Friday, January 30, 2026

CATEGORY

လူ့အခွင့်အရေး

TNLA ထိန်းချုပ် သီပေါနှင့် နမ္မတူကို သီတင်းကျွတ်လပြည့်နေ့မှာ စစ်ကော်မရှင် ဗုံးကြဲ

သျှမ်းပြည် သီပေါမြို့နှင့် နမ္မတူမြို့တို့ကို စစ်ကော်မရှင်တပ်က သီတင်းကျွတ်လပြည့်နေ့တွင် လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (အောက်တိုဘာလ ၆ ရက်) သီတင်းကျွတ်လပြည့်နေ့ နံနက် ၇ နာရီခွဲတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် သီပေါမြို့နှင့် နမ္မတူမြို့တို့ကို စစ်ကော်မရှင်တပ်က တပြိုင်တည်း လေကြောင်းဗုံးကြဲ...

နမ့်ဆန်ကို စစ်ကော်မရှင်တပ် ဗုံးကြဲ၊ ကလေး ၂ ဦးသေဆုံး ၉ ဦးဒဏ်ရာရ

တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားသော သျှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ် ဇယ်တုန်ဟုန်းကျေးရွာတွင် စစ်ကော်မရှင်တပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေး ၂ ဦးသေဆုံးပြီး ကလေးအပါအဝင် (၉) ဦး ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်သည်။ ယနေ့ အောက်တိုဘာလ ၄ ရက် မွန်းလွဲ...

ကွတ်ခိုင်မြို့ အသက် (၈) နှစ် မိန်းကလေးကို သတ်ခဲ့သည့် တရားခံများ ထွက်ပြေးလွတ်မြောက်နေဆဲ

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့တွင် အသက် (၈) နှစ်အရွယ်ရှိ မိန်းကလေးငယ်တစ်ဦးကို သတ်ဖြတ်ခဲ့သည့် တရားခံများ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ကြောင်း ဒေသခံများက ပြောသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၂ ရက် နေ့လယ် ၃ နာရီခွဲအချိန်က ကွတ်ခိုင်မြို့ ရပ်ကွက် (၈) တွင် နေထိုင်သော အသက် (၈)...

ရွေးကောက်ပွဲဥပဒေဖြင့် ဖမ်းဆီးခံရသူ ၆၄ ဦးရှိ

စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲကို နှောင့်ယှက်ဟန့်တားသည်ဟုဆိုကာ စက်တင်ဘာလ ၃၀ ရက်အထိ အမူ ၂၄ မူနှင့် ပြည်သူ ၆၄ ဦးကို အဖွင့်အရေးယူထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ပြောသည်။ ယမန်နေ့ အောက်တိုဘာလ ၃ ရက်နေ့က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်...

ထိုင်းနိုင်ငံ လိင်လုပ်ငန်းတစ်ခုတွင် အသက်မပြည့်သေးသည့် မြန်မာမိန်းကလေးတစ်ဦးအပါ မိန်းကလေး ၃ ဦးကို ကယ်ထုတ်နိုင်

ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်ရှိ လိင်လုပ်ငန်းတစ်ခုတွင် အသက် ၁၅ နှစ်အရွယ် မြန်မာကလေးတစ်ဦးအပါအဝင် မိန်းကလေး ၃ ဦးကို ထိုင်းအာဏာပိုင်များက ကယ်ထိုင်နိုင်ခဲ့ကြောင်း ထိုင်းသတင်းဌာနတွင် ဖော်ပြသည်။ ချင်းရိုင်တွင် ကလေးငယ်များကို လိင်လုပ်ငန်းများတွင် အတင်းအဓမ္မခိုင်းစေနေကြောင်း လူထုက သတင်းပေးပို့ခဲ့ပြီးနောက် ချင်းရိုင်မြို့တော်ဝန်မှ အောက်တိုဘာလ ၂ ရက်တွင် တရားမဝင်...

မြန်မာ့လူငယ်များ၏ “အနာဂတ် ရပ်တန့်ခံ” နေရကြောင်း UNDP က အသိပေး

မြန်မာနိုင်ငံရှိ လူငယ်များသည် ပညာရေးနှင့် အလုပ်အကိုင် အကျဉ်အတည်း ပိုမို နက်ရှိုင်းလာသောကြောင့် ၎င်းတို့၏ “ အနာဂတ် ရပ်တန့်ခံ” နေရကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) က အောက်တိုဘာ ၂ ရက်စွဲဖြင့် အသိပေးထုတ်ပြန်လိုက်သည်။ မြန်မာနိုင်ငံ လူဦးရေ၏ သုံးပုံတစ်ပုံကျော်ဖြစ်သော လူငယ်များသည် မကြုံစဖူးသော...

ဖယ်ခုံ နေရပ်ပြန် စစ်ရှောင်များ မြေမြှုပ်မိုင်းကြောင့် လယ်ယာလုပ်ရန် အခက်အခဲဖြစ်နေ

သျှမ်း-ကယားနယ်စပ် ဖယ်ခုံမြို့နယ် နားဟီးရွာ နေရပ်ပြန်စစ်ဘေးရှောင်များသည် မြေမြှုပ်မိုင်းများကြောင့် လယ်ယာလုပ်ငန်းလုပ်ကိုင်ရန် အခက်ခဲဖြစ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၅ ဇွန်လဆန်းပိုင်း မှ စတင်ပြီး ဇူလိုင်လအထိ စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO ပူးပေါင်းတပ်ဖွဲ့က ဖယ်ခုံမြို့နယ် နှင့် မိုးဗြဲမြို့ တကျော့ ပြန်လည် ထိန်းချုပ်နိုင်ရန် တော်လှန်ရေး...

PNOတပ်သားကို စစ်ကော်မရှင်တပ်သားများက အုပ်စုဖွဲ့ဝိုင်းရိုက်

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် ပအိုဝ်းပြည်သူ့စစ် PNOတပ်သားတစ်ဦး ကို စစ်ကော်မရှင် တပ်သားများက အုပ်စုဖွဲ့ ဝိုင်းရိုက်ခဲ့ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် စက်တင်ဘာလ (၃၀)ရက်နေ့ ညတွင် အသက် ၃၀ ကျော်အရွယ် PNO တပ်ဖွဲ့ဝင်တစ်ဦးမှ တောင်ကြီးမြို့ထဲသို့ ဆိုင်ကယ်ဖြတ်မောင်းစဉ် စစ်ကော်မရှင် တပ်သား အယောက်...

နမ္မတူမြို့ပေါ် စစ်တပ် လေကြောင်းဗုံးကြဲ စစ်ဘေးရှောင် ၄ ဦးသေဆုံး၊ ၅ ဦးထက်မနည်း ဒဏ်ရာရ

တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားသည့် နမ္မတူမြို့ပေါ်ကို စစ်ကော်မရှင်တပ်က ယနေ့ (အောက်တိုဘာ ) ၂ရက် မနက် ၇နာရီဝန်းကျင်တွင်လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ဘေးရှောင် ၄ ဉီးသေဆုံးခဲ့ပြီး၊ ၅ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် ယနေ့ မနက် ၇နာရီခွဲတွင် လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်မှုကြောင့် နမ္မတူမြို့ပေါ်...

ကျောက်မဲ စာသင်ကျောင်းထဲတပ်စွဲသည့် TNLA ကို ထွက်ခွာပေးရန် ဒေသခံများ တောင်းဆိုခဲ့ပြီး ဂိတ်ကိုဖယ်ရှား

သျှမ်းပြည် ကျောက်မဲမြို့နယ် မိုင်းတင်းကျေးရွာအုပ်စုရှိ စာသင်ကျောင်းထဲ ဝင်ရောက်တပ်စွဲခဲ့သည့် TNLA တပ်သားများကို ပြန်လည်ထွက်ခွာပေးရန် ဒေသခံများ ဆန္ဒပြတောင်းဆိုခဲ့ပြီး စစ်ဆေးရေးဂိတ်ကိုလည်း ဖယ်ရှားလိုက်ကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ (၂၈) ရက် နံနက် ၇ နာရီခန့်မှ စတင်ပြီး ကျောက်မဲမြို့နယ် မိုင်းတင်းကျေးရွာအုပ်စုရှိ သံဃာတော်နှင့် ပြည်သူ စုစုပေါင်း...

Latest news