မူဆယ်တွင် ယာဉ်ထိန်းရဲနှင့် ၎င်းလက်ဝေခံများ ပိုက်ဆံတောင်းကြမ်း

သျှမ်းပြည် မူဆယ်မြို့တွင် စစ်ကော်မရှင်လက်အောက်ခံ ယာဉ်ထိန်းရဲများနှင့် ၎င်းလက်ဝေခံ အပေါင်းအပါများ ငွေတောင်းကြမ်းနေကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ၂၀၂၅ ဒီဇင်ဘာလမှ စပြီး မြန်မာ – တရုတ်နယ်စပ် မူဆယ်မြို့ရှိ ဆင်ဖြူဂိတ်တွင် စစ်ကော်မရှင်လက်အောက်ခံ ယာဉ်ထိန်းရဲများနှင့် ၎င်းတို့ လက်ဝေခံ အပေါင်းအပါများ ငွေတောင်းကြမ်းနေကြောင်းကို မူဆယ်မြို့နေ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် ကုန်သည် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူတို့က တရုတ်ဘက်ကနေ ဝင်လာတဲ့ ကားတွေကို ပိုက်ဆံတောင်းနေတာ။ တရုတ်ကားလည်း တောင်းတာပဲ၊ မြန်မာနိုင်ငံက ကားလည်း တောင်းတာပဲ။ ကျမတို့ကားဆို အဝင်အထွက် နေ့တိုင်း ပေးနေရတာ၊ ဘာမှ မစစ်ဘူး ကားအကြီးအသေး မရွေး ကောက်တယ်။ ကားအလွတ်ဖြစ်ဖြစ်၊ ကုန်ပစ္စည်း ပါတာဖြစ်ဖြစ် အကုန်ကောက်တာ”ဟု မူဆယ်မြို့နေ ကိုယ်တိုင်ကြုံတွေ့နေရသည့် ကုန်သည်အမျိုးသမီးတစ်ဦးက ပြောသည်။

ထိုဆင်ဖြူနယ်စပ်ဂိတ်တွင် ယာဉ်ထိန်းရဲများက ၎င်း၏ လက်ဝေခံ အပေါင်းအပါများကို ယူနီဖောင်း ပေးဝတ်ကာ ငွေကောက်ခိုင်းခြင်းများ ရှိနေကြောင်း အသက် ၃၅ နှစ်အရွယ် မူဆယ်မြို့နေ တပိုင်တနိုင် ကုန်ကူးနေသည့် အမျိုးသမီးတစ်ဉီးက ပြောသည်။

“အပြင်လူတွေကို ယူနီဖောင်း ပေးဝတ်၊ ဝေါကီတော်ကီတွေ ပေးကိုင်ထားပြီး ခြိမ်းခြောက် ငွေကောက်တာ။ ငွေမပေးရင် ဖမ်းမယ်၊ ဆီးမယ်ဆိုပြီး ခြိမ်းခြောက်တာတွေကလည်း လုပ်တယ်။ တခါတလေ ၁၀ ယွမ်၊ ၂၀ ယွမ်။ တစ်ရက်နဲ့ တစ်ရက် မတူဘူး နေ့တိုင်းပေးရတာ”ဟု မူဆယ်မြို့နေ ကိုယ်တိုင်ကြုံတွေ့နေရသည့် အဆိုပါ အမျိုးသမီးက ပြောသည်။

အဆိုပါ ယာဉ်ထိန်းရဲများမှ နေ့စဉ်နီးပါး ငွေတောင်းကြမ်းနေခြင်းကြောင့် ကုန်စည်သယ်ဆောင်နေသည့် ပြည်သူများအတွက် အခက်အခဲများ ဖြစ်စေကြောင်း ၎င်းအမျိုးသမီးက ဆက်ပြောသည်။

“ကျမတို့ သျှမ်းပြည်ကလူတွေ ဟိုဘက်ကနေ ကုန်ပစ္စည်းလေးတွေ သယ်လာရင် တစ်ခေါက်ကို မြန်မာငွေ ၁ သောင်း၊ ၂ သောင်းလောက်ပဲ ကျန်တာ။ အဲ့ဒါကို သူတို့ကို ပေးရတော့ မိသားစု စားဝတ်နေရေးတောင် မလောက်ငှဘူး။ နေ့တိုင်းလိုလို ဖြစ်နေတာပါ၊ တချို့တွေက မနက်ကတည်းက စောင့်နေတာ ပစ္စည်သယ်ဖို့”ဟု အဆိုပါ အမျိုးသမီးက ထပ်လောင်းပြောသည်။

သျှမ်းသံတော်ဆင့်မှ လက်ခံရရှိထားသည့် တိုင်ကြားစာတစ်ခုတွင် မူဆယ်မြို့နယ်ရှိ မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ဂိတ်ဖြစ်သည့် ဆင်ဖြူဂိတ်တွင် သက်သေခံကတ် တာဝန်ပေးအပ်မှု အမိန့် တစုံတရာ မရှိ၊ တရားဝင် ခွင့်ပြုချက် မရှိဘဲ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် အယောင်ဆောင်ကာ ငွေကောက်ခံနေသည့်အကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် ကုန်သည်များမှ ရေးသားထားသည်။

မူဆယ်မြို့ရှိ ဆင်ဖြူနယ်စပ်ဂိတ်တွင် စစ်ကော်မရှင်လက်အောက်ခံ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့၊ ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးဌာန၊ အကောက်ခွန်ဦးစီးဌာနနှင့် ယာဉ်ထိန်းရဲ စသည့် ဌာနဆိုင်ရာများ ပူးပေါင်းစစ်ဆေးရေးအဖွဲ့တို့ကလည်း တရုတ်နိုင်ငံဘက်မှ မြန်မာနိုင်ငံအတွင်းတို့ ပစ္စည်းတင်သွင်းလာသည့် ကားများကို ငွေကောက်ခံမှုရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်မြို့ ငါးပစ်ဂိမ်းဆိုင်တွင် ပစ်ခတ်မှုဖြစ်၊ အမျိုးသားတဦး သေဆုံး

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ ဟိုနားနယ်မြေအတွင်းရှိ ငါးပစ်ဂိမ်းဆိုင်တခုတွင်  ယနေ့ (ဇူလိုင် ၃၀)ရက် မနက် ၁၁နာရီဝန်းကျင်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ အဆိုပါ ဖြစ်စဉ်သည် ယနေ့ (ဇူလိုင်လ ၃၀ ရက်) မနက် ၁၁ နာရီဝန်းကျင် မူဆယ်မြို့ ဟိုနားနယ်မြေ ကောင်းမူတုံရပ်ကွက်ရှိ ငါးပစ်ဂိမ်းဆိုင်...

မူးယစ်သားကောင်ဘဝမှ လူငယ်ပြုစုပျိုးထောင်သူ ဘဝအဖြစ်ရောက်ရှိလာ

0
ကမ္ဘာ့အကြီးဆုံး စိတ်ကြွရူးသွပ်ဆေးပြား ထုတ်လုပ်ရာ နိုင်ငံ အဖြစ် မြန်မာနိုင်ငံရောက်ရှိနေကြောင်း  ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) က ၂၀၂၆ ခုနှစ် အစီရင်ခံစာတွင် ထုတ်ပြန်လိုက်သည်။ နိုင်ငံတွင်း ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိက္ခများကြောင့် သျှမ်းပြည်သည် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုဂိုဏ်းများ၏ ဗဟိုချက်ဖြစ်လာပြီး မူးယစ်ဆေးဝါး ထုတ်လုပ်မှုမှာ အွန်လိုင်းငွေလိမ်လည်မှု လုပ်ငန်းများနှင့်ပါ စနစ်တကျ...

မူဆယ်တွင် တရုတ်နိုင်ငံသား ၁၇ ဦးအပါအဝင် ကျားဖြန့်လုပ်ကိုင်သူ ၅၅ ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည် မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်သည့် တရုတ်နိုင်ငံသား (၁၇) ဦး အပါအဝင် (၅၅) ဦး ဖမ်းဆီးရမိခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (ဇူလိုင်လ ၂၅ ရက်) နံနက် ၁၀ နာရီခွဲခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက် စွမ်စော်(၂)လမ်းရှိ နေအိမ်(၂) လုံးကို စစ်တပ်လက်အောက်ခံ...

မူဆယ် KTV များတွင် မူးယစ်ဆေးကြောင့် လူငယ်များ ဆက်တိုက်သေဆုံး၊ တရုတ်ဘက်ကပါ ဆေးကုသခွင့် ပိတ်ပင်

0
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ရှိ KTV များတွင် မူးယစ်ဆေးဝါး အလွန်အကျွံသုံးစွဲခြင်းကြောင့် လူငယ်များ သေဆုံးမှု ဆက်တိုက်ဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။ မူးယစ်ဆေး သောက်သုံးပြီး စိုးရိမ်ရသည့် အရေးပေါ်လူနာများကိုလည်း တရုတ်နိုင်ငံဘက်သို့ ဆေးကုသရန် သွားရောက်ခွင့် ပိတ်ပင်ခံနေရကြောင်း ဒေသတွင်း လူမှုကယ်ဆယ်ရေးအသင်းက ပြောသည်။ ယမန်နေ့ (ဇူလိုင် ၂၄ ရက်) နံနက်ပိုင်းက...

မူဆယ်-နမ့်ခမ်း မြစ်ဘေးရှိ ရပ်ကွက်များနှင့် လယ်ယာ၊ စိုက်ပျိုးမြေများ ရေမြှုပ်

0
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ နှင့် နမ့်ခမ်းမြို့ ရွှေလီမြစ်ဘေးနေထိုင်သည့် ပြည်သူများ၏ နေအိမ်နှင့် လယ်ယာများ ရေမြှုပ်နေကြောင်း သတင်းရရှိသည်။​ ဇူလိုင်လ တတိယပတ်အတွင်း သျှမ်းပြည် မြောက်ပိုင်း နှင့် တရုတ်နိုင်ငံအတွင်း မိုးအဆက်မပြတ်ရွာ သွန်းမှုအပြင် တရုတ်နိုင်ငံမှ ရေကာတာ ရေထုတ်လွှတ်မှုကြောင့် ရွှေလီမြစ်ရေမှာ ရက်ပိုင်း ရေမြင့်တက်လာခြင်းဖြစ်ကြောင်း မူဆယ်မြို့ဒေသခံအမျိုးသားတစ်ဦးက...