လားရှိုး ရွှေတူးသည့် MNDAA ကို ဆန္ဒပြသူ ၃၆ဦး ဖမ်းဆီးခံရ၊ ၉ဦးပြန်မလွတ်သေး

သျှမ်းပြည် လားရှိုးမြို့နယ် မန်စယ်ကျေးရွာအုပ်စုရှိ ဒေသခံလယ်မြေတွင် ရွှေတူးဖော်နေသည့် ကိုးကန့်တပ်ဖွဲ့ (MNDAA) ကို ဆန္ဒပြသူ (၃၆) ဦး သိန္နီမြို့ဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားခံရပြီး (၉) ဦးမှာ ပြန်မလွတ်သေးကြောင်း စုံစမ်းသိရသည်။

ဇန်နဝါရီ လလယ်ခန့်မှ စတင်ပြီး လားရှိုးမြို့နယ် နမ့်ပေါင်တိုက်နယ် မန်စယ်ကျေးရွာအုပ်စုရှိ လယ်မြေများကို ဒေသခံသဘောတူညီမှု မရှိဘဲ ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ အတင်းအဓမ္မ သိမ်းယူ၍ ရွှေတူးဖော်နေခြင်းကြောင့် ရွာသားများမှ ဖေဖော်ဝါရီလ (၁) ရက် နံနက်ပိုင်းတွင် MNDAA တာဝန်ရှိသူများကို ဆန္ဒပြခဲ့ကြသည်။

အဆိုပါ MNDAA ရွှေတူးဖော်မှုကို ကန့်ကွက်ဆန္ဒပြခဲ့သည့် ရွာသား (၃၆) ဦးကို ကိုးကန့်တပ်သားများမှ ဖေဖော်ဝါရီလ (၁) ရက် ညနေပိုင်းတွင် သိန္နီမြို့ဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ဦးဆောင်ဆန္ဒပြသူနှင့် နောက်ကွယ်မှ စည်းရုံးလှုံ့ဆော်သူများကို ရှာဖွေရန် ရိုက်နှက်စစ်ဆေး မေးမြန်းခဲ့ကြောင်း ဖြစ်စဉ်သိရှိသူ နမ့်ပေါင်ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဆန္ဒပြ သွားတဲ့လူထဲက ၃၆ ယောက်ကို ကိုးကန့်ဘက်က သိန္နီဘက် ဖမ်းခေါ်သွားတယ်။ မနေ့က ရွာဥက္ကဋ္ဌနဲ့ ရပ်မိရပ်ဖတွေ သိန္နီတက်သွားပြီး ညှိညှိနှိုင်းနှိုင်း ပြောပြီးတော့ ၂၇ ယောက် ပြန်လွတ်လာတယ်၊ ကိုးကန့်ဘက်က မလွှတ်ပေးတာ ၉ ယောက်တော့ ကျန်တယ်။ အဲ့ဒီကျန်တဲ့ ၉ ယောက်ကို ရိုက်နှက်ပြီးတော့ ဘယ်သူက ဆန္ဒပြဖို့ ဦးဆောင်လဲ ဆိုတာ စစ်နေတယ်လို့ ကြားတယ်” ဟု နမ့်ပေါင်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိတွင် သိန္နီမြို့ဘက် ဖမ်းဆီးခေါ်ဆောင်သွားခံရသည့် ဆန္ဒပြသူ (၃၆) ဦးထဲမှ (၂၇) ဦး ပြန်လည်လွတ်မြောက်လာခဲ့သည်။​

သို့သော်လည်း MNDAA က ဆန္ဒပြသူ ၉ဉီးကို ဆက်လက်ဖမ်းဆီးထားပြီး ရိုက်နှက်စစ်ဆေးခံထားရသဖြင့် ကျန်းမာရေးစိုးရိမ်နေရကြောင်း လားရှိုး ဒေသခံများထံသိရသည်။

ထို့အပြင် ယမန်နေ့ (ဖေဖော်ဝါရီလ ၂ ရက်) နံနက်ပိုင်း ၁၀ နာရီခွဲမှ မွန်းလွဲ ၁ နာရီအထိ MNDAA ဘက်မှ မန်စယ်ကျေးရွာ အဝင်အထွက်လမ်းများကို ပိတ်ဆို့ကာ ရွှေတူးဖော်မှုကို ဆန္ဒပြရန် ဦးဆောင်ခဲ့သူနှင့် နောက်ကွယ်မှ စည်းရုံးလှုံ့ဆော်သူများကို ကျေးရွာအတွင်း ပိုက်စိပ်တိုက် ထပ်မံရှာဖွေခဲ့ကြောင်း နမ့်ပေါင်ဒေသခံများက ပြောသည်။

“မနေ့က မနက်ပိုင်းမှာ မန်စယ်ရွာက လူငယ်ခေါင်းဆောင် ၂ ယောက်ကို ကိုးကန့်စစ်သားတွေ ထပ်လာရှာတယ်။ ရွာထဲဝင်တဲ့ လမ်းတွေကို အကုန်ပိတ်ပြီး ရှာတာတောင် မတွေ့ဘူးလို့ ပြောတယ်။ အဲ့တာကြောင့် သူတို့(MNDAA) ဖမ်းထားပြီး ပြန်မလွှတ်သေးတဲ့ ရွာသား ၉ ယောက်အတွက် စိုးရိမ်ရတယ်” ဟု ဖြစ်စဉ်သိရှိသူ နမ့်ပေါင်ဒေသခံ အဆိုပါအမျိုးသားက ဆက်ပြောသည်။

အလားတူ MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့နယ်တွင်လည်း တရုတ်လောပန်းများ တစ်သျှူးငှက်ပျော စိုက်ပျိုးရန်အတွက် မိုင်းလီကျေးရွာအုပ်စုရှိ လယ်ယာမြေများကို ဒေသခံ သဘောတူညီမှု မရှိဘဲ MNDAA ဘက်မှ ဇန်နဝါရီလအတွင်း အတင်းအဓမ္မ သိမ်းယူခဲ့သည်။

ထို့နောက် တရုတ်လောပန်းများမှ မြေကော်ကားများ၊ ချိန်းဆောများဖြင့် သစ်ပင်ခုတ်ခြင်း၊ မြေပြုပြင်ခြင်းများ ပြုလုပ်နေပြီး ဇန်နဝါရီလ (၂၉) ရက်တွင် ဒေသခံများမှ သွားရောက်ကန့်ကွက်ခဲ့သော်လည်း အစိုးရအဆက်ဆက် မြေသိမ်းသကဲ့သို့ သိန္နီမြို့ကို ထိန်းချုပ်ထားသည့် MNDAA လည်း ထိုသို့ လုပ်ပိုင်ခွင့်ရှိကြောင်း ပြန်လည်ငြင်းဆိုခဲ့သည်ဟု ဒေသခံများက ပြောဆိုသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ (၂၉) ရက်တွင်လည်း သီပေါမြို့နယ် ပန်မြိုင်းကျေးရွာအနီးတွင် စစ်ဆေးရေးဂိတ် ဖွင့်လှစ်ထားသည့် MNDAA တပ်ဖွဲ့သည် တောင်ယာတဲ အိပ်စောင့်ရန်သွားသော အသက် (၆၃) နှစ်အရွယ် အမျိုးသားတစ်ဦးကို အသက်သေဆုံးသည်အထိ စစ်ဆေးရိုက်နှက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“၁၀၂၇ စစ်ဆင်ရေး”တွင် စစ်ကော်မရှင်တပ်ကို တိုက်ခိုက်ခဲ့သော်လည်း လက်ရှိတွင် အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးထားသည့် TNLA နှင့် MNDAA တပ်တို့သည် ၎င်းတို့ ထိန်းချုပ်ထားနိုင်သည့် နယ်မြေများထဲ သယံဇာတများကို အထိန်းအကွပ်မရှိ အလွန်အကျွံ တူးဖော်နေခြင်းကြောင့် ရေအရင်းအမြစ်နှင့် သဘာဝပတ်ဝန်းကျင် ဆိုးဆိုးရွားရွား ထိခိုက်လာကြောင်း ဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုး ရေကြီး၊ နေအိမ်နှင့် လယ်များ ရေနစ်မြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ်တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နမ့်ယောင်ချောင်းရေ မြင့်တက်ကာ နေအိမ်များ နှင့် လယ်ကွက်များ ရေနစ်မြှုပ်နေကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လားရှိုးမြို့နယ် နမ့်ယောင်ချောင်းရေ မြင့်တက်လာကာ လားရှိုးမြို့ရှိ ရပ်ကွက် (၁၂)၊ ရပ်ကွက် (၅) နှင့် ခေးခမ်းကျေးရွာဘက်ရှိ...

နှစ်စဉ် ရေကြီး တောင်ပြိုသည့် ဟိုပုံးဒေသ သစ်ပင်စိုက်ရန် စစ်အစိုးရ တပင် ကျပ်လေးရာဖြင့်ရောင်းချနေ

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသတွင် နှစ်စဉ်ကြုံတွေ့နေရသည့် ရေကြီး၊ တောင်ပြိုမှုကို ကာကွယ်ရန်အတွက် စစ်အစိုးရ၏ လက်အောက်ခံ သစ်တောဉီးစီးဌာနက သစ်ပင် ပြန်စိုက်ရန် တစ်ပင်လျှင် ကျပ်ငွေလေးရာ(၄၀၀))ဖြင့် ရောင်းချနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ (၂၈) ရက်နေ့တွင် သစ်တောဦးစီးဌာနက ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသအတွက် ကော်ဖီပင် ပိုမိုစိုက်ပျိုးနိုင်ရန်နှင့်...

ရွာငံအတွင်း စစ်တပ် အင်းအားဖြည့် ဒေသခံများကို ဖမ်းဆီးရိုက်နှက်မှုရှိ 

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်  အတွင်းသို့ စစ်ကော်မရှင်တပ်သည့် နေ့စဉ် အင်အားဖြည့်တင်းနေပြီး၊ အရပ်သားဖမ်းဆီးရိုက်နှက်မှုများလည်း ဆက်တိုက်ကျူးလွန်နေကြောင်း စုံစမ်းသိရသည်။  နွားဘန်းကြီးကျေးရွာနှင့် ပွေးနဖားကျေးရွာဘက်တွင် စစ်ကော်မရှင်တပ်က အင်အား အလုံးရင်းဖြင့် စစ်ကြောင်းထိုးနေကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် ဇူလိုင်လ (၂၀) ရက်တွင်  ရွာငံမြို့နယ် ပွေးနဖားကျေးတွင် အမည်မသိ လက်နက်ကိုင် အဖွဲ့မှ ဦးဇင်းတစ်ပါးကို စစ်ဆေးမေးမြန်း စရာရှိသည်ဟု...

စစ်တပ်ထိန်းချုပ် လားရှိုး ခိုးဆိုးလုယက် များလာ၊ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရ

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့အတွင်း စစ်ကော်မရှင်တပ် ထိန်းချုပ်လာပြီးနောက်ပိုင်း ခိုးဆိုးလုယက်မှု နေ့စဉ်ဆက်တိုက်ဖြစ်လာပြီး၊ ဒေသခံများ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရကြောင်း သတင်းရရှိသည်။ လက်ရှိတွင် လားရှိုးမြိုတွင် ခိုးဆိုးလုယက်မှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် ဒေသခံများ အနေဖြင့် တယောက်ထဲ သွားလာရန် စိုးရိမ်နေရပြီး၊ ဒေသခံများကို ကိုယ်ထူကိုယ်ထ ဖမ်းဆီးမှုပြုလုပ်နေရကြောင်း လားရှိုးမြို့...

သေဒဏ်ပေးနိုင်သည့် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေး ဥပဒေကြမ်းကို ရွေးတုလွှတ်တော် အတည်ပြု

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် ပေါ်ပေါက်လာသည့် ပြည်ထောင်စုလွှတ်တော်တွင် သေဒဏ်နှင့် တစ်သက်တစ်ကျွန်း ထောင်ဒဏ်အထိ ပြစ်ဒဏ်ချမှတ်နိုင်သည့် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းကို အတည်ပြုလိုက်ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၂၈ ရက်) တွင် ပြုလုပ်ခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် သဘောကွဲလွဲသည့် အွန်လိုင်းလိမ်လည်မှု...