မောက်မယ် စစ်ရှောင်နှစ်ဉီး စစ်တပ်လက်နက်ကြီးကျည် ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရ

သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် နားဟီးကျေးရွာဘက်တွင် စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO/PNA) တို့ ရမ်းသမ်းပစ်ခတ်သည့် လက်နက်ကြီးကြောင့် ကလေးငယ်တစ်ဉီးနှင့် အမျိုးသမီးတစ်ဉီး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ (၁၄)ရက်တွင် စစ်ကော်မရှင်တပ်နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNA တပ်တို့က မောက်မယ်မြို့နယ်ရှိ စစ်ဘေးရှောင်များ ခိုလှုံနေကြသည့် နားဟီးကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ အသက် (၄၀) နှစ်ဝန်းကျင် အမျိုးသမီးတစ်ဦးနှင့် အသက် ၁၀ နှစ်ဝန်းကျင် ကလေးတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

အဆိုပါ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခြင်းကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူများကို ဆေးကုပေးရန် နားဟီးကျေးရွာတွင် ဆေးပေးခန်းလည်း မရှိကြောင်း၊ နီးစပ်ရာ ကျေးရွာများသို့ သွားရောက် အကူအညီ တောင်းခံကာ ကုသနေရကြောင်း ဖြစ်စဉ်သိရှိသည့် အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စစ်ဖြစ်တဲ့ ရွာလည်း မဟုတ်ဘူး၊ အဲ့တာကို လက်နက်ကြီးနဲ့ ပစ်တော့ စစ်ရှောင်တွေ ထိတာပေါ့။ ဆေးကုဖို့ဆိုလည်း ရွာအဆင့်ဆင့် ဖြတ်ပြီးမှ ဆေးခန်းရောက်တာ။ အဲ့နေ့ကဆို အကုန် လန့်သွားကြတာ၊ နှစ်ဦးက ဒဏ်ရာတော်တော်ပြင်းတယ်”ဟု မောက်မယ်ဒေသခံ ၎င်းအမျိုးသားက ပြောသည်။

မောက်မယ်မြို့နယ်ရှိ နားဟီးကျေးရွာအတွင်း စစ်ဘေးရှောင် တစ်ထောင်ဝန်းကျင် ခိုလှုံနေပြီး လက်ရှိတွင် စားနပ်ရိက္ခာနှင့် ဆေးဝါး ခက်ခဲနေကြောင်း သိရသည်။

“နားဟီးရွာက နည်းနည်း ခေါင်တဲ့ထဲမှာ ပါတယ်။ ရေလည်း ရှား၊ လမ်းကလည်း မကောင်းဘူး၊ စစ်ဖြစ်တော့ သူတို့ ဘာမှ မပါဘဲ အမြန်ပြေးရတယ်။ အိပ်ဖို့လည်း မပါဘူး၊ သူတို့အတွက် စားနပ်ရိက္ခာတွေ လိုအပ်နေတယ်”ဟု ပအိုဝ်းလူငယ်အရေး တက်ကြွလှုပ်ရှားသူ အမျိုးသားတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁) ရက်နေ့မှ စတင်ပြီး စစ်ကော်မရှင်တပ်၊ PNA ပူးပေါင်းတပ်တို့က ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်တော် (PNLA) ဌာနချုပ်ရှိသည့် မောက်မယ်မြို့နယ်၊ ကဒူးကြီးဒေသ ဟံးဗွာကျေးရွာဘက်သို့ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ခဲ့သောကြောင့် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြသည်။

ထိုတိုက်ပွဲကြောင့် မောက်မယ်မြို့နယ်ရှိ ဟံးဗွာရွာ၊ နောင်ထောဝ်ရွာ၊ ဗန်းမက်ကျေးရွာမှ ပြည်သူ တစ်ထောင်ခန့် နားဟီးကျေးရွာနှင့် နီးစပ်ရာ ကျေးရွာများသို့ စစ်ဘေးတိမ်းရှောင်နေကြရသည်။

စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNA) ပူးပေါင်းတပ်နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) တပ်တို့ ယနေ့အထိ ထိတွေ့မှု ဆက်ရှိနေသေးကြောင်း ဒေသခံများထံမှ သိရှိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

တောင်ကြီးရောက် စစ်ဘေးရှောင်များ တစ်ပတ်တစ်ကြိမ် ဧည့်စာရင်းတိုင်ခ ပေးနေရ

0
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့သို့ တိမ်းရှောင်ရောက်ရှိလာသည့် စစ်ဘေးရှောင်များသည် တစ်ပတ်တစ်ခါ ဧည့်စာရင်း တိုင်ကြားနေရပြီး တစ်ကြိမ်လျှင် ကျပ်ငွေ သုံးထောင် (၃,၀၀၀) ပေးဆောင်နေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့သို့ တိမ်းရှောင်ရောက်ရှိနေသည့် စစ်ဘေးရှောင်များသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် စစ်ကော်မရှင်တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ လွိုင်ကော်မြို့တွင် ဖြစ်ပွားခဲ့သည့်...

ပင်းတယ ရောက် စစ်ရှောင်အချို့ ပြန်စရာ အိမ်မရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့သို့ လာရောက် စစ်ဘေးရှောင်နေသော သျှမ်းမြောက် စစ်ရှောင်အချို့ သည် ပြန်စရာအိမ်မရှိတော့သဖြင့် ယနေ့ထိတိုင် နေရပ်မပြန်နိုင်သေးကြောင်း သတင်းရရှိသည်? စစ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တောင်းပိုင် ဖယ်ခုံ၊ မိုးဗြဲ၊ပင်လောင်းမြို့နယ်နှင့် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ သီပေါ၊ လားရှိုးတို့တွင် စစ်ကော်မရှင်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့သည်။ ထို့အပြင် စစ်ကော်မရှင်တပ်သည့် အရပ်သားနေအိမ်ကိုဉီးတည်ပြီး...

ကဒူးကြီးဒေသ စစ်ရေးတင်းမာနေဆဲ၊ စစ်ရှောင်များ ကျန်းမာရေး အတွက်ခက်ခဲနေ

0
သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ကဒူးကြီးဒေသမှာ စစ်ရေးတင်းမာနေပြီး စစ်ရှောင်များအတွက် ကျန်းမာရေးနှင့် စားနပ်ရိက္ခာအခက်ခဲများ ရင်ဆိုင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ပထမပတ်တွင် ဖြစ်ပွားခဲ့သော စစ်ပွဲကြောင့် ဒေသခံ တစ်ထောင်ကျော် စစ်ဘေးရှောင်နေရပြီး ဆေးပေးခန်းများနှင့် စားသောက်ကုန်ထောက်ပံ့မှုများလည်းမရှိကြောင်း စစ်ရှောင်များကို ကူညီပေးနေသည့် အမျိုးသမီးတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “သူတို့စစ်ရှောင်တဲ့ နေရာဆို အရမ်းခေါင်တာ၊...

မိုးဗြဲအနောက်ခြမ်းကို စစ်တပ် စစ်ကြောင်းထိုး၊ စစ်ရှောင်များ သတိထားသွားလာရန် 

0
သျှမ်း - ကရင်နီ န​ယ်စပ် မိုးဗြဲမြို့အနောက်ဘက်ခြမ်းရှိ ကျေးရွာများကို စစ်ကောင်စီတပ် နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) တို့ အင်အားအလုံးအရင်းဖြင့်  စစ်ကြောင်းထိုးနေကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က ယမန်နေ့ ( ဖေဖော်ဝါရီလ ၂၅ ရက်)တွင် ထုတ်ပြန်ထားသည်။  ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ အနောက်ဘက်ခြမ်းရှိ လွယ်ယင်းမင်္ဂလာကျေးရွာ နှင့် လာမောက်ရွာဖက်ကို  စစ်ကောင်စီတပ်နှင့် PNO စစ်ကြောင်းထိုးမှုများရှိနေကြောင်းကို စစ်ရေးသတင်းအရင်းမြစ်တစ်ဦးက...