နမ့်ခမ်းမြို့တွင် လျှပ်စစ်မီတာခ အဆမတန် မြင့်တက်လာခြင်းကြောင့် ဒေသခံအခက်တွေ့

သျှမ်းပြည်မြောက်ပိုင်း TNLA ထိန်းချုပ်ထားသော နမ့်ခမ်းမြို့တွင် လျှပ်စစ်မီတာခ ပုံမှန်ထက် သုံးဆနီးပါးခန့် ကုန်ကျနေခြင်းကြောင့် ဒေသခံများ အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။

တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ပေါ် ရပ်ကွက်များတွင် ယခုနှစ် ဇန်နဝါရီလအတွက် လျှပ်စစ်မီတာခ နှုန်းထားများကို အမှန်တကယ် ကုန်ကျသင့်သည်ထက် သုံးဆနီးပါးခန့် ပိုမိုပေးဆောင်နေရခြင်းကြောင့် အခက်အခဲ ကြုံတွေ့နေရကြောင်း နမ့်ခမ်းဒေသခံများက ပြောသည်။

“အိမ်မှာ အရင်က မီတာခ တစ်သောင်းကျော်လောက်ပဲ ကျတာကနေ ရှေ့လက သုံးသောင်းလောက် တက်လာတယ်။ ဒီလကျတော့ ၇ သောင်းကျော် ဖြစ်သွားတော့ ဘာလို့ တက်သွားမှန်း နားမလည်ဘူး။ မီတာ ဖတ်တဲ့လူကလည်း အရင်လူဟောင်းပဲ၊ ဘာအကြောင်းပြချက်မှ မရှိဘဲနဲ့ မီးလခ တက်တော့ ပြည်သူက ဘာပြောရမှန်းတောင် မသိတော့ဘူး” ဟု နမ့်ခမ်းဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

TNLA လက်အောက်ရှိ မြို့နယ်လျှပ်စစ်မီးဌာနမှ နမ့်ခမ်းမြို့တွင် ကောက်ခံသည့် လျှပ်စစ်မီတာခ နှုန်းထားများသည် လျှပ်စစ်မီတာ ၁ ယူနစ်မှ ၅၀ ယူနစ်အထိ ၅၀ ကျပ်၊ ၅၁ ယူနစ်မှ ၁၀၀ ယူနစ်အထိ ၁၀၀ ကျပ်၊ ၁၀၁ ယူနစ်မှ ၂၀၀ ယူနစ်အထိ ၂၀၀ ကျပ် ကျသင့်သော်လည်း လက်ရှိတွင် လျှပ်စစ်မီတာ ယူနစ်များကို ၂၀၁ ယူနစ် အထက်ဖြစ်အောင် တိုးရေးပြီး ၁ ယူနစ်လျှင် ၃၀၀ ကျပ် ပေးဆောင်နေရသူ များပြားကြောင်း သိရသည်။

“ပုံမှန် ထမင်းချက် ရေနွေးတည် အဲ့လောက်ပဲသုံးတာ တစ်လကို ၂ သောင်းကျော်လောက် ပေးရတယ်။ ဒီလကျတော့ နှစ်ဆကျော် တက်သွားပြီး ငါးသောင်းကျော် ဖြစ်သွားတာ။ အခုက ကုမ္ပဏီဘက် ဖြစ်တာလား TNLA ဘက်က ဖြစ်တာလား နားမလည်ဘူး၊ လျှပ်စစ်ရုံး သွားပြောရင်လည်း မီးသုံးလို့ ဒီလောက်ကုန်တာလို့ ပြန်ပြောတာ။ အိမ်တိုင်းလိုလို မီတာခ ပိုကုန်လို့ သံသယဝင်နေတယ်” ဟု နမ့်ခမ်းမြို့မှ အဆိုပါဒေသခံ အမျိုးသမီးက ဆက်ပြောသည်။

လက်ရှိ နမ့်ခမ်းမြို့တွင် TNLA ဖြန့်ဖြူးပေးနေသည့် လျှပ်စစ်မီးကို ရပ်ကွက်/ ကျေးရွာတိုင်းနီးပါး မီတာခ ဈေးနှုန်းအဆမတန် ပေးဆောင်နေရခြင်းကြောင့် လျှပ်စစ်မီတာဘောက်စ်များကို နည်းပညာပိုင်း ပြန်လည်စစ်ဆေးရန် ဒေသခံများက တောင်းဆိုနေကြသည်။

ယမန်နှစ် ၂၀၂၅ ဇူလိုင်လတွင်လည်း နမ့်ခမ်းမြို့ပေါ် ရပ်ကွက်များရှိ နေအိမ်များထံ TNLA လက်အောက်ခံ ဝန်ထမ်းများမှ လျှပ်စစ်မီတာ ယူနစ်များကို အမှန်တကယ် ကုန်ကျသည်ထက် တိုးရေးခဲ့ပြီး ငွေကြေးပိုမိုကောက်ခံခဲ့ခြင်းကြောင့် အခက်အခဲ ကြုံတွေ့ခဲ့ရကြောင်း ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်းတွင် ရေကြီးမှုကြောင့် လမ်းများ ရွှံ့ဖုံးနေ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့တွင် တောင်ကျရေကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ ရေကြီးရေလျှံမှုသည် ယမန်နေ့ (ဩဂုတ်လ ၃၀ ရက်)တွင် နမ့်ခမ်းမြို့ ပန်ပွဲ၊ ပေါက်လုံရပ်ကွက်၊ ပေါက်နေရပ်ကွက် နှင့် ဖောင်ရပ်ကွက်(ဖောင်ချောင်း)တို့၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တောင်ကျရေ ရုတ်တရက် ကျဆင်းလာမှုတို့ကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း နမ့်ခမ်းမြို့နယ်ဒေသခံ...

မူဆယ်-နမ့်ခမ်း လမ်းမပေါ် KIA တပ်သားက အမျိုးသားတဉီးကို သေနတ်ဖြင့်ပစ်

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) စစ်ဆေးရေးဂိတ်တွင် လုံခြုံရေး တာဝန်ယူထားသည့် တပ်သားတဉီးက ဒေသခံ အမျိုးသားတဦးကို သေနတ်ဖြင့် ပစ်ခဲ့ကြောင်း သတင်းရရှိသည်။  ယနေ့ (ဩဂုတ်လ ၁၈ ရက်) မနက် ၁၀ နာရီခွဲဝန်းကျင်တွင်  မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ် နမ့်လျှန်ကျေးရွာအနီးရှိ   (KIA) စစ်ဆေးရေးဂိတ်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

မူဆယ်-နမ့်ခမ်း မြစ်ဘေးရှိ ရပ်ကွက်များနှင့် လယ်ယာ၊ စိုက်ပျိုးမြေများ ရေမြှုပ်

0
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ နှင့် နမ့်ခမ်းမြို့ ရွှေလီမြစ်ဘေးနေထိုင်သည့် ပြည်သူများ၏ နေအိမ်နှင့် လယ်ယာများ ရေမြှုပ်နေကြောင်း သတင်းရရှိသည်။​ ဇူလိုင်လ တတိယပတ်အတွင်း သျှမ်းပြည် မြောက်ပိုင်း နှင့် တရုတ်နိုင်ငံအတွင်း မိုးအဆက်မပြတ်ရွာ သွန်းမှုအပြင် တရုတ်နိုင်ငံမှ ရေကာတာ ရေထုတ်လွှတ်မှုကြောင့် ရွှေလီမြစ်ရေမှာ ရက်ပိုင်း ရေမြင့်တက်လာခြင်းဖြစ်ကြောင်း မူဆယ်မြို့ဒေသခံအမျိုးသားတစ်ဦးက...