင်လည်း MNDAA ဘက်မှ တပ်သားသစ် အတင်းအကြပ် စုဆောင်းနေကြောင်း ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုး ရေကြီး၊ နေအိမ်နှင့် လယ်များ ရေနစ်မြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ်တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နမ့်ယောင်ချောင်းရေ မြင့်တက်ကာ နေအိမ်များ နှင့် လယ်ကွက်များ ရေနစ်မြှုပ်နေကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လားရှိုးမြို့နယ် နမ့်ယောင်ချောင်းရေ မြင့်တက်လာကာ လားရှိုးမြို့ရှိ ရပ်ကွက် (၁၂)၊ ရပ်ကွက် (၅) နှင့် ခေးခမ်းကျေးရွာဘက်ရှိ...

ကျားဖြန့်သမားများကို တိုက်ဖျက် ဖမ်းဆီးသော်လည်း ဆက်လက် ကြီးထွားနေဆဲ

0
သျှမ်းပြည်အတွင်းရှိ စစ်ကော်မရှင် အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်ပေါင်းစုံတို့သည် အွန်လိုင် ငွေလိမ်လည်မှု (ကျားဖြန့် )တိုက်ဖျက်မှုကို ပြုလုပ်သွားမည်ဟု ကြွေးကြော်နေသော်လည်း လက်ရှိအချိန်ထိ ဆက်လက် ကြီးထွား နေသေးကြောင်း စုံစမ်းသိရသည်။ ယမန့်နေ့( သြဂုတ် ၄)ရက် တွင် သျှမ်းပြည် တောင်ပိုင်း နမ့်စန်မြို့နယ် နမ့်လစ်ကျေးရွာအုပ်စု နားရိုင်းရွာသစ် ကျေးရွာ၏...

စစ်တပ်ထိန်းချုပ် လားရှိုး ခိုးဆိုးလုယက် များလာ၊ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရ

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့အတွင်း စစ်ကော်မရှင်တပ် ထိန်းချုပ်လာပြီးနောက်ပိုင်း ခိုးဆိုးလုယက်မှု နေ့စဉ်ဆက်တိုက်ဖြစ်လာပြီး၊ ဒေသခံများ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရကြောင်း သတင်းရရှိသည်။ လက်ရှိတွင် လားရှိုးမြိုတွင် ခိုးဆိုးလုယက်မှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် ဒေသခံများ အနေဖြင့် တယောက်ထဲ သွားလာရန် စိုးရိမ်နေရပြီး၊ ဒေသခံများကို ကိုယ်ထူကိုယ်ထ ဖမ်းဆီးမှုပြုလုပ်နေရကြောင်း လားရှိုးမြို့...

KIA ထိန်းချုပ် မဘိမ်းမြို့နယ်ထဲ စစ်တပ်လေကြောင်းဗုံးကြဲ

0
သျှမ်းပြည်မြောက်ပိုင်း မဘိမ်းမြို့ပေါ်နှင့် ဘဟဲကျေးရွာတို့ကို စစ်တပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် လူထိခိုက်မှုရှိကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၃၀ ရက်) ညနေ ၃ နာရီခွဲကျော်တွင် ကချင်လွတ်လပ်ရေးတပ် KIA ထိန်းချုပ်ထားသည့် မဘိမ်းမြို့ပေါ် ရဲစခန်း နေရာဟောင်းနှင့် ဘဟဲကျေးရွာတို့ကို စစ်တပ်က လေကြောင်းမှ Yak-130...

မိုင်းရှူးမြို့တွင်း ပေါ်တာဆွဲသတင်းကြောင့် ဒေသခံ စိုးရိမ်မှုဖြစ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုင်းရှူးမြို့တွင် စစ်ကော်မရှင်တပ်က ပြည်သူ့စစ်မှုထမ်းရန် ပေါ်တာဆွဲခံနေရဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြကြောင်း သတင်းရရှိသည်။ လက်ရှိ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း မိုင်းရှူးမြို့တွင် စစ်ကော်မရှင်တပ်၏ ပြည်သူ့စစ်မှုထမ်း ကိစ္စနှင့် ပတ်သက်၍ အမည်စာရင်းတွင် ပါဝင်နေသူများအနေဖြင့် ပေါ်တာဆွဲ ဖမ်းဆီးခံနေရသည်ဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြ‌ရကြောင်း...